Tuesday, October 22, 2019

ရင်ထဲတွင် အမျိုး၊ ဘာသာ၊ သာသနာအမြဲရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ဟု ဆို


Image may contain: 3 people, people standingImage may contain: 3 people, people standing
ရင်ထဲတွင် အမျိူး၊ ဘာသာ၊ သာသနာအမြဲရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း YMBA အသင်းမှအတွင်းရေးမှူး ဦးသောင်းဝင်း ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ဗုဒ္ဒကလျာဏယုဝအသင်း (YMBA) သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်း၌လာရောက်စဉ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲ့ရင်ထဲမှာ အမျိုး၊ ဘာသာ၊ သာသနာကအမြဲရှိတဲ့အကြောင်း၊ အသင်းကြီးရဲ့ရည်ရွယ်ချက်ကိုလည်း သဘောကျကြောင်းပြောခဲ့ပါတယ်။ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရတဲ့အတွက် ဆွေမျိုးတွေကလည်း ဝမ်းသာနေတယ်။ မိသားစုကလည်းဝမ်းသာနေတယ်လို့ ပြောကြားခဲ့ပါတယ်” ဟု ဗုဒ္ဒကလျာဏယုဝအသင်း(YMBA)မှအတွင်းရေးမှူး ဦးသောင်းဝင်းကပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် (YMBA)အသင်းသို့ တစ်နာရီကျော်ကြာလာရောက်ခဲ့ပြီး အသင်းရုံးခန်း၊ ဘွဲ့တံဆိပ်ရရှိသူများ၏ ဓာတ်ပုံများကိုလေ့လာခဲ့ကြောင်းလည်း ၎င်းထံမှ သိရသည်။
“ အလှူငွေကတော့မလှူပါဘူး။ ကျွန်တော်တို့ကတော့ အသင်းရုံးကြီးကို ပြန်ဆောက်ရင်ကောင်းမလား၊ ပြန်ပြင်ရင် ကောင်းမလားဆိုတဲ့အကြံပြုချက်တွေကိုတော့ တင်ပြလိုက်ပါတယ်” ဟု ဦးသောင်းဝင်းက ဆက်လက်ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား (YMBA)အသင်းအလုပ်အမှုဆောင်များ သဘောတူညီချက်ဖြင့် ပြီးခဲ့သောအောက်တိုဘာလ ၇ ရက်က မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခဲ့ပြီး အသင်းကြီး၏ရာသက်ပန်နာယကအဖြစ်ခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)  

<< Unicode Version >>
ရင်ထဲတွင် အမျိုး၊ ဘာသာ၊ သာသနာအမြဲရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ဟု ဆို
-------- ချမ်းငြိမ်း(အကုန်သိသတင်းဌာန) -------
ရင်ထဲတွင် အမျိူး၊ ဘာသာ၊ သာသနာအမြဲရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း YMBA အသင်းမှအတွင်းရေးမှူး ဦးသောင်းဝင်း ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ဗုဒ္ဒကလျာဏယုဝအသင်း (YMBA) သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာလ ၂၂ ရက်၊ နံနက်ပိုင်း၌လာရောက်စဉ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲ့ရင်ထဲမှာ အမျိုး၊ ဘာသာ၊ သာသနာကအမြဲရှိတဲ့အကြောင်း၊ အသင်းကြီးရဲ့ရည်ရွယ်ချက်ကိုလည်း သဘောကျကြောင်းပြောခဲ့ပါတယ်။ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရတဲ့အတွက် ဆွေမျိုးတွေကလည်း ဝမ်းသာနေတယ်။ မိသားစုကလည်းဝမ်းသာနေတယ်လို့ ပြောကြားခဲ့ပါတယ်” ဟု ဗုဒ္ဒကလျာဏယုဝအသင်း(YMBA)မှအတွင်းရေးမှူး ဦးသောင်းဝင်းကပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် (YMBA)အသင်းသို့ တစ်နာရီကျော်ကြာလာရောက်ခဲ့ပြီး အသင်းရုံးခန်း၊ ဘွဲ့တံဆိပ်ရရှိသူများ၏ ဓာတ်ပုံများကိုလေ့လာခဲ့ကြောင်းလည်း ၎င်းထံမှ သိရသည်။
“ အလှူငွေကတော့မလှူပါဘူး။ ကျွန်တော်တို့ကတော့ အသင်းရုံးကြီးကို ပြန်ဆောက်ရင်ကောင်းမလား၊ ပြန်ပြင်ရင် ကောင်းမလားဆိုတဲ့အကြံပြုချက်တွေကိုတော့ တင်ပြလိုက်ပါတယ်” ဟု ဦးသောင်းဝင်းက ဆက်လက်ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား (YMBA)အသင်းအလုပ်အမှုဆောင်များ သဘောတူညီချက်ဖြင့် ပြီးခဲ့သောအောက်တိုဘာလ ၇ ရက်က မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခဲ့ပြီး အသင်းကြီး၏ရာသက်ပန်နာယကအဖြစ်ခန့်အပ်ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment

My Blog List