Monday, August 26, 2013

ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးနေသည့် မြန်မာလုပ်သားများအတွက် တရားဝင် ဆက်လက်လုပ်ကိုင်နိုင်ရန် သြဂုတ်နောက်ဆုံးပတ်မှ စတင်လုပ်ဆောင်မည်

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေးထိုးခဲ့သည့် နားလည်မှု စာချွှန်လွှာအရ ထိုင်းနိုင်ငံတွင် နေထိုင် လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လာရဖွယ် ရှိနေသည့် မြန်မာလုပ်သားများ တရားဝင် ဆက်လက်လုပ်ကိုင်ခွင့်ရရန် ဘန်ကောက်မြို့ မြန်မာသံရုံးမှ သြဂုတ်လကုန်ပိုင်းမှ စတင်လုပ်ဆောင်ပေး မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ သြဂုတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံအတွင်း၌ ရွှေ့ပြောင်းလုပ်သား သုံးသန်းကျော်အထိ ရှိနေပြီး ရာခိုင်နှုန်း ၈၀ ခန့်မှာ မြန်မာလူမျိုး များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ လာအိုအစိုးရများနှင့် နိုင်ငံအချင်းချင်း အကြား ရွှေ့ပြောင်းလုပ်သားဆိုင်ရာ နားလည်မှု စာချွန်လွာများ ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် ဇူလိုင်မှ စတင်ကာ ထိုင်းနိုင်ငံအစိုးရ အနေဖြင့် မြန်မာလုပ်သားများအတွက် ယာယီပတ်စ်ပို့နှင့် ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံသား စိစစ်ခြင်း လုပ်ငန်းစဉ်များအား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တရားဝင်လုပ်ကိုင်ခွင့်ပေးရာတွင်နှစ်နှစ်သက်တမ်း ဗီဇာထုတ်ပေးခြင်းဖြစ်ပြီးအဆိုပါ နှစ်နှစ်သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံ၍ နှစ်နှစ်သက်တမ်း တိုးပေးမည်ဖြစ်ကာ တိုးမြှင့်သက်တမ်း ကုန်ဆုံးချိန်တွင် မူ မြန်မာလုပ်သား အနေဖြင့် မြန်မာနိုင်ငံအတွင်း သုံးနှစ်ပြန်လည် နေထိုင်ရမည်ဖြစ်ကာ သုံးနှစ်ပြည့်ချိန် မှသာ ထိုင်းနိုင်ငံအတွင်း ပြန်လည်လုပ်ပိုင်ခွင့် ရရှိမည် ဖြစ်သည်။
လက်ရှိကာလတွင် နေထိုင်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့် ချီနေပြီဖြစ်ပြီး ထပ်မံသက်တမ်းကုန်ဆုံးမည့် မြန်မာနိုင်ငံသား သိန်းနှင့်ချီ ကျန်ရှိနေကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

No comments:

Post a Comment

My Blog List