Sunday, November 10, 2013

အစ္စလာမ်ဘာသာဝင် ရေသန့်စက်ရုံပိုင်ရှင်နှင့် ဗုဒ္ဓဘာသာ ဝန်ထမ်းများ ပူးပေါင်းကထိန်ခင်း

 Sunday, November 10, 2013 
ပဋိပက္ခများ ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ စက်မှုဇုန် (၃) လမ်းရှိ နှင်းချိုရေသန့်စက်ရုံ တွင် နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက အစ္စလာမ်ဘာသာဝင် ရေသန့်စက်ရုံပိုင်ရှင် နှင့် ဗုဒ္ဓဘာသာ ဝန်ထမ်းများ ပူးပေါင်း၍ က ထိန်အလှူပွဲ ကျင်းပခဲ့ကြောင်း ယင်းစက်ရုံ မန်နေဂျာ ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သူ ဦးကျော်ဇင်က The V oice သို့ ပြောကြားသည်။

အဆိုပါ ကထိန်အလှူတွင် မိတ္ထီလာ မြို့နယ် မကျီးချောက် ကျေးရွာရှိ တပ်ကုန်းကျောင်း ဆရာတော် အရှ င်ခေမိန္ဒ အမှူးပြုသော သံဃာတော်ငါးပါးကို စက်ရုံသို့ ပင့်ဖိတ်၍ ပရိတ်တရားတော် နာယူခြင်း၊ ဆွမ်းကပ်ြ ခင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ မြို့တွင်းသို့ ကထိန်ပွဲ လှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စက်ရုံ လုပ်သားများ ထံမှ သိရသည်။
"ဝန်ထမ်းတွေက ကထိန် ခင်းချင်တယ်၊ လုပ်ငန်းရှင်ကလည်း လုပ်ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ အလုပ်ရှင်က အစ္စလာမ် ဘာသာဝင် ဖြစ်ပေမယ့် သူကဦးဆောင်ပြီး အလှူငွေ မတည်ပေးတယ်။ ဝန်ထမ်းတွေ ကလည်း ကိုယ်တတ်နိုင်သလောက် ကုသိုလ် ပါဝင်ကြတယ်။ ငွေသားနဲ့ လှူဖွယ်ပစ္စည်း စုစုပေါင်းတန်ဖိုး ၁၄ သိန်းေ လာက် ရှိပါ တယ်။ ပြီးခဲ့တဲ့ တော်သလင်းလ ကလည်း စက်ရုံမှာ ဆွမ်းတစ်ကြိမ် ကပ်ခဲ့ပါတယ်။ အဲဒီက တ ည်းက သဒ္ဓါပေါက်ပြီး ကထိန်ခင်းဖို့ အစီအစဉ် ရှိခဲ့ပါတယ်" ဟု ဦးကျော်ဇင်က ရှင်းပြသည်။

မိတ္ထီလာမြို့နယ် အတွင်းရှိ ကျေးရွာ ဘုန်းတော်ကြီးကျောင်း အချို့တွင် အဘက်ဘက်မှ လိုအပ်မှုများ၊ အခ က်အခဲများ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့က သံဃာတော် များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေး လိုကြောင်း အစ္စလာမ်ဘာသာဝင် ရေသန့်စက်ရုံပိုင်ရှင် မိသားစုဝင် ဦးကျော်ဇင်နိုင်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List