Monday, November 11, 2013

ပြည်တွင်းရွှေဈေး နှစ်ရက်အတွင်း ကျပ် ၄,၀၀၀ကျော် ဈေးကျဆင်း

Monday, 11 November 2013 

Gold
နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ အကျဘက်သို့ ဦးတည်နေသည့် ပြည်တွင်းရွှေဈေးသည် နိုဝင်ဘာ ၈ ရက်တွင် ကျပ် ၆၈၅,၂၀၀ ဈေးမှ ၁၀ ရက်တွင် ကျပ် ၆၈၀,၇၀၀ ဈေးသို့ ကျပ် ၄၀၀၀ ကျော်ကျဆင်းသွား ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ပြောသည်။
နိုဝင်ဘာလ ၁ ရက်တွင် ရွှေဈေး ကျပ် ၆၈၇,၀၀၀ ဈေးရှိရာမှ ကမ္ဘာ့ရွှေဈေး ပြန်ကျဆင်းခြင်းကြောင့် ပြည် တွင်းဈေးပါ တဖြည်းဖြည်း ဈေးကျဆင်းနေပြီး ၁၀ ရက်အတွင်း ကျပ် ၇၀၀၀ နီးပါး ဈေးကျဆင်းလာခြင်း ဖြစ်သည်။
အောင်သမာဓိရွှေဆိုင် (မန္တလေး ပင်ရင်း) ၏ တာဝန်ခံ ဦးမော်က “ကမ္ဘာ့ရွှေဈေး ထိုးကျနေတာကြောင့် ပြည်တွင်းရွှေဈေးက ကျလာတယ်၊ ပုံမှန်ဆိုရင်တော့ ဒီဇင်ဘာလောက်ဆို ရွှေဈေးတက်လေ့ရှိတယ်၊ ဒါပေ မဲ့ အမေရိကန်ကလည်း စီးပွားရေးပြန်ကောင်းလာတာကြောင့် ရွှေဈေးက ခန့်မှန်းရခက်တယ်၊ (ကန်) ဒေါ် လာဈေးက ပြန်မာနေတယ်” ဟု ပြောသည်။
အောက်တိုဘာ ၃၁ တွင် ကျပ် ၆၉၁,၀၀၀ ဈေးရှိရာမှ နိုဝင်ဘာလဆန်း နောက်ပိုင်းတွင် ရွှေဈေးကျပ် ၆၉၀,၀၀၀ ဈေးအောက်သို့ ပြန်ရောက်လာခဲ့ပြီး ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး ရုတ်တရုတ် ကျဆင်းခြင်း ကြောင့် ၁၀ ရက်အတွင်း ရွှေဈေးကျပ် ၇၀၀၀ ကျော် ဈေးကျလာသည်။

Mizzima

No comments:

Post a Comment

My Blog List