Tuesday, August 27, 2013
ဩဂုတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲ ပဲခူးမြို့နယ် ဘုရားကြီးမြို့အဝင်
ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၅၉/၇-၆၀/၀ အကြား၌
မော်တော်ယာဉ်တစ်စီး တိမ်းမှောက် ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ဘုရားကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်
ထင်အောင်၊ ဘုရားကြီး ရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ်ကျော်နိုင်ဦး တို့
သွားရောက်စစ်ဆေးရာ ပဲခူးဘက်မှ ညောင်လေး ပင်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)
မောင်းနှင် လာသော ရန်ကုန် -ညောင်လေး ပ င် အမှတ်(၅)လိုင်းမှ ယာဉ်အမှတ်
၈က/.....ဟိုင်းလပ်အပြာရောင် ခရီးသည်တင် ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ
တိမ်းမှောက်နေသည်ကို တွေ့ရသည်။
ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ်
ပါခရီးသည် ငါးဦးအနက် မခိုင် (၂၀)နှစ် ဝမ်းဘဲ အင်းကျေးရွာ
ပဲခူးမြို့နယ်နေသူတစ်ဦးတည်းသာ ဦးခေါင်းညာဘက်ပေါက်ပြဲ၊ ပွန်းပဲ့ ဒဏ်ရာ
ရရှိကာ ပဲခူးဆေးရုံကြီးသို့ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ ခဲ့ရသည်။
အဆိုပါဖြစ် စဉ်နှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား
အရေး ယူပေး ပါ ရန် ယာဉ်ထိန်းရဲအုပ်ထင်အောင်က တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ
ဘုရား ကြီးမြို့ရဲစခန်း က ဆက်လက်စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း သိရသည်။
(ဘုရားကြီးသား)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
8 months ago
No comments:
Post a Comment