Wednesday, August 28, 2013

လင်းဇင်းကုန်းသုသာန်ရှိ ထိုင်းဘုရင့်အုတ်ဂူနေရာ ဥယျာဉ်ပြုလုပ်ရန် ခွင့်ပြုမိန့် မရသေး

Wednesday, August 28, 201
လင်းဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင့်အုတ်ဂူ နေရာအား အထိမ်းအမှတ်ဥယျာဉ် တည်ဆောက်ရန် မြို့တော် စည်ပင်မှ တရားဝင်ခွင့်ပြုမိန့် မထုတ် ပြန်ရသေးကြောင်း မန္တလေးတိုင်း ဒေသကြီး မြို့တော်စည်ပင်ဌာနမှ သိရသည်။ မန္တလေးတိုင်း အမရပူရ မြို့နယ်ရှိ ယင်းထိုင်းဘုရင့်အုတ်ဂူဟု ယူဆရသော လင်းဇင်းကုန်း သုသာန်နေရာ၏ အုတ်ဂူနေရာအား အထိမ်းအမှတ်ဥယျာဉ်အဖြစ် မြန်မာနိုင်ငံ သုတေသနအဖွဲ့မှ တည်ဆောက်လိုကြောင်း သိရ သည်။
''ဦးတို့ဆီကိုတော့ အထက်ကလူကြီးတွေကဘာမှညွှန်ကြားတာမျိုးလဲမရှိဘူး။ ဒီနေရာမှာ ဒါဆောက်ရမယ်လို့ လဲ ပြောထားတာမျိုးမရှိဘူး။ သူတို့ဘက်က ဆောက်ဖို့ စာတော့တင်ထားတာ မှန်ပါတယ်။ ဒါပေမဲ့ ထိုင်း ဘုရင့်အုတ်ဂူဆိုတာကိုလဲ သေချာအောင် စစ်ဆေးမှုတွေပြုလုပ် နေတာတွေကိုလဲ တွေ့ရတယ်။ အဲဒီ သုသာန်မှာက တခြားဆွေတော်မျိုးတော်တွေရဲ့အုတ်ဂူတွေလဲ ရှိတယ်လေ။ ဒါကြောင့် ခုတော့ ရှေးဟောင်း သုတေသနလုပ်ထားပြီး ထိုင်းဘုရင့်အုတ်ဂူလို့ ဆိုပြီးတော့ သံဆန်ခါတွေနဲ့ တံတိုင်းခတ်ထားတာပဲ ရှိပါသေး တယ်''ဟု မန္တလေးစည်ပင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။အဆိုပါသုသာန်အတွင်းရှိ ထိုင်းဘုရင့်အုတ်ဂူဟုယူဆရသည့်အုတ်ဂူအား ထိုင်းနိုင်ငံမှလည်းလာရောက်လေ့ လာမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
''အစ်မတို့ သိထားတာကတော့ အဲဒီထိုင်းဘုရင့်အုတ်ဂူနေရာကို ရှေးဟောင်းသုတေသနကပဲ တံတိုင်းခတ် ထားတယ်။ ဒါပေမဲ့ ဥယျာဉ်တည်ဆောက်မယ်ဆိုတာမျိုးတော့ မကြားမိဘူး။ တကယ်လို့ ဆောက်ခွင့်ပြုမယ် ဆိုရင်တောင်ကြာဦးမယ်လို့ထင်တယ်။ ခုချိန်ထိတော့အစ်မတို့ဘာမှမသိရသေးဘူး။ အချိန်ဘယ်လောက် ကြာမှ ဆောက်ဖြစ် မယ်ဆိုတာကိုလဲ အစ်မတို့ မပြော နိုင်ဘူး။ အားလုံးက အထက်က လူကြီးတွေ ခွင့်ပြုမှ ပဲ ဆောက်ခွင့် ရမှာပါ''ဟု မန္တလေးတိုင်း အမရ ပူရမြို့နယ် စည်ပင်မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦး က ပြော သည်။
ယင်းလင်းဇင်းကုန်းသုသာန် တွင် အယုဒ္ဓယခေတ် ထိုင်းဘုရင် ကြီးဥတုံတရအုတ်ဂူဟု ယူဆရ သော အုတ်ဂူအား ထိုင်းနိုင်ငံ သုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံ သုတေသနအဖွဲ့မှ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List