Wednesday, October 23, 2019

လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရောက်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား


Image may contain: 2 people, table and indoor

မိမိ အမျိုးဘာသာ၊ သာသနာကို မှန်မှန်ကန်ကန် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်း မရောက်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်မြို့ရှိ ဇယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင် (ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံစဉ်တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်ထဲတွင် ဖေါ်ပြထားသည်။
ဟိန္ဒူလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပါင်းများစွာ နေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ် သစ္စာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက် ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသာ လူမျိုးများ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင် လုပ်ကိုင် စားသောက်ကြသူများ၊ နိုင်ငံခြားသားများ စသည့် မြန်မာနိုင်ငံတွင် နေထိုင်သူ အားလုံးသည် သဟဇာတရှိစွာဖြင့် နေထိုင်ကြရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က `မိမိ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရာက်စေရန် လိုကြောင်း၊ နိုင်ငံရေး ပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ များကြောင့် မတည်ငြိမ်မှုများ မဖြစ်ကြစေလိုကြောင်းနှင့် အရေးကြီးသည်မှာ မိမိနေထိုင်သည့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကိ စည်းစည်းလုံးလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်` ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ယခုလပိုင်းအတောအတွင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဟိန္ဒူ၊ မွတ်ဆလင်၊ ခရစ်ယာန် ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဘာသာရေးကျောင်းများကို လှူဒါန်းမှုများလည်း ပြုလုပ်ထားသည်။
အောင်ရဲနောင်
The Ladies News
လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရောက်ရန် လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြောကြား
--- --- ---

မိမိ အမျိုးဘာသာ၊ သာသနာကို မှန်မှန်ကန်ကန် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်း မရောက်ရန် လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
အောက်တိုဘာလ ၂၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်မြို့ရှိ ဇယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင် (ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံစဉ်တွင် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ဟိန္ဒူလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပါင်းများစွာ နေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ် သစ္စာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက် ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသာ လူမျိုးများ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင် လုပ်ကိုင် စားသောက်ကြသူများ၊ နိုင်ငံခြားသားများ စသည့် မြန်မာနိုင်ငံတွင် နေထိုင်သူ အားလုံးသည် သဟဇာတရှိစွာဖြင့် နေထိုင်ကြရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က `မိမိ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရာက်စေရန် လိုကြောင်း၊ နိုင်ငံရေး ပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ များကြောင့် မတည်ငြိမ်မှုများ မဖြစ်ကြစေလိုကြောင်းနှင့် အရေးကြီးသည်မှာ မိမိနေထိုင်သည့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကိ စည်းစည်းလုံးလုံး ညီညွတ်စွာဖြင့် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်` ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ယခုလပိုင်းအတောအတွင်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဟိန္ဒူ၊ မွတ်ဆလင်၊ ခရစ်ယာန် ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဘာသာရေးကျောင်းများကို လှူဒါန်းမှုများလည်း ပြုလုပ်ထားသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List