Monday, November 11, 2013
ဒီကနေ့ ဟာ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံး သွားတဲ့ နေ့ အထိမ်းအမှတ် နေ့ အဖြစ် ကမ္ဘာတဝန်း ရှိ ဓနသဟာ ရ အဖွဲ့ဝင် နိုင်ငံတွေ မှာရော၊ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ မှာပါ၊ စစ်ဖက် ဆိုင်ရာ တာဝန် ထမ်းဆော င် ယင်း ကျဆုံးသွားတဲ့ စစ်သည် ရဲဘော်တွေ အတွက် အမှတ်တရ နေ့ အဖြစ်၊ အလေးပြုတဲ့ အခန်းအနားေ တွ၊ ဆုတောင်းဝတ်ပြုပွဲ တွေ ကျင်းပ ကြပါတယ်။
ဒါပေမယ့် မြန်မာ နိုင်ငံမှာတော့ မြန်မာ့ မြေပုံ ကို ကမ္ဘာ က အသိအမှတ် ပြုရလေအောင်၊ လွတ်လပ်ရေး တို က်ပွဲဝင် ရဲဘော်ဟောင်း မော်ကွန်းဝင် သခင်လှကြိုင် အသက် ၉၃ နှစ် ဟာ ပဲခူးမြို့ တံတားထက် တောင်းရ မ်း စားသောက်နေရတဲ့ ဘဝ ရောက်နေရတာ ဟာ ရင်နာစရာ၊ ရှက်စရာ၊ ဝမ်းနည်းစရာ ကောင်းတဲ့ အကြောင်း ဒိန်းမတ်နိုင်ငံ ဘွန်ဟွန် ပြည်နယ် မှ မွန်တိုင်းရင်းသား မင်းသိန်းဦး က ဘီဘီစီ ကို ပြော ပါတ ယ်။
ဒိန်းမတ် နိုင်ငံမှာ ဆိုရင် အာဖဂန်စစ်ပွဲ၊ အီရပ်စစ်ပွဲ က ပြန်လာသူ စစ်သည်တွေ ကို ဘုရင်၊ ဝန်ကြီးချုပ် အ စရှိတဲ့ နိုင်ငံ ဥသျှောင် တွေ ကိုယ် တိုင်၊ ဒုက္ခိတ ဖြစ်လာသူ စစ်သည် တွေ အပါအဝင်၊ ဂုဏ်ပြု ကြို ဆိုကြောင်း၊ ဒါကြောင့် မို့ မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း တယောက် ကို လည်း ပစ်ပယ် မထားသင့် ပုံ ကို Re membrance Day, or Poppy Day or Armistice Day ကျရောက်တဲ့ နိုဝင်္ဘာ ၁၁ ရက်နေ့ နဲ့ တိုက်တို က် ဆိုင်ဆိုင် မွန် အမျိုးသား မင်းသိန်းဦး က ရှင်းပြပါတယ်။
BBC Burmese
No comments:
Post a Comment