Wednesday, August 28, 2013

သွေးလွန်တုပ်ကွေးရောဂါကြောင့် လာရောက်ကုသသူငါးရာကျော်ရှိ

Wednesday, August 28, 2013
မန္တလေးကုတင်၅၅၀ကလေးဆေးရုံတွင်ယခုနှစ်ဇန်နဝါရီမှဇူလိုင်လကုန်အထိသွေးလွန်တုပ်ကွေးရောဂါ ဖြစ် ပွား၍ လာရောက်ကုသသူ ဦးရေ ၅၂၈ဦး ရှိခဲ့ ပြီး နယ်မြို့ များမှ လာရောက် ကုသသူ ကလေးသုံးဦး သာ သေဆုံးခဲ့ကြောင်း ဆေးရုံအုပ် ဒေါက်တာစိန်ဟန်က ပြောသည်။
“ရှော့ဖြစ်သွားတယ်။ သွေးယိုတာတအားများတယ်။ နယ်ဆေးရုံတက်တယ်။ နယ်ဆေးရုံမှာ ပစ္စည်း ကိရိယာမစုံဘူး။ အဲဒီတော့မန္တလေးသွား မန္တလေးမှာကုလို့ ရတယ်လို့ ပြောတော့ မန္တလေးကို လာကြတယ်။ ကလေးကအိမ်မှာ ဖျားတာတစ်ရက်၊ ဆေးရုံမှာနေ့ တဝက်၊ မိုးကုတ်လိုနေရာကနေလာရင် ခြောက်နာရီ ကြာတယ်။ အဲလိုကြောင့် သေဆုံးကြရတာ များတယ်”ဟု ၎င်းကပြောသည်။
သွေးလွန်တုပ်ကွေးသည် ကျောင်းနေအရွယ်ကလေးများနှင့် ၁၂နှစ်အောက်ကလေးများတွင် အဖြစ် များသော်လည်း ယခုအခါလူကြီးများလည်း ခံစားနေရသောရောဂါတစ်ခုဖြစ်ကြောင်း၊ ၎င်းသွေးလွန် တုပ်ကွေးရောဂါ သည် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့ တွင် အများဆုံးရောဂါဖြစ်ကြောင်း၊ သို့သော် ၎င်းရောဂါကြောင့် သေဆုံးမှု နှုန်းမှာ၁%သာ ရှိကြောင်းလည်း သိရသည်။“သွေးလွန်တုပ်ကွေးဆိုရင် မိဘတွေကအရမ်းကြောက်တယ်။ ဖျားပြီဆိုရင် သွေးလွန်တုပ်ကွေးလက္ခဏာ ဟုတ်/မဟုတ် သူတို့ တန်းသိကြတယ်”ဟု သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သည့်
ကျန်းမာရေးဗဟုသုတ ရှိကြသောကြောင့် ဖြစ်ပွားမှုများသော်လည်း သေဆုံးသူနည်းပါးရခြင်းကို သုံးသပ်ပြသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပါလျှင် ဆေးဆိုင်များမှ အကိုက်အခဲပျောက်ဆေးကို သောက်သုံးမိပါက သွေးလွန်ရန် အခြေအနေများကြောင်းလည်း ဒေါက်တာစိန်ဟန်က ပြောသည်။
“အကိုက်အခဲပျောက်ဆေးတွေမှာ သွေးယိုတာကို အားပေးတယ်။ အကိုက်အခဲပျောက်ဆေး အများစုမှာ သွေးမတိတ်စေတဲ့ အာနိသင် ပါဝင်တယ်။ ဒါကြောင့်ဖျားနာပြီဆိုရင် ဆေးမြီးတို အပူကျဆေးတွေ သုံးမိရင်အကယ်၍ များသွေးလွန်တုပ်ကွေး ဖြစ်နေခဲ့ရင် ကလေးမှာသွေးလွန်မယ့် အခြေအနေ အရမ်းများတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လူလူ

မြန်မာ့ခေတ်

No comments:

Post a Comment

My Blog List