Friday, November 15, 2013

OIC အဖွဲ့ ရခိုင်ခရီးစဉ်နေရာများ ပြည်နယ်အစိုးရထံ အသိပေးမထားဟုဆို

Friday, November 15, 2013 

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် နိုဝင်ဘာ ၁၅ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားေ ရာက်မည်ဖြစ်သော်လည်း ခရီးစဉ်အသေးစိတ်ကို ပြည်နယ်အစိုးရသို့ ကြိုတင်အကြောင်းကြားထားခြင်း မ ရှိေ သးဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က မဇ္ဈိမကို ပြော ကြား လိုက်သည်။

OIC သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်က စတင်ရောက်ရှိပြီး နေပြည်တော်တွင် နိုင်ငံခြားရေးဝန် ကြီး နှင့် တွေ့ဆုံကာ နိုဝင်ဘာ ၁၄ တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ၁၅ ရက် တွင် ရ ခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။
“လာမှာ သေချာပါတယ်။ ဘယ်တွေကို သွားမယ်ဆိုတာ၊ မသိသေးပါဘူး။ သူတို့လာမှာ ကျွန်တော်တို့က လို အပ်သလို ဆောင်ရွက်ပေးရမှာပါ။ ပြည်နယ်အစိုးရနဲ့ သီးခြားတွေ့ဆုံဖို့ အစီအစဉ်မရှိပါဘူး”ဟု ဦးဝင်းမြို င်က မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်ဒေသခံများအနေဖြင့် စစ်တွေမြို့အပါအ၀င် မြို့နယ်အများစုတွင် ယင်းနေ့နံနက်ပိုင်း၌ တစ်ပြို င်နက်တည်း ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု ရခိုင်ဒေသခံများက ဆိုသည်။

“နံနက် ၉ နာရီက နေ့လယ် ၁၂ နာရီအထိ ခွင့်ပြုချက်ရပေမယ့် တစ်ရက်လုံးနီးပါးလောက် လေဆိပ်မှာ စုေ ၀းဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်ထားပါတယ်”ဟု စစ်တွေမြို့ ဆန္ဒထုတ်ဖော်ရေးခေါင်းဆောင် ဦးမောင်နု က ပြောသည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လာရောက်မည့်နေ့တွင် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ် စ လုံးတွင် ဆန္ဒထုတ်ဖော်ခွင့် တင်ထားသော်လည်း မြို့နယ်နှစ်ခုသာ ဆန္ဒထုတ်ဖော်ခွင့် ရရှိခဲ့သည်။

“စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် ၁၅ ရက်အတွက် ဆန္ဒပြခွင့်ရရှိပြီးဖြစ်ပါပြီ”ဟု ကျောက်ဖြူလူမှုကွန် ရ က်မှ ဦးထွန်းထွန်းနိုင်က ပြောသည်။ အလားတူပင် မြောက်ဦး၊ ကျော်တော်၊ ပေါက်တောနှင့် အမ်းမြို့ များ တွင် နိုဝင်ဘာ ၁၆ ရက်တွင်သာ ဆန္ဒထုတ်ဖော်ခွင့်ပြုထားသည်ဟု ကျောက်ဖြူလူမှုကွန်ရက်မှ ၎င်း က ဆို သည်။ 

OIC ကို အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့ ရွှေတိဂုံစေတီနှင့် အင်းစိန်မြို့နယ်တို့တွင်လည်း ဆန္ဒ ထု တ်ဖော်ခဲ့ပြီး မိတ်္ထီလာမြို့နယ်တွင်လည်း ဆန္ဒထုတ်ဖော် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သေးသည်။

နိုဝင်ဘာ ၁၂ ရက်က အမေရိကန်သံအမတ် ဒဲရစ်မစ်ချဲလ်သည် ဒေသတွင်းဒုက္ခသည်များကို လေ့လာရန် ရ ခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List