Wednesday, August 28, 2013

ဆီးရီးယားကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန် အဆင်သင့်ဖြစ်

Wednesday, August 28, 2013
ဆီးရီးယားနိုင်ငံက ပဋိပက္ခနဲ့ပတ်သက်ပြီး ပါဝင်တိုက်ခိုက်မှုပြုလုပ်ရမယ်ဆိုရင် အမေရိကန် ကာကွယ်ရေး ဌာနအနေနဲ့ သွားဖို့အသင့်ရှိနေတယ်လို့ အမေရိကန်နိုင်ငံကာကွယ်ရေးဌာနက ဆိုပါတယ်။
အမေရိကန်သမ္မတ Barack Obama ရဲ့ အမိန့်ပေးတဲ့အပေါ်မှာ လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန် စစ်တပ်က အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံက တိုက်ပွဲတွင်းမှာ ဆီးရီးယားအစိုးရစစ်တပ်ဖက်က ဓာတုလက်နက်တွေ အသုံးပြုတယ် ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန်နိုင်ငံအနေနဲ့တုံ့ပြန်မှုလုပ်ဖို့အတွက် ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း လွှတ်တော်မှာ ဆွေးနွေးမှုပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပြီးတော့ ဓါတုလက်နက် အသုံးပြု တဲ့အပေါ်မှာ တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်မှုလုပ်ဖို့ကိုလည်း စဉ်းစားနေလို့ ဆိုပါတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံအနေနဲ့ အခုချိန်ထိ ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးဘူးလို့ ဆိုပါတယ်။
ဆီးရီးယားစစ်တပ်ဖက်ကတော့ သူတို့အနေနဲ့ ဓါတုလက်နက်မသုံးပဲ သူပုန်ဖက်ကသုံးတာဖြစ်တယ် လို့ ပြန်လည်စွပ်စွဲထားပါတယ်။ ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်အဖွဲ့ဖြစ်ကြတဲ့ ရှရှားနဲ့ တရုတ်နိုင်ငံကလည်း အခုလို စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ သတိပေးချက်တွေ ပိုမိုတိုးမြင့်လိုက် ပါတယ်။
Photo: ဆီးရီးယားကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန် အဆင်သင့်ဖြစ်
Wednesday, August 28, 2013

ဆီးရီးယားနိုင်ငံက ပဋိပက္ခနဲ့ပတ်သက်ပြီး ပါဝင်တိုက်ခိုက်မှုပြုလုပ်ရမယ်ဆိုရင် အမေရိကန် ကာကွယ်ရေးဌာနအနေနဲ့ သွားဖို့အသင့်ရှိနေတယ်လို့ အမေရိကန်နိုင်ငံကာကွယ်ရေးဌာနက ဆိုပါတယ်။

အမေရိကန်သမ္မတ Barack Obama ရဲ့ အမိန့်ပေးတဲ့အပေါ်မှာ လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန်စစ်တပ်က အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံက တိုက်ပွဲတွင်းမှာ ဆီးရီးယားအစိုးရစစ်တပ်ဖက်က ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန်နိုင်ငံအနေနဲ့တုံ့ပြန်မှုလုပ်ဖို့အတွက် ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း လွှတ်တော်မှာ ဆွေးနွေးမှုပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပြီးတော့ ဓါတုလက်နက်အသုံးပြုတဲ့အပေါ်မှာ တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်မှုလုပ်ဖို့ကိုလည်း စဉ်းစားနေလို့ဆိုပါတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံအနေနဲ့ အခုချိန်ထိ ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးဘူးလို့ ဆိုပါတယ်။

ဆီးရီးယားစစ်တပ်ဖက်ကတော့ သူတို့အနေနဲ့ ဓါတုလက်နက်မသုံးပဲ သူပုန်ဖက်ကသုံးတာဖြစ်တယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။ ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်အဖွဲ့ဖြစ်ကြတဲ့ ရှရှားနဲ့ တရုတ်နိုင်ငံကလည်း အခုလို စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ သတိပေးချက်တွေ ပိုမိုတိုးမြင့်လိုက်ပါတယ်။

အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့တပတ်က ဆီးရီးယား ပဋိပက္ခအတွင်း စစ်တပ်ဖက်က ဓါတုလက်နက်အသုံးပြုမှုတွေရှိတယ်ဆိုတာကို အမေရိကန်ထောက်လှမ်းရေးတွေ တွေ့ရှိထားပြီး ဒီအချက်တွေကို ဖော်ပြသွားဖို့ရှိတယ်လို့ဆိုပါတယ်။

ဆီးရီးယား အစိုးရကတော့ ဓါတုလက်နက်အသုံးပြုမှုကိစ္စနဲ့ပတ်သက်ပြီး ၀င်ရောက်စုံစမ်းစစ်ဆေးဖို့ အဖွဲ့ လမ်းဖွင့်ထားတယ်လို့ဆိုပါတယ်။

ဆီးရီးယားနိုင်ငံထဲကို နိုင်ငံတကာက စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုတွေလုပ်မယ်ဆို ရင် ဒေသတွင်းကပြဿနာပိုမိုကြီးထားဖို့ပဲရှိတယ်လို့ အီရန်နိုင်ငံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ABC Radio Australia

Russia and Western powers continue to disagree over a course of action following the alleged use of chemical weapons in Syria. (Credit: Reuters)
အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့တပတ်က ဆီးရီးယား ပဋိပက္ခအတွင်း စစ်တပ်ဖက်က ဓါတုလက်နက် အသုံးပြု မှုတွေရှိတယ်ဆိုတာကို အမေရိကန်ထောက်လှမ်းရေးတွေ တွေ့ရှိထားပြီး ဒီအချက်တွေကို ဖော်ပြသွားဖို့ရှိ တယ်လို့ဆိုပါတယ်။ဆီးရီးယား အစိုးရကတော့ ဓါတုလက်နက်အသုံးပြုမှုကိစ္စနဲ့ပတ်သက်ပြီး ၀င်ရောက် စုံစမ်း စစ်ဆေးဖို့ အဖွဲ့ လမ်းဖွင့်ထားတယ်လို့ဆိုပါတယ်။
ဆီးရီးယားနိုင်ငံထဲကို နိုင်ငံတကာက စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုတွေလုပ်မယ်ဆို ရင် ဒေသတွင်း ကပြဿနာပိုမိုကြီးထားဖို့ပဲရှိတယ်လို့ အီရန်နိုင်ငံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ABC Radio Australia

No comments:

Post a Comment

My Blog List