Tuesday, August 27, 2013

နေ့ ပိုင်း ဖွင့်သည့် ကလပ်များကို အရေးယူတော့မည်

Tuesday, August 27, 2013
နေ့အချိန် ဖွင့်သည့်ကလပ်များ (Day Club) ကို အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှတာဝန်ရှိသူက '' Day Clubတွေရှိနေလို့ကလေးတွေ၊ကျောင်းသားတွေပိုပျက်စီးကြတယ်ဆိုပြီး တိုင်တာတောတာ တွေရှိလာတယ်။ ဒါကြောင့် Day Club တွေကို အရေးယူဖို့လုပ်နေ တယ်။ တကယ်တော့ နိုက်ကလပ် ကလဲ တရားဝင် ဖွင့်ခွင့်ပေးထား တာမဟုတ် ပါဘူး''ဟု ပြောသည်။
ကျောင်းသားလူငယ်များကိုပျက်စီးစေသည့် အတွက် Day Club များကိုအရေးယူပေးပါရန် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအ ဖွဲ့ထံ တိုင်ကြားမှုများရှိနေကြောင်း၊ ယင်းကြောင့် Day Club များကို အရေးယူရန် ဆောင် ရွက်ခြင်းဖြစ် ကြောင်း သိရသည်။ Day Club တစ်ခုရှိ ဝန်ထမ်း တစ်ဦးက ''ကလပ်ကိုလာတဲ့သူ တွေက ဆယ်ကျော်သက်ကလေး တွေများ တယ်။ ၁၃နှစ်ကနေ ၁၉၊ ၂ဝအရွယ်တွေပဲ လာတာ။ ၂၀ ကျော်နည်းတယ်။ ဆယ်ကျော်သက် ကလေး သာသာဆိုပေမယ့် ကောင် မလေးတွေ ဝတ်တာ လန်ထွက်နေ တာပဲ။ ကျွန်တော်တို့ကလပ်ဆို တက္ကစီအ ဝင် မခံဘူး။ ကိုယ်ပိုင် ကားနဲ့လာမှရတာဆိုတော့ သူဌေး သား၊ သမီးတွေပဲ လာကြတာ''ဟု ပြောသည်။
နိုက်ကလပ်များကို ည ၁၁ နာရီအထိသာဖွင့်ခွင့်ပေးပြီး သတ် မှတ်ချိန် ထက်ကျော် လွန်ပါက အ ရေးယူ မည်ဖြစ်ကြောင်း သိရသည်။

အေးမြမြထွန်း
Yangon Media Group

No comments:

Post a Comment

My Blog List