Sunday, November 10, 2013
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှု အသင်းပိုင် သုခခန်းမတွင် ကျင်း ပမည့် အလုပ်သမားသမဂ္ဂ ညီလာခံမှ ဆွေးနွေး၍ ရရှိလာသော အချက်အလက်များကို ပြည်သူ့လွှတ်တော် သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရုပ်ပြ ပန်းချီဆရာ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
အဆိုပါ ညီလာခံကို အောက်တိုဘာလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးရှိ အလုပ်သမား သမဂ္ဂပေါင်း ၄၀၀ ကျော်နှင့် တောင်သူလယ်သမား သမဂ္ဂ ၃၀၀ ကျော် တက် ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ကျွန်တော်တို့ လုပ်ရတဲ့ အဓိက အကြောင်းက အလုပ်သမားတွေက အခက်အခဲတွေ ရှိတုန်းပဲ။ အလုပ် သမားတွေ သပိတ်မှောက်ရတဲ့ ကိစ္စပဲ ကြည့်လေ။ ဒီအခြေအနေမှာ စုပေါင်းပြီး လုပ်တာပါ။ ရလဒ် ကိုေ တာ့ ပြည် သူလွှတ်တော် တင်ဖို့ရှိတယ်။ ရက်တော့ အတိအကျ မရှိသေးပါဘူး” ဟု ထပ်မံပြောကြားသည်။
အဆိုပါ ညီလာခံမျိုး ပြုလုပ်ခြင်းသည် အလုပ်သမားအတွက် အဖြေတစ်ခု ထွက်ပေါ်လာဖွယ်ရှိပြီး လုပ်သား များ အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်းကို မိမိတို့ ကြိုဆိုကြောင်း စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment