Thursday, November 14, 2013
မြန်မာနိုင်ငံသို့ လာရောက် လေ့လာလိုသည့် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) အား ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူ(၁၅၀)ကျော်တို့က ပိုစတာများကို ကိုင်ဆောင်၍ ယေ န့ မွန်းလွဲ တစ်နာရီအချိန်မှ စတင်ကာ လားရှိုးမြို့ မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
OIC အဖွဲ့၏ မြန်မာနိုင်ငံလာရောက်မည့် ခရီးစဉ်တွင် ဒုက္ခသည်များကူညီမည့် အစီအစဉ်ကို ထောက်ခံေ သ်ာလည်း (၈၂)ဥပဒေအရ ရိုဟင်ဂျာများအား တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရေးကို ကန့်ကွ က် ကြောင်း၊OIC အလိုမရှိဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းကို မြို့နယ် တာဝန်ရှိသူများက ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
နိုဝင်ဘာ ၁၂ ရက်ကလည်း (OIC)ကို ကန့်ကွက်ကြောင်း သံဃာတော်များနှင့် ပြည်သူ တစ်ထောင်ခန့်က ရ န်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
The Myanma Age
No comments:
Post a Comment