Tuesday, November 12, 2013

အန္တရာယ်ရှိတဲ့ပေါင်မြို့နယ်ကကျောက်မိုင်း မရပ်တန့်ပေးပါကဆန္ဒပြ၍ ရပ်တန့်တော့မည်

Tuesday, November 12, 2013
မွန်ပြည်နယ် ပေါင်မြို့အနီး ပလပ်(၀တ်ကြီး)ကျေးရွာအနီးဇင်း ကျိုက်ကျောက်ထုတ်လုပ်ရေးစခန်းခွဲ ပ လပ် (၀တ်ကြီး)ကျောက်ထုတ်လုပ် ရေးစခန်း၏ ကျောက်မိုင်း အန္တရာယ်ကြောင့်နီးကပ်ရာ သာသနိကအဆော က် အအုံများ နှင့်သံဃာတော်များ၊ကျေးရွာသူ/ သားများစိုးရိမ်တုန်လှုပ်ပူပန်နေရ ကြောင်း၊ယင်းကိစ္စအ တွ က် သမ္မတ ကြီးနှင့်သက်ဆိုင်ရာဌာနများသို့ ရပ်တန့်ပေးရန်တောင်းခံသွားမည် ဖြစ်ကြောင်း၊အကောင် အထ ည် ဖော် ဆောင်ရွက်ခြင်းမရှိပါက ဆန္ဒပြ ၍ရပ်တန့်တောင်းဆိုသွား မည်ဖြစ် ကြော င်း ကျေး ရွာသားများက ဆို ပါ သည်။
(၇.၁၀.၂၀၁၃)ရက်နေ့ ပလပ်ဝတ်ကြီးကျေးရွာအနီးရှိဘုန်း တော်ကြီးကျောင်းတိုက်၌မြို့နယ် ရှိဆရာေ တာ် သံဃာတော်များနှင့် ကျေးရွာသူ/သား(၅၀)ခန့်စုပေါင်း ကာ အန္တရာယ်ရှိကျောက်မိုင်းကိစ္စ နှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပခဲ့ကြောင်းသိရှိရသည်။ အဆိုပါအစည်းအဝေးတွင်အစည်း အဝေးဆုံးဖြတ်ချက်အရ လက် မှတ်ထိုးအတည်ပြုချမှတ်နိုင်ခဲ့ ကြောင်းလည်းသိရသည်။ အဆို ပါကိစ္စနဲ့ပတ်သက်၍ဒေသခံများ အား တွေ့ဆုံမေးမြန်းရာတွင် ““ပလပ်(၀တ်ကြီး)ကျောက်ထုတ် လုပ်ရေးစခန်းနဲ့ကျွန်တော်တို့ရွာ ကပေေ ပါင်း(၇ ၅၀)ပဲကွာတယ်။ ဒီကိစ္စကို လူကြီးတွေမသိချင် ယောင်ဆောင်တာလား။ မမြင်ချင် ယောင်ေ ဆာင်ေ န တာလားတော့ မသိဘူးဗျ။

ပြီးခဲ့တဲ့နှစ်က ကျွန်တော် တို့ရွာက ဦးထွန်းကြည်ရဲ့ဇနီးဒေါ် မဲဟာရွာထဲက လက်ဖက်ရည်ဆိုင် မှာ လက်ဖ က်ရည်ထိုင်သောက် နေတုန်းကျောက်မိုင်းကြောင့် ခေါင်းတစ်ခြမ်းပဲ့ပြီးပွဲချင်သေဆုံး ဖူးတယ်။ဒါ့အပြင် အခု ထက်ထိ ဘုန်းတော်ကြီးကျောင်းတွေ၊လူနေ အိမ်တွေပေါ်ကျောက်မိုင်းခွဲတိုင်း ကျောက်ခွဲစတွေ အိမ်ခေါင်း မိုး တွေ၊ အိမ်တွေပေါ်ကျလို့ပေါက်ပြဲ ပျက်စီးခဲ့ပေါင်းလည်းမနည်းတော့ ဘူး။ကိုယ့်ခေါင်းပေါ်ဘယ်အချိန် ကျမ လဲဆိုပြီးကျွန်တော်တို့ရွာသား တွေနေ့စဉ်စိုးရိမ်ပူပန်နေရတယ်။ ဒါကြောင့်ဒီနေ့အစည်းအဝေးကို ကျင်း ပခြ င်းဖြစ်တယ်။ပြီးတော့ အတည်ပြုဆုံးဖြတ်တယ်။ဆုံးဖြတ် ချက်ကအန္တရာယ်ရှိေ နပြီ။ရပ် တန့် ပေးပေး ပါပေါ့။ အဲဒီလိုမှမလုပ်ပေး ရင် တစ်ရွာလုံးဆန္ဒပြပြီးရပ်တန့် မယ်””ဟု ကျေးရွာရပ်မိ/ဖတစ် ဦး ဖြစ် သူဦး တင်မြင့် က ပြောသည်။ ၎င်းအပြင်““ဟိုဘက်က လုပ်ခဲ့တဲ့ အရင်ကျောက်မိုင်းစခန်းတုန်းက လုပ်ငန်းခွင် ခွင့်ပြုချက် လန/ ၃၉ ဆိုတာထွက်တယ်လို့သိရတယ်။ အခုဒီမိုင်းကွက်က တရားဝင်ချ ပေးတာမဟုတ်လို့ နာမည်ကို ပြောင်ပြောင်တင်းတင်းမတပ်ဖူး လို့သိရတယ်။ တရားဝင်ဟုတ် ဟုတ်၊ မဟုတ်ဟုတ်တစ်ရွာလုံး အတွက်အရမ်း အန္တရာ ယ်ကြီးတဲ့ လုပ်ငန်းအတွက်တော့လူကြီးတွေ ကိုအကူအညီတောင်းမယ်။ မရ ရင်ဆန္ဒပြပြီးရပ်တန့်မယ်””ဟုေ ကျး ရွာသားတစ်ဦးဖြစ်သူ ဦးမင်းနိုင် ကပြောသည်။

၎င်းကိစ္စအတွက် မကြာခင် ရပ်တန့်ပေးရန် ပလပ်ဝတ်ကြီး ကျေးရွာဒေသခံများ၊ ဆရာတော် သံဃာတော် စုစုပေါင်း(၆၀) ကျော်ခန့်လက်မှတ်ထိုး၍အစည်း အဝေးဆုံးဖြတ်ချက်အတိုင်းပထမ အဆင့်အဖြစ်စာဖြင့် တ င်ပြဆောင် ရွက်နေပြီဖြစ်ကြောင်းလည်း သိ ရသည်။

Hot News Journal

No comments:

Post a Comment

My Blog List