Tuesday, October 22, 2019

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ညမီးကြီး မီးပုံး အရေအတွက် တိုးမည်

Image may contain: 1 person, crowd

ယခုနှစ် နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်မည့် တောင်ကြိးမြို့၏ တန်ဆောင်တိုင်ပွဲတော်၏ ရိုးရာမီးပုံးပျံပွဲတော်တွင် ယခင်နှစ်က ထက် ညမီးကြိး အလုံးအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းကပြောသည်။

"မီးပုံအရေအတွက်က ပိုများလာမယ်။ ညမီးကြီး အရေအတွက် ပိုများလာမယ်။ အခု လက်ရှိကတော့ စာရင်းကောက်ယူနေဆဲဖြစ်ပါတယ်။မျိုးစက်သစ်လူငယ်များ မီးပုံးအဖွဲ့များတိုးလာတာတွေလည်းရှိတယ်။ အချို့ အဖွဲ့တွေကလည်း ထွက်တာတွေရှိတယ်”ဟု ဒေါက်တာ သန်းဝင်းကပြောသည်။
ယခုနှစ် ပြိုင်ပွဲဝင်မည့် မီးပုံးပျံစာရင်းများကိုတော့ အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၄ ရက်နေ့ အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ညမီးကြီးအတွက် မီးပုံးပျံယမ်းခွေများ ယမ်းပိသာချိန်ရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ဒီဂျစ်တယ် ကတ္တားအသုံးပြု၍ ပြောင်းလဲချိန်တွယ်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များက ယမ်းပိသာချိန်ရာတွင် ရိုးရိုးအလေးချိန်ဖြင့်သာ ချိန်တွယ်ခဲ့ကြောင်း သိရသည်။
မီးပုံးပျံပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတွေ အဖွဲ့ဝင်များအတွက် လည်းစည်းကမ်းချက်များကို ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ စက်တင်ဘာလ အတွင်းက ထုတ်ပြန်ထားသည်။
အဆိုပါ စည်းကမ်းချက်များတွင် မီးပုံးပျံများတွင် ရိုးရာ လက်မှုဝါးဖြင့်သာ လုပ်ကိုင်ကြရန်နှင့် ယမ်းများပြုလုပ်ရာတွင် လည်း မီးရှုး ခိုပျံ အထုတ်စနက်တံ များတွင် ရိုးရာလက်မှုနည်းပညာများဖြင့်သာ ပြုလုပ်ရန် စသည့် စည်းကမ်းချက်များ ပါဝင်သည်။
မီးပုံးပျံပြိုင်ပွဲအား ယူနက်စကို မှ ရိုးရာမီးပုံးပျံပြိုင်ပွဲ အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်မီးပုံးများကို ရိုးရာ ပစ္စည်းများဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲကျင်းပမည့်ရက်ကိုတော့ လက်ရှိတွင် ၉ ရက်သာ ကျင်းပပြုလုပ်သွားမည်ဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဦးဆောင်ကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့် အတွက် ၁၀ ရက်ကြာ ကျင်းပပြုလုပ်ပေးရန် မီးပုံပျံအဖွဲ့များက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ စုပေါင်းလက်မှတ်များရေးထိုးကာ တင်ပြထားကြောင်း သိရသည်။
ထိုသို့ တင်ပြထားသည့် အတွက် ၉ ရက် ကျင်းပပြုလုပ်ရန်(သို့) ၁၀ ရက်ကျင်းပပြုလုပ်မည်ကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေးဦးဆောင်ကော်မတီ အစည်းအဝေး တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
“၉ ရက်ပဲ လုပ်မယ်ဆိုရင်တော့ နိုဝင်ဘာလ ၄ ရက်နေ့ ကနေ ၁၂ ရက်နေ့ အထိ ပေါ့။ ၁၀ ရက်ကြာ လုပ်မယ်ဆိုရင်တော့ နိုဝင်ဘာလ ၃ ရက်နေ့ မှ ပွဲက စမယ်ပေါ့။ လောလောဆယ်တော့ မသိရသေးဘူး။ ၂၉ ရက်နေ့ မှာပြုလုပ်မဲ့ အစည်းအဝေး ပြီးမှ သိရမှာပါ”ဟု ဒေါက်တာသန်းဝင်းကပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြိုင်ပွဲဝင်သည့် မီးပုံး အရေအတွက် သည် နေ့လွတ်အရုပ် ၂၉၁ လုံး၊ ညမီးကြီး ၈၁ လုံးနှင့် စိန်နားပန်း အလုံး ၄၂ လုံး လွှင့်တင်ခဲ့ကြောင်း သိရသည်။
Photo Lin Lin (tgi)
(Zawgyi)
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ညမီးကြီး မီးပုံး အရေအတွက် တိုးမည်
ေအာက္တိုဘာ ၂၂
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List