Thursday, October 24, 2019

ပင်နီဝတ်ထားသူ မြင်လျှင် ပြည်သူက ကြောက်နေဟု ရန်ကုန်တိုင်း NLD ဥက္ကဌ ပြော



ပင်နီဝတ်ထားသူမြင်လျှင် ပြည်သူကကြောက်နေကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖဲွဲဲ ့ ဥက္ကဌ ဦးမြင့်ဌေး က ပြောကြားလိုက်သည်။

" ရန်ကုန်တိုင်းမှာရှိတဲ့ ပင်နီတွေဝတ်နေကြတဲ့သူတွေ တချို့ ပင်နီမြင်ရင် ပြည်သူ လူထုကကြောက်နေတယ်။ နေရာတကာ စပ်စပ် စပ်စပ်နဲ့ ဟိုနေရာဝင်ပါ ဒီနေရာဝင်ပါနဲ့ လူတချို့ ကိုပြောတာပါ။ ဘယ်သူတွေလည်းဆိုတာ ကိုယ့်အကြောင်းတော့ ကိုယ်သိကြလိမ့်မယ်'' ဟု ဦးမြင့်ဌေး ကပြောသည်။
ယနေ့ ( အောက်တိုဘာ ၂၄) နံနက်ပိုင်းက Sky Star Hotel တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်၊ ရန်ကုန်တိုင်းဒေသကြီး (သတ္တမအကြိမ်) ပါတီ ၊လွှတ်တော် ၊အစိုးရ ၃ပွင့်ဆိုင်တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ပင်နီ သင်္ကေတသည် တချိန်က အမျိုးသားရေးကို ကိုယ်စားပြုသလို တိုတိုင်းပြည် အာဏာကိုမတရားယူထားသူများ ကိုတော်လှန်သည့် သင်္ကေတအဖြစ် အသုံးပြုခဲ့ကြခြင်းဖြစ်သော်လည်း ယခုလက်ရှိရန်ကုန် တိုင်းတွင် တွေ့နေရသည့် အခြေအနေအရ ပင်နီဝတ်ထားသူ မြင်လျှင် လူထုက ကြောက်နေရကြောင်း ဦးမြင့်ဌေး ကပြောသည်။
Image may contain: 21 people 
Image may contain: 20 people 
Image may contain: 1 person, crowd and indoor 
Image may contain: one or more people, crowd and indoor 
သတင်း/ဓာတ်ပုံ -ကိုလင်း

No comments:

Post a Comment

My Blog List