Thursday, November 14, 2013

ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒခံယူပွဲ နေပြည်တော်မှာကျင်းပဖို့ NLD ပြင်ဆင်

Thursday, November 14, 2013
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အ သစ်ရေးမလားဆိုတဲ့ ဆန္ဒကောက်ခံပွဲကို နေပြည်တော်မှာလည်းကျင်းပဖို့ ပြင်ဆင်နေပါတယ်။

အဲဒီဆန္ဒကောက်ခံပွဲကို လာမယ့်သတင်းပတ် နိုဝင်ဘာလ ၁၈ ရက် တနင်္လာနေ့မနက်မှာ နေပြည်တော် ဇ မ္ဗူသီရိမြို့နယ်မှာ ကျင်းပမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မယ်လို့ ဥတ္တရသီရိမြို့ န ယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။
"၁၈ ရက် တနင်္လာနေ့ပေါ့လေ၊ ဇမ္ဗူသီရိမြို့နယ် အောင်သပြေရပ်ကွက်မှာလုပ်ပါမယ်၊ ၈ နာရီခွဲကနေ ၁ဝ နာခွဲအထိ၊ အဲဒီပွဲကိုလည်း ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါမ ယ်၊ေ နာက် ကျနော်တို့အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း အခြေခံဥပဒေနဲ့ ပတ်သက်လို့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ဟောပြောဖို့လည်းရှိပါတယ်"

ကျင်းပမယ့်နေရာက ကွင်းပြင်ကျယ်ဖြစ်တဲ့အတွက် လူသောင်းနဲ့ချီဆန့်မှာဖြစ်လို့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်း က NLD ပါတီဝင်တွေ၊ ဒေသခံပြည်သူတွေလည်း တက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List