Wednesday, August 28, 2013

တစ်ဖက်နိုင်ငံမှတရားမဝင်လာရောက်စိုက်ပျိုးခြံတည်ဆောက်သူများဖမ်းမိ

Wednesday, August 28, 201
ရှမ်းပြည် နယ်(အရှေ့ပိုင်း) မိုင်းလားမြို့နယ် ပန်မဖိုင်ကျေးရွာနှင့် နမ့်ကွက် ကျေး ရွာကြားရင်ကွဲတောင် တဝိုက်တွင် ရော်ဘာပင်စိုက်ပျိုးပြီး ရော်ဘာ ခြံတည်ဆောက်ရန်ရည်ရွယ်ချက် ဖြင့် လမ်းဖောက်နေသည့် တရားမဝင်ဝင်ရောက်လုပ်ကိုင်နေသူ တရုတ်လူမျိုးနှစ်ဦးနှင့် မြန်မာနိုင်ငံသား ကိုးကန့်တိုင်းရင်းသားတစ်ဦး တို့ ကို ကျိုင်းတုံမြို့မရဲစခန်းက (ပ) ၁၀၁/၂၀၁၃၊ လဝကအက်ဥပဒေ ပုဒ်မ၁၃(၁)/၁၃(၅)(၆)အရ အမှု ဖွင့်အရေးယူထားကြောင်း သိရ သည်။ တရုတ်နိုင်ငံသား တရုတ် လူမျိုးနှစ်ဦးနှင့် မြန်မာနိုင်ငံသား ကိုးကန့်လူမျိုးတစ်ဦးတို့က ရော် ဘာပင်စိုက်ပျိုး ပြီး ရော်ဘာခြံတည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့် လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများအား ဘက်ဟိုး (အလတ်စား) ယာဉ်တစ် စီးဖြင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေကြကြောင်း သတင်းအရ ကျိုင်း တုံမြို့နယ် လဝကရုံးမှ ဒုလဝက မှူး ခင်စိုး၊ မကဖ(၇)မှ ဒုလဝက မှူး စန်းဌေးနှင့် ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဝင်းညွန့် ဦးစီးသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၃ ရက်၊ ညနေ ၅နာရီခန့်က သွား ရောက်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဖူအောမြို့နယ် ကျန်းရီရှဲလျှံကျူကျေးရွာနေ တ ရုတ်လူမျိုး ဝေါင်ထင်ယင် ၄ဝနှစ်၊ တရုတ်နိုင်ငံယူနန်ပြည်နယ် စင်မောင် မြို့နယ် ရှင်ထင်ဆေးကျေးရွာနေ တရုတ်လူမျိုးဝမ်ကွမ်ဟွာ ၂ဝနှစ် နှင့် မိုင်းလားမြို့နယ် ဆီလူးဒေသ ဖင်ပေါက်ဆူတီကျေးရွာနေ မြန်မာနိုင်ငံ သားကိုးကန့်တိုင်းရင်းသားရန်ခိုက်ကျောင်း ၂၂နှစ်တို့ သုံးဦးအား JCM 907B ဘက်ဟိုး (အလတ်စား) အဝါရောင်ယာဉ် တစ်စီး၊ တရုတ်နိုင်ငံလုပ်JCM 907B WAYAN HONDA (အပြာရောင်)ဆိုင် ကယ်တစ်စီး၊ (အစိမ်းရောင်) ထော် လာဂျီယာဉ်တစ်စီး၊ တရုတ်နိုင်ငံ လုပ်ဖုန်းနှစ်လုံးတို့နှင့်အတူ တွေ့ ရှိခဲ့သည်။
ပြည်တွင်းဝင်ရောက်နေထိုင် ခွင့်လက်မှတ်(သို့မဟုတ်) နည်း လမ်းတကျပြည်ဝင်ခွင့်ပြုထား သော နိုင်ငံကူး လက်မှတ်မပါရှိဘဲ တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ လာရောက်လုပ်ကိုင် ခြင်း ပြစ်မှု ကျူးလွန်သူတရုတ် နိုင်ငံသားတရုတ်လူမျိုးဝေါင်ထင် ယင်နှင့် ဝမ်ကွမ်ဟွာ၊ မြန်မာနိုင်ငံ သား ကိုးကန့်လူမျိုး ရန်ခိုက်ကျောင်း အားဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်ပေးပါရန် ကျိုင်းတုံမြို့ နယ်လဝကရုံးမှ တရား လိုပြုလုပ် တိုင်ကြားချက်အရ ကျိုင်းတုံမြို့မ ရဲစခန်းက ပြစ်မှုကျူးလွန်သူသုံးဦး တို့အား ဩဂုတ် ၂၄ရက် ည ရနာရီ ၁ဝမိနစ်ခန့်တွင် အမှုဖွင့်ဖမ်းဆီး တရားစွဲဆို တင်ပို့နိုင်ရေးဆောင် ရွက်လျက် ရှိကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List