Friday, August 30, 2013

ခရီးသည်တင်ယာဉ် ၀န်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုတောင်းမှု အများဆုံးဖြစ်

Friday, August 30, 2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင်ကြားမှု တွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုမိုတောင်းခံသည့် အမှုဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မထသ (ဗဟို) ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ ခရီးသွား ယာဉ်လိုင်းများ၏ ၀န်ဆောင် မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၂၇ ရက်အထိ တိုင်တန်းမှုပေါင်း ၁၆၁ မှု ရှိခဲ့ကြောင်း သိရသည်။ မထသ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ''ကျွန်တော်တို့ဆီကို ဒီနှစ်ထဲ မှာ ပြည်သူတွေက စာနဲ့တိုင်တာ၊ လူကိုယ်တိုင် လာရောက်တိုင်တာ၊ ဖုန်းနဲ့တိုင်တာတွေ စုစုပေါင်း ၁၆၀ ကျော်ရှိတယ်။ အဲဒီအထဲမှာ သတ်မှတ် ယာဉ်ကြောလမ်း မဟုတ်ဘဲ မောင်းတာတွေ၊ မှတ်တိုင် မဟုတ်ဘဲ ရပ်တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေလည်း ပါဝင်တယ်။ အများစုတိုင်ကြားတဲ့ အကြောင်းအရာကတော့ ယာဉ်စီးခ ပိုတောင်းတာနဲ့ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေ ကိုဆက်ဆံမှုမပြေပြစ်တာတွေဘဲဖြစ်ပါတယ်။ဒါတွေကိုကျွန်တော်တို့စစ်ဆေးအရေးယူပြီး ဖြစ်ပါတယ်။ ပြစ်မှုပေါ် မူတည်ပြီးတော့ ဒဏ်ငွေမှ ယာဉ်လိုက်ခွင့် တစ်လအထိ ပိတ်ပြီး အရေးယူ ထားပါတယ်။ အရေးယူပြီး ရင်လည်း တိုင်ကြားထားတဲ့ ပြည်သူတွေကို ပြန်ပြီး အကြောင်း ကြားပါတယ်'' ဟု သြဂုတ် ၂၈ ရက် ညနေ ပိုင်းက ပြောကြားသည်။ယင်းကဲ့သို့ ပြည်သူများမှ တိုင်တန်းမှုကို စစ်ဆေး အရေးယူရန်အတွက် မထသ(ဗဟို)တွင် သက်ဆိုင်ရာ ဌာနအလိုက် ကော်မတီများ ဖွဲ့စည်းထားကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment

My Blog List