Friday, November 22, 2013

ပုဒ်မ ၁၈ ဖျက်သိမ်းရေး လွှတ်တော်တွင် ဆွေးနွေးရန် အမှု ရင်ဆိုင်နေရသော တရားခွင်များသို့ ဦးသိန်းညွန့်လိုက်လံလေ့လာ

Friday, November 22, 2013
ပုဒ်မ- ၁၈ ဖျက်သိမ်းရေးအတွက်လာ မည့်လွှတ်တော် တွင် ဆွေးနွေး နိုင်ရန် သင်္ဃန်းကျွန်းမြို့ နယ်၊ ပြ ည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယင်းပုဒ်မဖြင့် အ မှုရင်ဆိုင်နေရသောတရားခွင် များသို့ လိုက်လံလေ့လာနေပြီဖြစ် ကြောင်း သိရသည်။

ပထမဦးဆုံးအနေဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ရက်က လက်ပံ တောင်းတောင်အရေး ဆန္ဒထုတ်ဖော် မှုေ ကြာင့် ပုဒ်မ-၁၈ဖြင့် တရားစွဲခံ ထားရသော မိုးသွေး(ခ)ဦးသူရ ထွန်းအပါအဝင် ခြော က်ဦး၏တရားခွင်ဖြ စ်သော ကြည့်မြင်တိုင် မြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၂၁ ရက်က သွားရောက်လေ့လာခဲ့သည်။
ပုဒ်မ-၁၈နှင့်ပတ်သက်၍ ဦးသိန်းညွန့်က ''ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ-၃၅၄နဲ့ ညီ၊ မညီဆို တာ ပြန်ကြ ည့်ဖို့လိုပါ တယ်။ (၈)ကြိမ် မြောက်လွှတ်တော်မှာ ပုဒ်မ-၁၈ ကိုဖျက်သိမ်း ဖို့ ပြင်ဆင်ချက်တင် ထားပြီးပါပြီ။ အခုလို လာလေ့လာ ခြင်းက လာမယ့်လွှတ်တော် မှာ ဆွေးနွေးတဲ့ အခါ အထောက်အ ကူပြုနိုင်ပါတယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အားကောင်း လာ ဖို့၊ နိုင်ငံတကာက စောင့်ကြည့် စရာမျိုးမဖြစ်ဖို့ ပုဒ်မ-၁၈ကိုဖျက် သိ မ်းပေးဖို့လိုပါတယ်''ဟုရန်ကုန် တိုင်းမ်သတင်းစာသို့ပြောသည်။

နိုဝင်ဘာ ၂၂ရက်နေ့တွင် စမ်းချောင်းနှင့် လသာတရားရုံး များမှ ပုဒ်မ-၁၈နှင့် တရားစွဲခံ ထားရသူများ၏ တ ရားခွင်များ သို့ သွားရောက်လေ့လာဦးမည်ဖြစ် ကြောင်း ဆက်လက်ပြောသည်။

ပုဒ်မ-၁၈နှင့်ပတ်သက်၍ ဒီမိုကရေစီနှင့် အမျိုးသမီးကွန် ရက်မှ ဒေါ်နော်အုန်းလှက ''တ ကယ်တမ်းတော့ ပုဒ်မ-၁၈ဆို တာ ပြည်သူတွေကို ထိန်းချုပ်ထား တာပါ။ ဒီမိုကရေစီခေတ် မှာ ပြည်သူတစ်ယောက်ရဲ့ လွတ် လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချုပ် ထားတာဖြစ်ပါတယ်။ ဒီပုဒ်မကို လွှတ်တော်မှာလဲ ပယ်ဖို့ကြိုး စား နြေ ကပြီလို့ ကြားပါတယ်''ဟု ပြောသည်။

Yangon Media Group

No comments:

Post a Comment

My Blog List