Tuesday, October 22, 2019

ပုဂ္ဂိုလ်ရေးပတ်သက် ဆက်နွယ်မှုများကို အခြေခံသည့် စီးပွားရေးပုံစံမှ ပိုမိုပွင့်လင်းမြင်သာ ယှဉ်ပြိုင်မှုနှင့် စည်းမျဉ်းဥပဒေများကို အခြေခံသည့် စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်းနေပြီဖြစ် ဟုဆို

Image may contain: 1 person, standing and text

မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းမှုမရှိသော ယှဉ်ပြိုင်မှုမရှိသည့် ပုဂ္ဂိုလ်ရေး ပတ်သက်ဆက်နွယ်မှုများကို အခြေခံသည့် စီးပွားရေးပုံစံမှ ပိုမိုပွင့်လင်းမြင်သာ၊ ယှဉ်ပြိုင်မှုနှင့် စည်းမျဉ်းဥပဒေများကို အခြေခံသည့် စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်း နေပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားစဉ် ယင်းသို့ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ဟာ မလွယ်ကူပေမယ့် မိမိတို့အနေနဲ့ အောင်မြင်မှုရရှိလိုပါက အားလုံးဝိုင်းဝန်း ကြိုးပမ်း အားထုတ် သွားကြဖို့ လိုအပ်ပါတယ်မိမိအနေနဲ့ အဆွေတော်တို့ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုဖိတ်ခေါ် အပ်ပါတယ်။ အဲလို လာရောက်တဲ့အခါမှာလည်း အဆွေတော်အနေနဲ့ တစ်ယောက်တည်း မဟုတ်ပါဘူး၊ အဆွေတော်တို့ လိုအပ်တဲ့ အကူအညီများကို ပံ့ပိုးထောက်ပံ့ပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့ လုပ်ငန်းမိတ်ဖက်များ တွေနဲ့ မိတ်ဆွေများ၊ အဆွေတော်ရဲ့ စီးပွားရေး လုပ်ငန်းတွေ လည်ပတ် လုပ်ကိုင်တဲ့အခါမှာ လိုအပ်တဲ့ မည်သည့် အကူအညီများကိုမဆို ပေးအပ်သွား နိုင်တဲ့သူတွေ ရှိနေမယ်ဆိုတာ သေချာပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မကြာသေးမီကာလက တိုးတက်မှုများ ရရှိနေသော်လည်း မိမိတို့ကျော်ဖြတ်နိုင်မည့် ကျော်လွှားရမည့် စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်သည်ကို သိရှိထားကြောင်း၊ ယင်းကို ကျော်လွှားနိုင်ရန် အတွက် တာဝန်ယူမရှိသည့် ရင်းနှီးမြှုပ်နှံမှုများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“မိမိတို့အနေနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်တဲ့၊ အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်မယ့်၊ တိုးတက်မှုတွေကို ဆက်လက်တည်တံ့ စေနိုင် မယ့် အားလုံးအတွက် ကြွယ်ဝချမ်းသာမှုကို ဖြန့်ဝေခံစား ပေးစေ နိုင်မယ့် တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေလျက်ရှိပါတယ်။ မိမိတို့ အနေနဲ့ အဆွေတော်တို့ရဲ့ ယုံကြည်မှုအပြည့်နဲ့ စိတ်အားထက်သန်စွာ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထို့အတူ ငြိမ်းချမ်းသာယာဝပြောမှုကို ရှေးရှုသည့် လမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်တွင် ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့က မိတ်ဆွေများ၏ နားလည်မှုနှင့် ထောက်ခံအားပေးမှုများကို ဆက်လက်ရရှိသွားလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
The Ladies News
ပုဂ္ဂိုလ်ရေးပတ်သက် ဆက်နွယ်မှုများကို အခြေခံသည့် စီးပွားရေးပုံစံမှ ပိုမိုပွင့်လင်းမြင်သာ ယှဉ်ပြိုင်မှုနှင့် စည်းမျဉ်းဥပဒေများကို အခြေခံသည့် စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်းနေပြီဖြစ် ဟုဆို
--- --- ---

No comments:

Post a Comment

My Blog List