Tuesday, August 27, 2013

အမျိုးသမီး ဖူဆယ်အသင်း မန္တလေး ဗထူးကွင်းတွင် လေ့ကျင့်မည်

Tuesday, August 27, 2013
မြန်မာနိုင်ငံတွင် ၄၄ နှစ် အကြာမှ အိမ်ရှင်အဖြစ် ပြန်လည် ကျင်းပခွင့် ရရှိခဲ့သော ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီး ဖူဆယ် ဘောလုံးအသင်း သည် အောက်တိုဘာလမှ စတင်၍ မန္တလေး ဗထူး အားကစားကွင်း တွင် ပြောင်းလဲ လေ့ကျင့်ကြမည် ဖြစ်ကြောင်း မန္တလေး အားကစားနှင့် ကာယပညာ သိပ္ပံမှဒုတိယ ကျောင်းအုပ်ကြီးက ပြောကြားသည်။
မြန်မာ အမျိုးသမီး ဖူဆယ် ဘောလုံးအသင်းသည် ပြီးခဲ့သည့် ၂ နှစ်ကျော်ခန့် မှ စတင်၍ ထိုင်းနိုင်ငံမှ နိုင်ငံခြားသား နည်းပြ ဆရာများနှင့် မြန်မာ နည်းပြ ဆရာများ ပူးပေါင်းကာ ရန်ကုန်မြို့တော်တွင် စခန်းသွင်း လေ့ကျင့်လျက် ရှိကြောင်း အားကစား ဝန်ကြီးဌာန တာဝန်ရှိသူထံမှ သိရသည်။မန္တလေး အားကစားနှင့် ကာယပညာ သိပ္ပံမှ မြန်မာ အမျိုးသမီး ဘောလုံး အသင်းနှင့် ဖူဆယ် ဘောလုံး အသင်းအတွက် အမျိုးသမီး ဘောလုံး ကစားသမား လေးဦးစီ ပို့ထားကြောင်း ဒုတိယ ကျောင်းအုပ်ကြီး က ပြောကြားသည်။

အမျိုးသမီး ဖူဆယ် ဘောလုံး အားကစားပြိုင်ပွဲကို မန္တလေးမြို့တော်တွင် ကျင်းပမည် ဖြစ်ပြီး အဆိုပါပွဲ အတွက် တည်ဆောက်နေသည့် ဘောလုံးကွင်း မှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ကြောင်း ယင်းကွင်း တည်ဆောက်ရေး စီမံကိန်း တာဝန်ရှိသူများထံမှ သိရသည်။

အမျိုးသမီး ဟော်ကီပြိုင်ပွဲ အတွက်လည်း မန္တလေး အားကစားနှင့် ကာယပညာ သိပ္ပံမှ အားကစားသမား လေးဦး စေလွှတ်ထားပေးပြီး လက်ရှိ အရှေ့တောင်အာရှ ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိစေရန်အတွက် ထိုင်းနိုင်ငံတွင် တစ်လ သွားရောက် လေ့ကျင့်လျက် ရှိကြောင်း ဒုတိယ ကျောင်းအုပ်ကြီးက ထပ်မံ ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List