Wednesday, October 23, 2019

ပြည်သူများ လိုအပ်နေသည့် စားဝတ်နေရေးအခြေခံဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်ခိုင်ဖြိုး တာဝန်ယူပေးမည်ဟုဆို



ပြည်သူများလိုအပ်နေသည့် စားဝတ်နေရေး အခြေခံဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်ခိုင်ဖြိုးမှ တာဝန်ယူ ပေးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက နေပြည်တော် ပုပ္ပသီရိမြို့နယ်တွင် ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီဝင် ၄၀၀ ကျော်အား အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။

“ဒီနေ့ပြည်သူတွေ လိုအပ်နေတဲ့ စားဝတ်နေရေးရဲ့အခြေခံဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကျွန်တော်တို့တာဝန်ယူပေးပါ့မယ် ဒီနေ့ပြည်ပကို ရောက်နေတဲ့ အလုပ်သမားများ နိုင်ငံကနေ ထွက်သွားတဲ့ ပုဂ္ဂိုလ်များ ကိုယ့်နိုင်ငံထဲမှာပြန်ပြီးတော့ အလုပ် လုပ်နိုင်အောင် ကျွန်တော်တို့ စီစဉ်ပါ့မယ်”ဟု ပါတီဥက္ကဌ ဦးသန်းဌေးက ပြောသည်။
ထိုသို့ပြောဆိုရာတွင် လမ်းပေါ်တွင် ခြံစည်းရိုးမေးတင်ပြီး လာသမျှလူကို တွေ့ကရာပြောနေခြင်း မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။
“ဒီနေ့ဒီနေရာမှာ စကားပြောတဲ့ ဥစ္စာသည် လမ်းပေါ်မှာ ခြံစည်းရိုး မေးတင်ပြီးတော့ လာသမျှလူကို တွေ့ကရာပြောနေတာ မဟုတ်ပါဘူး။ ပါတီဥက္ကဌ အနေနဲ့ မိမိပါတီကို ယုံကြည်ကိုးစားစွာဝင်ရောက် လာသော ပါတီဝင် အသစ်များကို ကျွန်တော် ကတိပေးနေတာဖြစ်ပါတယ် ။ ပါတီဝင်အသစ်များကို ကတိပေးသလိုပဲ အဲ့ဒီကတိဟာ တိုင်းပြည်ကို ပေးတဲ့ ကတိဖြစ်ပါတယ် အကြီးအကဲလုပ်တဲ့လူ ခေါင်းဆောင် လုပ်တဲ့သူရဲ့ကတိစကားသည် တည်ကြည်ရပါတယ် ဆိုခဲစေ မြဲစေ ဖြစ်ရပါမယ်”ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ဆက်လက် ပြောကြားခဲ့သည်။
ထို့အတူ မိဘပြည်သူများ ကိုယ့်အိမ်တွင် တံခါးဖွင့်ပြီး ခေါင်းပြားအောင် အိပ်နိုင်သည့်ဘဝ၊ စျေးထဲသွား၊ လမ်းပေါ်တက်ပါက အနောက်ကနေ အသာလိုက်ပြီး ဆွဲကြိုးဖြတ်ထွက်ပြေးသည့်အဖြစ်မျိုး မကြုံရသည့်ဘဝ၊ မိန်းကလေးများ မည်သူစော်ကားမည်ကို တထိတ်ထိတ်နှင့် စိုးရိမ်နေရ သည့် ဘဝမျိုး မဖြစ်အောင် လပိုင်းအတွင်း ဆောင်ရွက်ပေးလို့ရကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။
The Ladies News
ပြည်သူများ လိုအပ်နေသည့် စားဝတ်နေရေးအခြေခံဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်ခိုင်ဖြိုး တာဝန်ယူပေးမည်ဟုဆို
--- --- ---

ပြည်သူများလိုအပ်နေသည့် စားဝတ်နေရေး အခြေခံဖြစ်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ပြည်ခိုင်ဖြိုးမှ တာဝန်ယူ ပေးမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက နေပြည်တော် ပုပ္ပသီရိမြို့နယ် တွင် ပြုလုပ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် ၄၀၀ ကျော်အား အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားတွင် ပြောကြားလိုက်သည်။
“ဒီနေ့ပြည်သူတွေ လိုအပ်နေတဲ့ စားဝတ်နေရေးရဲ့အခြေခံဖြစ်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကျွန်တော်တို့တာဝန်ယူပေးပါ့မယ် ဒီနေ့ပြည်ပကို ရောက်နေတဲ့ အလုပ်သမားများ နိုင်ငံကနေ ထွက်သွားတဲ့ ပုဂ္ဂိုလ်များ ကိုယ့်နိုင်ငံထဲမှာပြန်ပြီးတော့ အလုပ် လုပ်နိုင်အောင် ကျွန်တော်တို့ စီစဉ်ပါ့မယ်”ဟု ပါတီဥက္ကဌ ဦးသန်းဌေးက ပြောသည်။
ထိုသို့ပြောဆိုရာတွင် လမ်းပေါ်တွင် ခြံစည်းရိုးမေးတင်ပြီး လာသမျှလူကို တွေ့ကရာပြောနေခြင်း မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။
“ဒီနေ့ဒီနေရာမှာ စကားပြောတဲ့ ဥစ္စာသည် လမ်းပေါ်မှာ ခြံစည်းရိုး မေးတင်ပြီးတော့ လာသမျှလူကို တွေ့ကရာပြောနေတာ မဟုတ်ပါဘူး။ ပါတီဥက္ကဌ အနေနဲ့ မိမိပါတီကို ယုံကြည်ကိုးစားစွာဝင်ရောက် လာသော ပါတီဝင် အသစ်များကို ကျွန်တော် ကတိပေးနေတာဖြစ်ပါတယ် ။ ပါတီဝင်အသစ်များကို ကတိပေးသလိုပဲ အဲ့ဒီကတိဟာ တိုင်းပြည်ကို ပေးတဲ့ ကတိဖြစ်ပါတယ် အကြီးအကဲလုပ်တဲ့လူ ခေါင်းဆောင် လုပ်တဲ့သူရဲ့ကတိစကားသည် တည်ကြည်ရပါတယ် ဆိုခဲစေ မြဲစေ ဖြစ်ရပါမယ်”ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ဆက်လက် ပြောကြားခဲ့သည်။
ထို့အတူ မိဘပြည်သူများ ကိုယ့်အိမ်တွင် တံခါးဖွင့်ပြီး ခေါင်းပြားအောင် အိပ်နိုင်သည့်ဘဝ၊ စျေးထဲသွား၊ လမ်းပေါ်တက်ပါက အနောက်ကနေ အသာလိုက်ပြီး ဆွဲကြိုးဖြတ်ထွက်ပြေးသည့်အဖြစ်မျိုး မကြုံရသည့်ဘဝ၊ မိန်းကလေးများ မည်သူစော်ကားမည်ကို တထိတ်ထိတ်နှင့် စိုးရိမ်နေရ သည့် ဘဝမျိုး မဖြစ်အောင် လပိုင်းအတွင်း ဆောင်ရွက်ပေးလို့ရကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ပြောကြားခဲ့သည်။
The Ladies News

No comments:

Post a Comment

My Blog List