Sunday, November 10, 2013

မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၁ သောင်းခန့် ရှိပြီ

Sunday, November 10, 2013

 
 
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က တိုက်ခတ်သွားတဲ့ စူပါတိုက်ဖွန် မုန်တိုင်းကြောင့် အ နည်းဆုံး လူ ၁ သောင်းလောက် သေဆုံးသွားတယ်လို့ အဆင့်မြင့် အရာရှိတယောက်က ဒီနေ့ အတည်ပြု ပါတယ်။

မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းပေါ်မှာရှိတဲ့ လေ့ဒ်ခရိုင်မှာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ပျ က်စီးသွားပြီး ပင်လယ်ကမ်းရိုးတန်းက မြို့တွေနဲ့ ခရိုင်ရဲ့ မြို့တော် တက္ကလိုဘန်မြို့မှာ ရေကြီးပြီး ကျန်ရစ်ခဲ့ပါ တယ်။

မုန်တိုင်းကြောင့် ဆူနာမီနဲ့ တူတဲ့ ပင်လယ်ရေလှိုင်းတွေ မြင့်တက်ခဲ့ပြီး အိမ်တွေနဲ့ လူရာပေါင်းများစွာ နစ်မြှု ပ်သေဆုံးကုန်ပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့ အစောပိုင်းအထိ သေဆုံးသူ လူ ၁ ထောင်လာက်ပဲ ရှိမယ်လို့ ခန့်မှန်းရာကနေ အခုနောက်ဆုံး လူ ၁ သောင်းအထိ ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်အပေါ် အစိုးရနဲ့ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းေ တွက အတည်မပြုသေးပါဘူး။

ထွက်လာတဲ့ ဗွီဒီယိုတွေမှာ လူသေအလောင်းတွေ လမ်းတလျှောက်နဲ့ အပျက်အစီးတွေ အောက်မှာ ပြန့်ကျဲ နေတာ တွေ့ရပါတယ်။

ဒီနေ့အထိ ဈေးဆိုင်တွေ၊ ဈေးတွေ၊ ဟင်းသီးဟင်းရွက် ဆိုင်တွေ ပိတ်ထားဆဲဖြစ်ပြီး ရွာသားတွေက ရိက္ခာ နဲ့ ရေေ တွ ပြတ် လပ်နေပါတယ်။

မြို့တော် အာဏာပိုင်တွေကလည်း အလောင်းတွေကို သိမ်းဖို့နဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ဖို့ အ ခက်ကြုံနေရတယ်လို့ ပြောပါတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အခြေအနေ၊ ဆက်သွယ်ရေးစနစ်တွေ ပျက် ယွင်းနေဆဲ အခြေအနေမှာ လုယက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းဟာ ဒီနှစ် ဖိလစ်ပိုင်ကို ၀င်တဲ့ မုန်တိုင်းတွေထဲက အဆင့် ၅ သတ်မှတ်ထားတဲ့ ဒုတိယမြောက် မုန်တိုင်းဖြစ်ပြီး တနာရီကို ၁၉၅ မုန် နှုန်းနဲ့ တိုက်ခတ်ခဲ့တာပါ။

အစိုးရရဲ့ ကိန်းဂဏန်းအရ မုန်းတိုင်း ဒဏ်ခံရသူ လေးသန်းလောက် လောက်အထိ ရှိမယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန် မုန်တိုင်း အကြိမ် ၂၀ လောက်နဲ့ ရင်ဆိုင်ရလေ့ ရှိတာပါ။ မနှစ်တုန်းက တိုက် ခတ်သွားခဲ့တဲ့ ဘိုဖာ မုန်တိုင်းကြောင့် မန်ဒါနာအို ပြည်နယ်မှာ လူ ၁၁၀၀ လောက် သေဆုံးပြီး အပျက်အစီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ရှိခဲ့ပါတယ်။

DVB TV News

No comments:

Post a Comment

My Blog List