Tuesday, November 12, 2013

ရေနည်းကာလ မရောက်မီ ဧရာဝတီ မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ကျပ်တည်းမှုများ ပိုမိုကြုံတွေ့လာ

8.1.1



  Tuesday, 12 November သဲသောင်များ ဖြစ်ထွန်းမှုကြောင့် ဧရာဝတီ မြစ်ကြောင်းအတွင်း ရေလမ်းကြောင်း ကျပ်တည်းမှုကို ကြုံတွေ့ရစဉ်
မြန်မာနိုင်ငံ မြစ်ချောင်းများတွင် ရေနည်းကာလအဖြစ် နိုဝင်ဘာလ ၁၅ ရက် နေ့မှ မေလ ၁၅ ရက်နေ့အထိ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတ်မှတ်ထားပြီး ယခုနှစ် ရေနည်းကာလတွင် ဧရာဝတီ မြစ်ကြောင်း အတွင်း ရေလမ်းကြောင်း ကျပ်တည်းမှုများ ပိုမိုကြုံတွေ့ လာနိုင်ကြောင်း သိရသည်။
အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်၍ ဧရာဝတီမြစ်ရေသည် တဖြည်းဖြည်း ကျဆင်းလျက်ရှိပြီး သဲသောင်များ စတင်ပေါ်ထွန်းလျက်ရှိရာ ဒေသအခေါ် စည်းတန်း (ရေအောက်သဲသောင်တန်း) များ ဖြစ်ပေါ်လာမှုမှာ ယခင်နှစ်ကထက် များပြားလာမှုကြောင့် ယခုနှစ် ရေနည်းကာလတွင် ရေလမ်းကြောင်းသွား မော်တော်ရေယာဉ်များ အနေဖြင့် သွားလာမှု ခက်ခဲစေနိုင်ကြောင်း ရေယာဉ်မှူးများက ဆိုသည်။

''ခုလို သောင်စထိုးတဲ့ အချိန်မှာ ရေကြောင်းကြည့်ရ ခန့်မှန်းရတာ အရမ်းခက်ပါတယ်။ ဒီနှစ်က ရေနည်းကာလ မရောက်ခင် ကတည်းက ရေကြောင်း ကျပ်တာတွေစပြီး ကြုံရတယ်။ ၀ါဆို၊ ၀ါခေါင်လောက်မှ ရေကြောင်း ပြန်ပွင့်မှာမို့ မန္တလေး-ဗန်းမော် လမ်း ပိုင်းမှာကုန်စည် စီးဆင်းမှုတွေ ကြန့်ကြာလာမယ်။ ခုရေကြောင်း ကျပ်တာက အထက်ဆို ဗန်းမော်၊ အောက်ဆို ပုဂံညောင်ဦးထိပဲ'' ဟု ရေယာဉ်မှူးတစ်ဦးက ပြောသည်။
''အောက်တိုဘာ ပထမပတ်တုန်းက အထက်ပိုင်းကိုသွားတာ စည်းတန်းတွေအခု လောက်မများဘူး။ နောက်ဆုံးပတ်တစ်ခါ ထပ်သွားတော့ အရင်စည်းတန်း ဖြစ်နေတဲ့ နေရာတွေက သဲသောင်တွေ ဖြစ်ပေါ်နေပြီး နေရာတော်တော် များများမှာ မကြာခင် သောင်ဖြစ်ထွန်းမယ့် စည်းတန်းတွေ ဖြစ်ပေါ်ေ တာကို တွေ့ရတယ်။ အရင်တစ်ခေါက်က ၀ါးလုံးနဲ့ထောက်ပြီး ရေးစူး စမ်းမသွားရ သေးဘူး။ အခုတစ်ခေါက် စည်းတန်းတွေ များလာတော့ ကွေ့ဝိုက်ရှောင်ကွင်း မောင်း ရသလို ရေစူးကိုဝါး လုံးနဲ့ထောက်ပြီး သွားနေရပြီ''ဟု မန္တလေး-ဗန်းမော် ရေယာဉ်မှူး ဦးမျိုးဌေးက ပြောသည်။
''မြောင်းမြကနေ ပခုက္ကူကို ထွက်လာတော့ ရေကြောင်းကျပ်တာ သုံးနေရာလောက် ရှိတယ်။ ဟင်္သာတဇင်ယော် ကျွန်းနားနဲ့ ကမ္မကြီး နားလောက်မှာ စက်လှေငယ်တွေ စမ်းမောင်းခိုင်းရတယ်။ အလာရေ အနေအထားနဲ့ အပြန်ရေ အနေအထား အတော်ကွာတယ်။ ရေကြောင်းပြထားတဲ့ တချို့ဗောတွေကလည်း ရေတက်တုန်းက အနေအထားတွေ ဆိုတော့ ရေကျချိန်မှာ ရေအနက်နဲ့ ဗောအမှတ်အသား လွဲနေတယ်။ အသစ်ပြန်တိုင်းပြီး လက်ရှိ ရေစူးအမှတ်အတိုင်း ပြထားဖို့လိုတယ်'' ဟု ရေယာဉ်မှူး တစ်ဦးက ဆိုသည်။
''ရေစကျနေပြီ ဖြစ်တာကြောင့် နှစ်စဉ်ရေကြောင်း ကျပ်တည်းမှု ဖြစ်တဲ့နေရာတွေ မှာ ရေကြောင်းသွားလာရေး အခက်အခဲမဖြစ် အောင်ဆောင်ရွက်ဖို့အတွက် ကွင်းဆင်း လေ့လာပြီး တိုင်းတာရေးတွေကို အောက်တိုဘာ ၂၁ ရက်ကစပြီး လုပ်ဆောင်နေပါပြီ ''ဟု ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (မန္တလေး)မှ တိုင်းဦးစီးမှူးက ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List