Tuesday, October 22, 2019

တောင်းပန်ရင် ကျေအေးကြဖို့ YMBA ကို တပ်ချုပ်တိုက်တွန်း


Image may contain: 5 people, people sitting
ဗုဒ္ဓကလျာဏယုဝအသင်း YMBA ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင် အပါအဝင် သုံးဦးတို့ အမှုဖွင့်ခံထားရတဲ့ ဖြစ်ရပ်မှာ သူတို့က အသင်းတာဝန်ရှိသူတွေကို တောင်းပန်မယ်ဆိုရင် အမှုရုပ်သိမ်းသင့်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီကနေ့ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်က YMBA အသင်းရုံးကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်စဉ်မှာ တိုက်တွန်းခဲ့တာလို့ အသင်းဥက္ကဋ္ဌ ဦးရဲထွန်းက RFA ကို ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ YMBA က ဗိုလ်ချုပ်မှူးကြီးကို မဟာမင်္ဂလဓမ္မဇောတိကဘွဲ့ ပေးအပ်ခဲ့ပါတယ်။ ဘာသာသာသနာ ထွန်းကားအောင် ဆောင်ရွက်ပေးတဲ့အတွက် အဲဒီဘွဲ့ပေးတာလို့ သိရပါတယ်။
ဘွဲ့ပေးအပ်တဲ့ အမှုဆောင်အဖွဲ့ဟာ တရားနည်းလမ်းမကျ ပေါ်ပေါက်လာတာလို့ ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင်က ပြောဆိုကြောင်း ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြအပြီးှမှာ လက်ရှိ ဒုဥက္ကဋ္ဌက ဦးသန်းလွင် နဲ့ အခြား နှစ်ဦးကို ပုဇွန်တောင်ရဲစခန်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပါတယ်။
(RFA 

No comments:

Post a Comment

My Blog List