Tuesday, October 22, 2019

နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲများ ပိုမိုဝင်ရောက်လာရေးအတွက် ခွင့်ပြုသွားရန် ရှိဟုဆို


Image may contain: 1 person, standing

ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော ၁၀၀ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုအပြင် ဘဏ်ခွဲများ(သို့မဟုတ်) လက်အောက်ခံ ဘဏ်ခွဲများကို ပိုမိုဝင်ရောက်လာရေးအတွက် ခွင့်ပြုသွားရန် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားစဉ် ယင်းသို့ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
“မိမိတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ အဟန့်အတား ဖြစ်စေသော လုပ်ထုံးလုပ်နည်း တွေကို ဖယ်ရှားခြင်း၊ အင်တာနက်မှ တစ်ဆင့် စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ ရင်းနှီး မြှုပ်နှံမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ငွေကြေးကဏ္ဍကို ဦးစားပေးတဲ့ ဝန်ကြီးဌာန အသစ် တစ်ခု ကို ဖွဲ့စည်း ခဲ့ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း သစ် တစ်ရပ် ကို ထုတ်ပြန် ခဲ့ခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ထို့အတူ အခြားသော နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများမှာ ပိုမိုပွင့်လင်း မြင်သာမှု ရှိပြီး ကြိုတင်ခန့်မှန်း တွက်ဆနိုင်ပြီး ယှဉ်ပြိုင်မှုရှိသော စီမံကိန်းများရွေးချယ် သတ်မှတ်သည့် စီမံကိန်းဘဏ် တည်ထောင် ခဲ့ခြင်း သာမက နိုင်ငံပိုင်မြေများ၊ ပိုင်ဆိုင်မှုများ ငှားရမ်းခြင်းလုပ်ငန်း များတွင် အီလက်ထရွန်နစ် နည်းပညာသုံး စနစ်များဖြင့် ပိုမိုလျင်မြန်စွာ ဆောင်ရွက် နိုင်မည့် နိုင်ငံပိုင်မြေများ၊ ပိုင်ဆိုင်မှုများ ဘဏ် တည်ထောင် ခဲ့ခြင်း တို့လည်း ပါဝင်ကြောင်း၊ ယခုကဲ့သို့ ရည်မှန်းချက်ကြီး သော စီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်အပေါ် အလွန်ကြီးမားသည့် အပြုသဘောဆောင်သော အပြာင်းအလဲများကို ဖော်ဆောင်ပေးသွားနိုင်မည်မှာ သေချာကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။
The Ladies News
နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲများ ပိုမိုဝင်ရောက်လာရေးအတွက် ခွင့်ပြုသွားရန် ရှိဟုဆို
--- --- ---

ဘဏ်လုပ်ငန်းဆိုင်ရာကဏ္ဍတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေသော ၁ဝဝရာခိုင်နှုန်း နိုင်ငံခြားသားပိုင် နိုင်ငံခြားဘဏ်ခွဲ၁၃ခုအပြင် ဘဏ်ခွဲများ(သို့မဟုတ်) လက်အောက်ခံ ဘဏ်ခွဲများကို ပိုမိုဝင်ရောက်လာရေးအတွက် ခွင့်ပြုသွားရန် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။
ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားစဉ် ယင်းသို့ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
“မိမိတို့အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ အဟန့်အတား ဖြစ်စေသော လုပ်ထုံးလုပ်နည်း တွေကို ဖယ်ရှားခြင်း၊ အင်တာနက်မှ တစ်ဆင့် စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ ရင်းနှီး မြှုပ်နှံမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ငွေကြေးကဏ္ဍကို ဦးစားပေးတဲ့ ဝန်ကြီးဌာန အသစ် တစ်ခု ကို ဖွဲ့စည်း ခဲ့ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း သစ် တစ်ရပ် ကို ထုတ်ပြန် ခဲ့ခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ထို့အတူ အခြားသော နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများမှာ ပိုမိုပွင့်လင်း မြင်သာမှု ရှိပြီး ကြိုတင်ခန့်မှန်း တွက်ဆနိုင်ပြီး ယှဉ်ပြိုင်မှုရှိသော စီမံကိန်းများရွေးချယ် သတ်မှတ်သည့် စီမံကိန်းဘဏ် တည်ထောင် ခဲ့ခြင်း သာမက နိုင်ငံပိုင်မြေများ၊ ပိုင်ဆိုင်မှုများ ငှားရမ်းခြင်းလုပ်ငန်း များတွင် အီလက်ထရွန်နစ် နည်းပညာသုံး စနစ်များဖြင့် ပိုမိုလျင်မြန်စွာ ဆောင်ရွက် နိုင်မည့် နိုင်ငံပိုင်မြေများ၊ ပိုင်ဆိုင်မှုများ ဘဏ် တည်ထောင် ခဲ့ခြင်း တို့လည်း ပါဝင်ကြောင်း၊ ယခုကဲ့သို့ ရည်မှန်းချက်ကြီး သော စီမံကိန်းများကို ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်း ကျင်အပေါ် အလွန်ကြီးမားသည့် အပြုသဘောဆောင်သော အပြာင်းအလဲများကို ဖော်ဆောင်ပေးသွားနိုင်မည်မှာ သေချာကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List