Tuesday, November 12, 2013

ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်၍ ပြင်ဆင်လိုခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးနှင့် မပတ်သက်ကြောင်း NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ပြောကြား

8.1.1



Tuesday, 12 November 2013အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်၍ ပြင်ဆင်လိုခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးနှင့် မပတ်သက်ကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် NLD ပါတီ၏ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်သော ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထားရယူပွဲ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပွဲတက်ရောက် လာသူများအား ဦးကိုနီက ရှင်းလင်းပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင်နေခြင်းသည် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်စေချင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မလိုသူများက ၀ါဒဖြန့်ခြင်း၊ သတင်းစာ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားခြင်းများ လုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ရေးဆွဲ စဉ်ကပင် အဖွဲ့ချုပ်အနေဖြင့် တစိုက်မတ်မတ် ကန့်ကွက်ခဲ့ပြီး အမျိုးသား ညီလာခံကပင် ထုတ်ပယ်ခဲ့ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အမျိုးသား ညီလာခံမှ ထွက်လာချိန်တွင် သမ္မတ အရည်အချင်းနှင့် ပတ်သက်သည့်ကိစ္စ မပါသေးဘဲ အခန်း (၁) အခြေခံမူ ရေးဆွဲအပြီးတွင် ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
''ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်လို့ ပြင်ချင်တာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးနဲ့ ဘာမှ မပတ်သက်ပါဘူး။ အခုဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးက ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ အရေးသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးမဟုတ်ပါ။ ကျွန်တော်ပြောမယ် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ဘာမှမဖြစ်ဘူးဗျာ။ သူအေးအေးဆေးဆေး အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့ ပါတီခေါင်းဆောင် တစ်ယောက်အနေနဲ့ သူဆက်လုပ်နေမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာမှမဖြစ်ဘူး။ ဖြစ်မှာက ခင်ဗျားတို့ ကျွန်တော်တို့ ဒုက္ခဖြစ်မှာ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ထိုသို့ပြောဆိုမှုသည် ပုဂ္ဂိုလ်ရေးအရ ဂုဏ်တင်ပြောဆိုခြင်း မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် တစ်တိုင်းပြည်လုံးချစ်၍ ဉာဏ်အမြော်အမြင် ကြီးသည့် အင်မတန်သည်းခံ၍ တစ်ကမ္ဘာလုံးမှ လေစားသည့် ပုဂ္ဂိုလ်မျိုးဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံကို ဦးဆောင်ပါက ဆင်းရဲတွင်းထဲမှ ချက်ချင်းတက်လာ နိုင်ကြောင်း၊ ယင်းအကြောင်း အရာများကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ပြည်သူများက လိုလာခြင်း ဖြစ်ကြောင်း၊ မိမိတို့ ပြည်သူများ၏ လိုလားချက်အရ ပြည်သူ့ဆန္ဒတိုင်း ဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖြစ်အောင်ပြင်ဆင်ပေးရန် တောင်းဆိုပါကြောင်း၊ သမ္မတဖြစ်ခွင့် လူတိုင်းတွင်ရှိကြောင်း၊ လူတိုင်းယှဉ်ပြိုင်ခွင့်ရှိပြီး ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကိုလည်း ကြိုဆိုကြောင်း၊ သမ္မတဦးသိန်းစိန် ပြန်အရွေး ခံပါကလည်း ကြိုဆိုကြောင်း၊ ဆုံးဖြတ်ချက်သည် ပြည်သူတွင်သာရှိပြီး မည်သူသမ္မတ ဖြစ်ပါက မိမိတို့တိုင်းပြည် ချမ်းသာမည် ဆိုသည်မှာ လူတိုင်းသိပြီးသား ကိစ္စဖြစ်ကြောင်း ဦးကိုနီက ဆက်လက် ပြောကြားသည်။
အဆိုပါ အခမ်းအနား၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး လမ်းကြောင်းအား သဘောတူသည့်သူများပြီး NLD ပါတီ၏ သဘာပတိ အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် လူနည်းစုသာ လက်ထောင်၍ အသစ်ရေးဆွဲရေးကို ဆန္ဒပြုခဲ့ကာ တက်ရောက်သူ ရာခိုင်နှုန်း ၉၀ ကျော်မှာ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်၍ ပြင်ဆင်လိုခြင်းသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးနှင့် မပတ်သက်ကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ် NLD ပါတီ၏ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရေးအတွက် နိုဝင်ဘာ ၁၀ ရက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်း၌ ပြုလုပ်သော ရန်ကုန်တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထားရယူပွဲ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ပွဲတက်ရောက် လာသူများအား ဦးကိုနီက ရှင်းလင်းပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင်နေခြင်းသည် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်စေချင်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မလိုသူများက ၀ါဒဖြန့်ခြင်း၊ သတင်းစာ ဂျာနယ်များတွင် ဆောင်းပါးများ ရေးသားခြင်းများ လုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ရေးဆွဲ စဉ်ကပင် အဖွဲ့ချုပ်အနေဖြင့် တစိုက်မတ်မတ် ကန့်ကွက်ခဲ့ပြီး အမျိုးသား ညီလာခံကပင် ထုတ်ပယ်ခဲ့ကြောင်း၊ အဖွဲ့ချုပ်အနေဖြင့် အမျိုးသား ညီလာခံမှ ထွက်လာချိန်တွင် သမ္မတ အရည်အချင်းနှင့် ပတ်သက်သည့်ကိစ္စ မပါသေးဘဲ အခန်း (၁) အခြေခံမူ ရေးဆွဲအပြီးတွင် ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
''ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်လို့ ပြင်ချင်တာ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးနဲ့ ဘာမှ မပတ်သက်ပါဘူး။ အခုဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး၊ မဖြစ်ရေးက ကျွန်တော်တို့ တိုင်းသူပြည်သားတွေရဲ့ အရေးသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးမဟုတ်ပါ။ ကျွန်တော်ပြောမယ် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ဘာမှမဖြစ်ဘူးဗျာ။ သူအေးအေးဆေးဆေး အမျိုးသားခေါင်းဆောင် တစ်ယောက်အနေနဲ့ ပါတီခေါင်းဆောင် တစ်ယောက်အနေနဲ့ သူဆက်လုပ်နေမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာမှမဖြစ်ဘူး။ ဖြစ်မှာက ခင်ဗျားတို့ ကျွန်တော်တို့ ဒုက္ခဖြစ်မှာ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။
ထိုသို့ပြောဆိုမှုသည် ပုဂ္ဂိုလ်ရေးအရ ဂုဏ်တင်ပြောဆိုခြင်း မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် တစ်တိုင်းပြည်လုံးချစ်၍ ဉာဏ်အမြော်အမြင် ကြီးသည့် အင်မတန်သည်းခံ၍ တစ်ကမ္ဘာလုံးမှ လေစားသည့် ပုဂ္ဂိုလ်မျိုးဖြစ်ပြီး အဆိုပါ ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံကို ဦးဆောင်ပါက ဆင်းရဲတွင်းထဲမှ ချက်ချင်းတက်လာ နိုင်ကြောင်း၊ ယင်းအကြောင်း အရာများကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ပြည်သူများက လိုလာခြင်း ဖြစ်ကြောင်း၊ မိမိတို့ ပြည်သူများ၏ လိုလားချက်အရ ပြည်သူ့ဆန္ဒတိုင်း ဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖြစ်အောင်ပြင်ဆင်ပေးရန် တောင်းဆိုပါကြောင်း၊ သမ္မတဖြစ်ခွင့် လူတိုင်းတွင်ရှိကြောင်း၊ လူတိုင်းယှဉ်ပြိုင်ခွင့်ရှိပြီး ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကိုလည်း ကြိုဆိုကြောင်း၊ သမ္မတဦးသိန်းစိန် ပြန်အရွေး ခံပါကလည်း ကြိုဆိုကြောင်း၊ ဆုံးဖြတ်ချက်သည် ပြည်သူတွင်သာရှိပြီး မည်သူသမ္မတ ဖြစ်ပါက မိမိတို့တိုင်းပြည် ချမ်းသာမည် ဆိုသည်မှာ လူတိုင်းသိပြီးသား ကိစ္စဖြစ်ကြောင်း ဦးကိုနီက ဆက်လက် ပြောကြားသည်။
အဆိုပါ အခမ်းအနား၌ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး လမ်းကြောင်းအား သဘောတူသည့်သူများပြီး NLD ပါတီ၏ သဘာပတိ အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင် အပါအ၀င် လူနည်းစုသာ လက်ထောင်၍ အသစ်ရေးဆွဲရေးကို ဆန္ဒပြုခဲ့ကာ တက်ရောက်သူ ရာခိုင်နှုန်း ၉၀ ကျော်မှာ ပြင်ဆင်ရေး လမ်းကြောင်းအား တစ်ခဲနက် ဆန္ဒပြုခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List