Tuesday, August 27, 2013

ယခုနှစ် ဇူလိုင်လကုန်အထိ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင် ၆၂ ဦးအား ငွေကျပ်၁ဝဘီလီယံ ထုတ်ချေးထား

Tuesday, August 27, 2013
နိုင်ငံတော်သမ္မတ၏အစီအစဉ်ဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား အထောက်အကူပြုနိုင်ရန်အ တွက် လုပ်ငန်းရှင် ၆၂ ဦးအားSMEs Loan အနေဖြင့် ငွေကျပ် ၁၀ ဘီလီယံအား ထုတ်ချေးထား ပြီဖြစ်ကြောင်း အသေးစား အ လတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာနမှ သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏အစည်းအဝေးအမှတ် ၂၈/ ၂၀၁၂ အရ အသေးစားနှင့်အလတ်စားနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှတစ်ဆင့် အဆိုပါချေးငွေအား နှစ်ကြိမ်ခွဲ၍ ထုတ်ချေးပေး ခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။
အသေးစားနှင့်အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်က ''နိုင်ငံတော်အစိုးရ က ငွေကျပ် ၅ဘီလီယံကို ၂၀၁၂ ခုနှစ် အောက်တိုဘာမှာ လုပ်ငန်း ရှင် ၂၅ဦး စချေးပေးခဲ့တယ်။ အခု ၂၀၁၃ခုနှစ်အတွက် လုပ်ငန်းရှင် နောက်ထပ် ၃ရ ဦးအား ၅ဘီ လီယံကို တစ်နှစ်အတိုးနှုန်း ၈ ဒသမ ၅ရာခိုင်နှုန်းကို ပြန်ဆပ် ကာလသုံးနှစ်ထားပြီး ချေးပေးခဲ့ တာပါ''ဟုဆိုသည်။ယင်းက ဆက်လက်ပြောဆို ရာတွင် ၂၀၁၃ခုနှစ် ဇူလိုင်လကုန် အထိ မြေ(စက်မှုဇုန်)အတွက် လာရောက်တွေ့ဆုံသည့်လုပ်ငန်းရှင် ၃၅ဦးအားမြေယာနှင့်ပတ်သက်သောအကူအညီများ၊ ငွေကြေးဆိုင်ရာ အကူအညီအနေဖြင့် ၄၅၂ ဦး၊ နည်းပညာပိုင်းဆိုင်ရာအကူ အညီတောင်းခံသူ ၁၀၁ဦး၊ စက် ပစ္စည်း ကိရိယာများတင်သွင်းခြင်း အတွက် လုပ်ငန်းရှင် ၆၄ဦး၊ လုပ် ငန်းအကြံဉာဏ်ကို လာရောက် တောင်းခံသူ ၂၆ဦး၊ မှတ်ပုံတင် ခြင်းကိစ္စများအတွက် လာရောက် အကူအညီတောင်းခံသူ ၈၅ဦးတို့ အား အကူအညီ များပေးထား ကြောင်း ပြောဆိုသွားသည်။
ယင်းနှင့်ပတ်သက်၍ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ''လက်ရှိ ကူညီနေတာတွေအပြင် တခြား နိုင်ငံက ပညာရှင်အဖွဲ့တွေရဲ့ အ ကူအညီတွေရဖို့အတွက်လဲ လုပ် ဆောင်ပြီး ကူညီပေးရမယ်။ ဒီလို အကူအ ညီတွေပေးနိုင်အောင်လဲ တစ်နိုင်ငံလုံးမှာရှိနေတှဲ့နျြ အရေအတွက်ကို အရင်သိအောင် ဗဟိုဌာနက လုပ်ပေးရမယ်။ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့သိဖို့ဆို ရင် လုပ်ငန်းတွေရှိတဲ့နေရာ အ ရောက်သွားပြီး မှတ်ပုံတင်တာတွေ ကို လုပ်ပေးရမယ်။ ရုံးမှာနေပြီး စာရွက်တွေ သီအိုရီတွေနဲ့ အချိန် ကုန်တာမဟုတ်ဘဲ လက်တွေ့အ သုံးချနိုင်တဲ့ပုံစံမျိုး အသက်ဝင်မှ လုပ်ငန်းရှင်တွေရဲ့အားကိုးမှုကို ရနိုင်မယ်''ဟုဆိုသည်။
ယင်းက ဆက်လက်ပြောဆို ရာတွင် အဆိုပါငွေချေးမှုအား ပြုလုပ်ရာတွင် ဘဏ်အပိုင်းနှင့် တာဝန်ယူမှု အပိုင်းတွင် တိကျစွာ ဆောင်ရွက်သွားရန်နှင့် ငွေကြေး ဆိုင်ရာအဖွဲ့အစည်းများအား သီး ခြားဖွဲ့စည်း လုပ်ဆောင်ရန်သာ မက ဗဟိုဌာနပိုင်းတွင်ရှိနေသည့် ရုံးအဖွဲ့ဝင်များအား ယင်းတို့၏ ကျွမ်းကျင်မှုအလိုက် တာဝန်ခွဲပေး ခြင်းဖြင့ှ်နျြ လုပ်ငန်းများအား ကူညီရာတွင် ပိုမိုကောင်းမွန်နိုင် မည်ဟု ဖြည့်စွက်ပြော သွားသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အကြီးစားစက်မှုလုပ်ငန်းပေါင်း ၅၁၃၁ခု၊ အလတ်စား လုပ်ငန်းပေါင်း ၇၆၄၈ခု၊ လုပ်ငန်းငယ်ပေါင်း ၃၀၅၁၄ခုအထိရှိနေသည်။ ယင်းလုပ်ငန်းများအတွက် ဂျာမနီနိုင်ငံ၊ နယ်သာလန် နိုင်ငံ၊ ဂျပန်နိုင်ငံမှပညာရှင်များမှနည်းပညာနှင့် စက်ပစ္စည်းအကူအညီ များရရှိအောင်ဆောင် ရွက်ပေးနေသည့်အပြင် နိုင်ငံတကာပြပွဲများနှင့်သင်တန်းများအားစေလွှတ်ခြင်းဖြင့် လုပ်ငန်းများတိုးတက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
Yangon Media Group

No comments:

Post a Comment

My Blog List