Tuesday, November 12, 2013

အခြေခံလစာတိုးမြှင့်ရန်အတွက် အီလန်မြန်မာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၇၀၀ ခန့် ဆန္ဒပြ

Tuesday, November 12, 2013

ရွှေပြည်သာမြို့နယ်၊ အီလန်မြန်မာ အထည်ချုပ်စက်ရုံ အခြေခံလစာတိုးမြှင့်ရန်အတွက် အလုပ်သမား ၇၀၀ ခန့် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဆန္ဒပြကြသည်ဟု အဆိုပါစက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌ ကိုမျိုးမင်း က မဇ္ဈိမကို ပြောသည်။

စက်ရုံတွင် အလုပ်သမား ၁၁၀၀ ကျော်ရှိပြီး စက်ရုံအလုပ်သမားများ ဆန္ဒဖော်ထုတ်ခြင်းမှာ ပထမဆုံးအကြိ မ်ဖြစ်ကာ အခြေခံလစာ ကျပ် သုံးသောင်းတိုးမြှင့်ရန်နှင့် ဆုကြေးငွေ ရရှိရန်အတွက် အထည်ချုပ်စက် ရုံရှေ့ တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ကိုမျိုးမင်းက "အခြေခံလစာ ကျပ်သုံးသောင်းရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်။ ပထမသူဌေး လက်ထက်မှာတစ်နှစ်ကို ဆုကြေး လေးကြိမ်ပေးခဲ့တယ်။ အီလန်မြန်မာသူဌေးကို ပြောင်းလိုက်ရော တစ်နှစ် ကို နှစ်ကြိမ်ပဲ ပေးတော့တယ်။ တောင်းတဲ့ လစာကို ပေးမယ်ဆိုရင် အပိုငွေ(ဘောနပ်)ကို ကျွန်တော်တို့ေ လျှာ့ယူမယ်" ဟု ပြောသည်။

ယင်းလစာတိုးမြှင့်ရန်နှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၃ ရက်တွင် အလုပ်သမားရုံးကို တင်ပြခဲ့ပြီး အော က်တိုဘာလ ၂၄ ရက်တွင် ညှိနှိုင်းခဲ့ကာ အဆင်မပြေခဲ့သည့်အတွက် နိုဝင်ဘာလ ၁၂ ရက်တွင် ဆန္ဒဖော်ထု တ်ခြင်းဖြစ်သည်။

“အခြေခံ လူတန်းစားတွေက အချိန်ပိုဆင်းမှ ပိုက်ဆံရမယ်။ အချိန်ပို မဆင်းရင် ပိုက်ဆံမရဘူး ဖြစ်ေ နတ ယ်။ စက်ရုံက လည်ပတ်မှုမကောင်းလို့ ပိတ်မယ်ဆိုရင်တောင် အခြေခံလစာနဲ့ လျော်ကြေးပေးရင် ဘာမှရ မှာမဟုတ်ဘူး။ လစာပုံသေပေးရမယ့်ဟာမျိုးမှာ ပါအောင် ထည့်တောင်းတာ” ဟု သမဂ္ဂဥက္ကဌ ကိုမျိုးမင်းက ဆိုသည်။

လက်ရှိအခြေခံလစာမှာ ၃၃၀၀၀ ကျပ်ရရှိပြီး အချိန်ပိုများထည့်ပေါင်းလျှင် တစ်လ လစာ ၉၀၀၀၀ ကျပ် ၀န်း ကျင်သာရရှိသည့်အတွက် အခြေခံလစာကို ၃၀၀၀၀ ကျပ်တိုးပေးရန် ထပ်မံတောင်းဆိုခြင်းဖြစ်သည်။

ရန်ကုန်တိုင်း၊ အလုပ်သမားရုံး တိုင်းဦးစီးမှုး ဒေါ်မို့မို့သွင်က “လုပ်ခလစာ တိုးတောင်းတာ ညှိလို့မရသေး ဘူး။ အလုပ်ရှင်က နိုင်ငံခြားကလာမှာ” ဟု ၎င်းညှိနှိုင်းပေးရသည့် အခြေအနေကို ပြောပြသည်။

အီလန်မြန်မာ အထည်ချုပ်စက်ရုံပိုင်ရှင်သည် ကိုရီးယားနိုင်ငံသားဖြစ်ပြီး လာမည့် နိုဝင်ဘာ ၁၈ ရက်တွင် ယခု အလုပ်သမားများ ဆန္ဒပြနေသည့်ကိစ္စအတွက် လာရောက်ညှိနှိုင်းမည်ဖြစ်သည်။ ထို့ပြင် တိုင်းဦးစီးမှုး အနေနှင့် ဆန္ဒပြအလုပ်သမားများကို ဆက်လက်ဆန္ဒမပြဘဲ အလုပ်ရှင်လာရောက်သည်အ ထိ စောင့်ရ န် မေတ္တာရပ်ခံထားသည့်အတွက် ဆန္ဒပြသူများကလည်း လိုက်လျောခဲ့သည်။

ရွှေပြည်သာမြို့နယ် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဥက္ကဌ ဦးစစ်အောင်နိုင် "သူတို့
ဒုက္ခမရောက်ဖို့အတွက် ၀န်းရံပေးတဲ့ သဘောမှာဘဲ ရှိပါတယ်။ သူတို့လုပ်တဲ့ လုပ်အားအပေါ်မှာ ထပ်တိုးေ ပးသင့်တယ်လို့ မြင်တယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။

အီလန်မြန်မာ အထည်ချုပ်စက်ရုံသည် ယခင်က World Fashion နာမည်ဖြင့်မှတ်ပုံတင်ခဲ့ပြီး စက်ရုံသည်ေ ရွှပြည်သာမြို့နယ်၊ ဈ ၃၄၊ ၁၀ ရပ်ကွက်၊ စံချစ်ဝန် ဦးညွန့်လမ်း၊ ကျောက်ခွဲစက်အနီးတည်ရှိသည်။

(မဇ္ဈိမသတင်းဌာန)

No comments:

Post a Comment

My Blog List