မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းတွင် လမ်းပျက်စီးမှုကြောင့် ယာဉ်သွားလာမှုခက်ခဲနေသည်ကို အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ ကုန်သွယ်ရေးတွင် လမ်းတံတားများသည် အဓိကကျသော အခြေခံအဆောက်အဦတွင်ပါဝင်သည်။ (ဓာတ်ပုံ - တိုးကြီး) |
မြန်မာနိုင်ငံသည် ပြတင်းတစ်ပေါက်စနစ် (National Single Window)
ဟုခေါ်သည့် အဖွဲ့ဝင်နိုင်ငံများ အကြား အကောက်ခွန်ပေါင်းစည်းမှုစနစ်၊
အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာရန် တည်ဆောက်ခြင်း၊ လွတ်လပ်စွာ
ငွေကြေးစီးဆင်းမှုဖြစ်ပေါ်လာရန်ဆောင်ရွက်ခြင်း၊ အသေးစားနှင့်
အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်ဆောင်ရွက်ခြင်းနှင့်
ကုန်စည်များစီးဆင်းရာတွင် အကောက်ခွန်မဟုတ်သည့်
ကုန်သွယ်မှုအတားအဆီးများဖြေလျှော့ခြင်း လုပ်ငန်းစဉ်များတွင် ဆက်လက်ဆောင်ရွက်ရန် အဆင့်များစွာ ကျန်ရှိနေသေးသောကြောင့် သတ်မှတ်ကာလအတွင်း ပြီးစီးရန်မဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
ပြတင်းတစ်ပေါက်စနစ်ကို အာဆီယံအဖွဲ့ဝင်ရှစ်နိုင်ငံက ၂၀၁၅ ခုနှစ်တွင် စတင်ကျင့်သုံးနိုင်မည်ဖြစ် သော်လည်း လက်ရှိအချိန်တွင် မြန်မာနှင့်လာအိုနိုင်ငံတို့သည် စတင်ဆောင်ရွက်ဆဲ အဆင့်သာရှိသေး ကြောင်း ၎င်းကပြောသည်။
အကောက်ခွန်ပေါင်းစည်းရေးစနစ်ကို အကောင်အထည်ဖော်ရန် ငွေကြေးရင်းနှီးမြှုပ်နှံမှုများပြားသော်လည်း မြန်မာနိုင်ငံအနေဖြင့်၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ရန်စီစဉ်နေကြောင်း ၎င်းကဆက် လက်ပြောသည်။
လွတ်လပ်စွာ ကုန်စည်များစီးဆင်းရန်အတွက် အကောက်ခွန်နှုန်းထားများဖယ်ရှားသည့် လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် သတ်မှတ်ကာလနှင့်အညီ လျှော့ချနိုင်သော်လည်း အကောက်ခွန်မဟုတ်သည့် ကုန်သွယ်မှု အတားအဆီးများ (Non-Tariff Barrier) ဖယ်ရှားပေးသည့် လုပ်ငန်းစဉ်များကိုမူ ဆောင် ရွက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။
“Non-Tariff တွေဖြစ်တဲ့ မလိုအပ်တဲ့ စာရွက်စာတမ်းတွေကို မလျှော့ချနိုင်သေးတဲ့အတွက် ၂၀၁၅ ဒီဇင် ဘာ ၃၁ ရက် မတိုင်မီမှာ ရာနှုန်းပြည့် ပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး” ဟု ၎င်းက ပြောသည်။
အာဆီယံစီးပွားရေးအသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲများအား ပြည်တွင်းတွင် တစ်နှစ်ကျော်ကြာ ဆောင် ရွက်နေသည့် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ အကြီးတန်းအကြံပေး ဦးတင်ချိုက အခြေခံအဆောက် အအုံများ တည်ဆောက်မှုအပိုင်းတွင် စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံတို့သည် ငွေကြေးအင်အားတောင့်တင်း သည့် နိုင်ငံများဖြစ်သောကြောင့် ၎င်းတို့အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ဗီယက် နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည်လည်း ပြည်ပအကူအညီများဖြင့် ဆောင်ရွက်ရန် ချိတ်ဆက်နေပြီဖြစ်ကြောင်း ပြောသည်။
ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံ၏ အခြေခံအဆောက်အအုံများ မြှင့်တင်ရန်အတွက် နိုင်ငံတကာ အကူအညီများဖြင့်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံထက်သာလွန်သည့် အခြေအနေတွင်ရှိနေသည်ဟု ဦးတင်ချိုက ပြောသည်။
ဒေါ်တင်တင်ထွေးက “လက်ရှိမှာတော့ ပြတင်းတစ်ပေါက်စနစ်နဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုပြည့်မီရန် လုပ်ဆောင်နိုင်မှုပိုင်းမှာ မြန်မာနဲ့လာအိုက မတိမ်းမယိမ်းပေါ့” ဟု ပြောသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် မြန်မာနိုင်ငံအနေဖြင့် စတင်ဆောင်ရွက်ဆဲ အဆင့်သာရှိသော်လည်း လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့တွင်မူ ၎င်းလုပ်ငန်းများ နှင့်ဆက်စပ်သည့် ဥပဒေများပြားပြီး လိုအပ်သည့် ငွေကြေးပိုင်းထောက်ပံ့မှုလည်းရှိနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
အလားတူ အဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းနိုင်ရန် ဆောင်ရွက်ရမည့် သဘောတူညီချက်များနှင့် သက်ဆိုင်ရာနိုင်ငံများအလိုက်ပြထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့် ကိုက်ညီမှုမရှိဘဲ ကွဲပြားမှုရှိနေခြင်းနှင့် ပွင့်လင်းမှုအပိုင်းတွင် အားနည်းချက်များရှိနေသေးကြောင်း ၎င်းကပြောသည်။
အာဆီယံစီးပွားရေးအသိုက်အ၀န်းတည်ဆောက်ရာတွင် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှု အခြေခံဒေသဖြစ်ပေါ်လာရန် ဆောင်ရွက်ရမည့် အခြေခံအချက်များဖြစ်သည့် ကုန်စည်များ၊ ၀န်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ ငွေကြေးအရင်းအနှီးများနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာစီးဆင်းနိုင် ရန် မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုသည် ၈၃ ရာခိုင်နှုန်းကျော် ပြီးစီးမှုရှိပြီး ဒေသ တွင်း နိုင်ငံအလိုက်ရပ်တည်မှုတွင် အဆင့် ၆ နေရာတွင်ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ အခြေစိုက် Economic Research Institute for ASEAN and East Asia (ERIA) ၏ ယခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်ကို ကိုးကားပြီး အငြိမ်းစားညွှန်ကြားရေးမှူးက ပြောသည်။
AEC ဖော်ဆောင်သူများဘက်က ယင်းသို့ဆိုသော်လည်း အခွန်ကောက်ခံမှုများနှင့် ပတ်သက်၍မူ လုပ်ငန်းရှင်များက ဖြေလျှော့ပေးရန် တောင်းဆိုထားမှုများရှိသည်။
Mizzima

No comments:
Post a Comment