Wednesday, August 28, 2013

ပညာရေးမှာသန်း၂၀ ပိုပေးမယ်လို့ အစိုးရပြော

Wednesday, August 28, 2013
သြစတြေးလျနိုင်ငံရဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဝန်ကြီးချုပ်ကယ်ဗင်ရဒ်က ပညာရေးပေါ်လစီ ကိုကြေညာခဲ့ပြီးအတိုက်အခံပါတီကတော့သားဖွားမိခင်တွေအလုပ်နားချိန်အတွင်းပေးမယ့် ထောက်ပံ့ ကြေးပေါ် လစီရဲ့ အသေးစိတ်ကို ကြေညာမှာ ဖြစ်ပါတယ်။
ကွင်းစလန်းပြည်နယ် Brisbane မြို့မှာ မဲဆွယ်နေတဲ့ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်က ဆောက်လုပ်ရေး လုပ်သားတွေ၊ ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံပြီး သူအနေနဲ့ ထပ်မံ ရွေးကောက် ခံရမယ်ဆိုရင် စာသင်ကျောင်းတွေမှာ အင်တာနက် ပိုမို မြန်ဆန်စေမယ့် ကွန်ယက်ကို တပ်ဆင်ပေးမှာဖြစ်ပြီး အဲဒီအတွက် ဒေါ်လာ သန်း ၂၀ ကုန်ကြခံမယ်လို့ ပြောပါတယ်။ အဲဒါ့အပြင် အတိုက်အခံ ညွန့်ပေါင်းပါတီရဲ့ ပေါ်လစီကို ဝေဖန်လိုက်ပြီး အတိုက်အခံပါတီသာ အာဏာရ မယ်ဆိုရင် နိုင်ငံတော်ဘတ်ဂျက်မှာ ဒေါ်လာ ဘီလီယံ ၇၀ လိုငွေ ပြသနိုင်တယ်လို့ ထိုးနှက်ပြောဆိုလိုက် ပါတယ်။အတိုက်အခံပါတီရဲ့ ပေါ်လစီတစ်ခုအရ သားဖွားမိခင်တွေ အလုပ်ကနေ အနားယူရချိန် အတွင်း ငွေကြေးထောက်ပံ့မှုလုပ်ပေးမယ်လို့ ပါရှိပြီး အဲဒီပေါ်လစီကို ဘယ်လိုအကောင်အထည် ဖော် လုပ်ဆောင်သွားမယ့် အသေးစိတ်ကို ဒီကနေ့ ကြေညာမှာ ဖြစ်ပါတယ်။
သားဖွားမိခင်တွေကို ထောက်ပံ့ဖို့ ငွေတွေရရှိအောင် စီးပွားရှင်တွေဆီက အခွန်ငွေ ပိုကောက်ခံမှာဖြစ်သလို လက်ရှိပေးနေတဲ့ ထောက်ပံ့ကြေးတွေကိုဖယ်ရှားပြီး ပေါ်လစီသစ်ကုန်ကျငွေနဲ့ ပေါင်းစပ်လိုက်မှာဖြစ်သလို နိုင်ငံတော် အသုံးစရိတ်ကို လျော့ချပြီး လုပ်ဆောင်သွားမယ်လို့ ပြောနိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။

ဒီပေါ်လစီက ဒေါ်လာ ၉.၈ ဘီလီယံ လိုအပ်မှာဖြစ်ပါတယ်။

စီးပွားရှင်တွေဆီက အခွန်ငွေတစ်ခုတည်းတင် ဒေါ်လာ ၄.၄ ဘီလီယံ ရရှိမှာဖြစ်ပြီး တခြားငွေတွေ နဲ့  ပေါင်းလိုက်ရင် လုံလောက်တဲ့ ပမာဏရမယ်လို့ ဆိုပါတယ်။
အစိုးရဖြစ်တဲ့ လေဘာပါတီကတော့ အတိုက်အခံပါတီရဲ့ ပေါ်လစီဟာ တရားမျှတမှု မရှိတဲ့ ပေါ်လစီဖြစ် သလို ကုန်ကျစရိတ်များလွန်းတဲ့အတွက် မတတ်နိုင်တဲ့ ပေါ်လစီဖြစ်တယ်လို့ ထိုးနှက်ပြောဆိုထားပါတယ်။

ABC Radio Australia

No comments:

Post a Comment

My Blog List