Thursday, October 31, 2019

တွစ်တာက နိုင်ငံရေးကြော်ငြာများကို ပိတ်ပင်သွားမည်


No photo description available.
တွစ်တာက သူတို့ရဲ့ တစ်ကမ္ဘာလုံးသုံးနေတဲ့ ပလက်ဖောင်းပေါ်မှာ နိုင်ငံရေးကြော်ငြာတွေ ထည့်သွင်းခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အခုလ ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။

လူမှုကွန်ရက်တွေပေါ်မှာ နိုင်ငံရေးသမားတွေရဲ့ သတင်းမှားတွေပဲ ပျံ့နှံ့နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ အရှိန်မြင့်လာတဲ့ နောက် အခုလို တုံ့ပြန်ခဲ့တာပါ။
တွစ်တာ အမှုဆောင်ချုပ် ဂျက်ဒေါ်ဆီက သူတို့ ကုမ္ပဏီအနေနဲ့ သတင်းစကားတွေကို လူမပါဘဲ လေ့လာအကဲဖြတ်တာ တွေနဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ပစ်မှတ်ထားတာတွေ၊ စစ်ဆေးမထားတဲ့ သတင်းအချက်အလက် အလွဲအမှားတွေနဲ့ သတင်းတုတွေရဲ့ ပြဿနာဖြစ်နိုင်ခြေရှိတဲ့ အလားအလာတွေအကုန်လုံးကို အမြစ်ပြတ်ရှင်းလင်းလိုက်ပြီလို့ တွစ်တာမှာ ရေးခဲ့ပါတယ်။
တွစ်တာရဲ့ မူဝါဒအသစ်နဲ့ ပတ်သက်လို့ လာမယ့် နိုဝင်ဘာလထဲမှာ အသေးစိတ်ထုတ်ပြန်သွားမယ်လို့လည်း ဒေါ်ဆီက ဆို ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ ကြော်ငြာတွေကိုပါ ပိတ်ပင်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
ဖေ့စ်ဘွတ်ကတော့ ကွန်ဂရက်ကနေ ဖိအားပေးမှုတွေ ရှိနေပေမယ့် နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင်တာမျိုး မလုပ်သေးပါ ဘူး။ ငွေကြေးကြောင့်မဟုတ်ဘဲ နိုင်ငံရေးအရ လိုအပ်တယ်လို့ ယူဆတာကြောင့်ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ် အမှုဆောင်ချုပ် မာ့ခ်ဇူကာဘက်က ပြောဖူးပါတယ်။
Source: AFP

No comments:

Post a Comment

My Blog List