Tuesday, August 27, 2013

အကျဉ်းကျခံရသည့် တက္ကသိုလ်ကျောင်းသားသုံးဦး ကျောင်းပြန်တက်ခွင့်ရ

Tuesday, August 27, 2013
ကျောင်းသားအရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျခံခဲ့ရပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို ဦးဆောင်နေသူ ကျောင်းသားသုံးဦး တက္ကသိုလ်ပြန်လည်တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းသားသုံးဦးမှာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာ ဘူမိဗေဒ ကျောင်းသား ကိုဒီငြိမ်း လင်း၊ ကိုရဲမြတ်ဟိန်းနှင့် စီးပွားရေးတက္ကသိုလ်မှာ ကိုဇင်လင်းအောင်တို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခိုင်မြဲက “သူတို့ကို ကျောင်းပြန်တက်ခွင့် ပေး လိုက်တာ ကျောင်းသားရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီးအကာအညီဖြစ်အောင်၊ ကျောင်းပြီးဆုံး အောင် တက်ရောက် ခွင့်ပြုလိုက်တာပါ။ အခုဆိုရင် တက္ကသိုလ်တွေမှာ ကျောင်းသားတွေရဲ့ အရေးပေါ် အခက် အခဲတွေကို အကူအညီဖြေရှင်းပေးမယ့် Student Service Centre တွေရှိနေပါပြီ။ ဒီစင်တာ တွေ ကနေ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အရေးအရာကိစ္စတွေကို ဖြေရှင်းပေးသွားဖို့၊ ဆရာတွေနဲ့ ပူးပေါင်း ပြီး ကူညီပေးဖို့ သူတို့ကိုပြောထားပါတယ်။ ကျောင်းစည်းကမ်းတွေကတော့ တခြားကျောင်း သားတွေနဲ့ အတူ တူပါပဲ” ဟု ဆိုသည်။ ယခုကဲ့သို့ တက်ရောက်ခွင့်ရရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သမ္မတရုံးဝန်ကြီးဌာန (၃) မှ ဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခိုင်မြဲနှင့် စီးပွားရေးတက္က သိုလ် မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာလှကြည်တို့က အဆိုပါကျောင်းသားသုံးဦးအား ခေါ်ယူတွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းပြန်လည်တက်ခွင့်ရခဲ့ခြင်းနှင့်ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ မှ ကျောင်း သားခေါင်းဆောင် ကိုဒီငြိမ်းလင်းက “ကျွန်တော်တို့ ကျောင်းတက်ရင်းနဲ့ပဲ ကျောင်းသားအခွင့် အရေးကို အပြည့် အဝကာကွယ်ပေးမယ့် တက္ကသိုလ်အက်ဥပဒေပေါ်ထွက်လာအောင်၊ ကျောင်းသား တွေရဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေ အဆုံးသတ်သွားအောင်၊ ကျောင်းသားသမဂ္ဂတွေ ပေါ် ထွက်လာအောင် ဆက်ပြီးကြိုးစားသွားမှာပါ။ နောက်ပြီး ကျန်ရှိနေသေးတဲ့ ကျွန်တော်တို့နဲ့ခေတ်ပြိုင် ကျောင်းသားတွေ အတွက်လဲ ကျောင်းပြန်တက်ခွင့်ရအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွာမယ်” ဟု ဆိုသည်။
၂၀၀၇-၂၀၀၈ ခုနှစ်တွင် ကျောင်းသားသမဂ္ဂများ ဦးဆောင်ဖွဲ့စည်းခြင်း၊ ကျောင်းသားအရေးလှုပ်ရှားမှု များကို ဆောင်ရွက်ခဲ့သည့် ကျောင်းသားများအား လေးနှစ်ကြာမျှ အကျဉ်းချခံခဲ့ရသည့် ကျောင်းသား များအနက် သုံးဦးသာ ကျောင်းပြန်လည်တက်ခွင့်ရခဲ့ပြီး တက်ရောက်ခွင့်မရသေးသည့် ကျောင်းသား ၁၅ ဦးခန့် ကျန်ရှိနေသေးကြောင်း သိရသည်။
The Flower News Journal

No comments:

Post a Comment

My Blog List