Sunday, November 10, 2013

လယ်တီသိမ်တော်နှင့် စေတီမီတာ ၅၀၀ ပတ်လည်အကွာ မိုင်းမခွဲဟု တိုင်းဒေသကြီး လုံခြုံရေးဝန်ကြီးဆို

 Sunday, November 10, 2013

မိုင်းဒဏ်ကြောင့် အက်ကြောင်းများ ထနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသော လက်ပံတောင်းေ တာင် စီမံကိန်း နယ်မြေအတွင်းရှိ လယ်တီသိမ်တော်နှင့် စေတီ၏ မီတာ ၅၀၀ ပတ်လည်အကွာ အတွင်းတွ င် မိုင်းခွဲမှုများ ပြုလုပ်မည် မဟုတ်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောကြားခဲ့ကြောင်း ဝင်ရောက် ဖူးမြော်ခွင့် ရခဲ့သည့် စီမံကိန်း ဒေသခံများက ပြောကြား သည်။
နိုဝင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင် အချိန်က သံဃာအချို့နှင့် ဒေသခံများ ဝင်ရောက် ဖူး မြော်ခွင့် ရရှိခဲ့ရာ ဗိုလ်မှူးကြီး ကြည်နိုင်က “အပြင်မှာ ထွက်ပေါ်နေသလို မိုင်းဒဏ်ကြောင့် သိမ်တော်နဲ့ စေ တီတော် အက်ကြောင်း တော်တော် ကြီးကြီး ဖြစ်သွားတယ်ဆိုတာ မဟုတ်ပါဘူး၊ သဘာဝဒဏ် ခံထားရေ တာ့ အနည်းငယ် အက်ကွဲနေတာတော့ ရှိတာပေါ့။ အရင်အတိုင်းပါပဲ။ လုံခြုံရေး ဝန်ကြီးကလည်း သိမ်တော် နဲ့ မီတာ ၅၀၀ ပတ်လည် အကွာအဝေးမှာ မိုင်းမခွဲဘူးလို့ ဒီနေ့အများရှေ့မှာ ထပ်မံကတိပေးခဲ့ပါတယ်” ဟု ဆိုကြောင်း သိမ်တော်အထိ လိုက်ပါခဲ့သည့် ဒေသခံ တစ်ဦးက ပြောကြားသည်။

လယ်တီသိမ်ကို ဝင်ရောက် ဖူးမြော်ရာတွင် သံဃာတော် ငါးပါးနှင့် တုံ၊ ဆည်တည်း၊ မိုးကြိုးပြင်ကျေးရွာတို့မှ ဒေသခံ ၄၀ ဦးခန့်လည်း ပါဝင်ခဲ့ကြောင်း လိုက်ပါခဲ့သ ည့် ဒေသ ခံတစ်ဦးက ပြောကြားသည်။

“နိုဝင်ဘာလ ၈ ရက်နေ့က တာဝန်ရှိသူတွေနဲ့ ဦးပဉ္စင်းတို့နဲ့ တွေ့ဆုံပါတယ်။ သူတို့က အရေးပေါ် အခြေအ နေအရ ဖူးမြော်ခွင့် ပေးမယ်လို့ ပြောတယ်။ သပိတ်စခန်းကို ရုပ်သိမ်းပေးဖို့ သူတို့ဘက်က တောင်းဆိုတယ်။ ဒီနေ့ သိမ်တော်ကိုဝင်ပြီး ဖူးမြော်တယ်။ သပိတ်စခန်းကတော့ ဒီနေ့ အချိန်မရှိလို့ မပိတ်နိုင်ဘူး။ မနက်ဖြန် ပိ တ်မယ်” ဟု လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် ထိုင်းနိုင်ငံထိ သွားရောက် ဆေးဝါးကုသ မှု ခံယူခဲ့ရသည့် ဆရာတော် ဦးတိက္ခဉာဏက မိန့်ကြားသည်။

လယ်တီသိမ်ကို ဖူးမြော်ရန် သွားရောက်သော ဒေသခံများကို ရဲတပ်ဖွဲ့ဝင်များက တားဆီးမှုကြောင့် လက်ပံ တောင်းတောင်အနီး အင်ကြင်းတောင်ပေါ်တွင် ထိုင် သပိတ်စခန်းကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး သိမ်တော်နှင့် စေတီကို သွားရောက် ဖူးမြော်ခွင့်ရပါက သပိတ်စခန်း ပြန်ပိတ်မည်ဟု ယင်းအချိန်က ဆရာတော်များက မိန့်ကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List