Tuesday, August 27, 2013

လန်ဒန်တွင် အိမ်ရှာနေသည့် တွမ်ခရုစ်

Tuesday, August 27, 2013
Mission Impossilbeစတား ခရုစ်အနေဖြင့် အမေရိကန်တွင် အနေများသော်လည်း ဥရောပတွင် အခြေစိုက် နေအိမ်တစ်လုံး အလိုရှိနေခြင်းကြောင့် ဗြိတိန်တွင် စုံစမ်းမှုများ ပြုလုပ်နေခြင်းဟု ဆိုသည်။
ဟောလီးဝုဒ် ကြယ်ပွင့် တွမ်ခရစ်တစ်ယောက် လန်ဒန်တွင် အိမ်လိုက်ရှာနေကြောင်း သိရှိရသည်။ Mission Impossilbeစတားခရုစ်အနေဖြင့် အမေရိကန်တွင် အနေများသော်လည်း ဥရောပတွင် အခြေစိုက် နေအိမ် တစ်လုံး အလိုရှိနေခြင်းကြောင့် ဗြိတိန်တွင် စုံစမ်းမှုများ ပြုလုပ်နေခြင်းဟု ဆိုသည်။ လတ်တလောတွင် လန်ဒန်မြို့အနီးရှိ နော့တင်ဟေးလ်နှင့် စိန့်ဂျွန်ဝုဒ်တို့ အနီးတဝိုက်တွင် ခရုစ်က အိမ်ရောင်းမည့် အခြေ အနေများကို ဆက်သွယ် လေ့လာနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသက်(၅၁)နှစ်ရှိ ခရုစ် အနေဖြင့် လန်ဒန်တွင် အိမ်ရှာနေခြင်းသည် သမီးဖြစ်သူ ဆူရီခရုစ်နှင့်လည်း ပတ်သက်နေဖွယ် ရှိသည်။ခရုစ်သည် ဇနီးဟောင်းကေတီဟုမ်းလ်နှင့် ကွာရှင်းခဲ့သည့်နောက် ဆူရီသည် မိခင်နှင့်အတူ လိုက်လံ နေထိုင်လျှက် ရှိသည်။ ခရုစ်က သမီးဖြစ်သူကို အလှည့်ကျ အုပ်ထိန်းခွင့် ရနေခိုက် အချိန်များတွင် ဥရောပ၌ သားအဖနှစ်ဦး အေးအေးလူလူ အချိန်ဖြုန်းနိုင်မည့် နေရာမျိုး အလိုရှိနေကြောင်း သိရသည်။ ခရုစ်၏ မိတ်ဆွေ တစ်ဦးက သူက ဥရောပမှာ အိမ်ဝယ်ထားချင်စိတ် ဖြစ်နေတာတော့ ကြာပါပြီ။ (၄)နှစ်လောက်တောင် ရှိရော့မယ်။ ခုတော့ သေချာပေါက် ဖြစ်လာမယ့် သဘောပဲ။ လန်ဒန်ကို သူရွေးချယ်ထားပါတယ်။ နော့တင်ဟေးလ်နဲ့ စိန့်ဂျွန်ဝုဒ် အနီးတဝိုက်ကိုတော့ သူတော်တော် သဘောကျနေ ပုံပဲဟု ပြောကြားခဲ့သည်။
အခြား နီးစပ်သူ တစ်ဦးကလည်းလန်ဒန်မှာ အခြေချရတာ ကျေနပ်စရာ ဖြစ်မယ်လို့ ခရုစ်က ယူဆထားပါ တယ်။ သူက ဆူရီနဲ့လည်း အချိန်ကြာကြာ နေလို့ရမယ်လေ။ သူက ဆူရီအတွက် ထူးထူးခြားခြားတွေ လုပ်ပေးချင်တာပါ။ အမေရိကန်မှာ ဆူရီက တော်တော်လေး အနေကြာနေပြီ။ ဒါပေမဲ့ ဥရောပရဲ့ အတွေ့ အကြုံနဲ့ ယဉ်ကျေးမှုတွေကို ခရုစ်က ဆူရီနဲ့ နီးစပ်ထိတွေ့စေချင်တယ်။ ပြီးတော့ ဆူရီ့အနေနဲ့ အမြင် ကျဉ်းကျဉ်း မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာပြီး ပတ်စ်ပို့တ်ကို ထုတ်သုံးရ မှာတောင် ကြောက် လန့်နေတာမျိုး ခရုစ်က မဖြစ်စေချင်ဘူးဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List