
ရှေးဦးစွာ နံနက် (၁၀) နာရီ (၁၅) မိနစ် အချိန်တွင် မိတ္ထီလာမြို့၊ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ နံနက် (၁၀) နာရီ (၄၀) မိနစ်အချိန်တွင် ၀မ်းတော်ပြည့်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်ပြီး ကယ်ဆယ်ရေး စခန်း ရှိ ဒေသခံပြည်သူများကို တွေ့ဆုံ အားပေး စကားပြောကြား၍ စားသောက်ဖွယ်ရာ များ ပေးအပ် လှူဒါန်း သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးမှ ၀မ်းတော်ပြည့် ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်အား ဖူးမြော်ကြည်ညို ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းစဉ် ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးသည် နေ့လည် (၁၁) နာရီ (၁၅) မိနစ်အချိန်တွင် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း ကယ်ဆယ်ရေး စခန်း သို့ ရောက်ရှိပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားကာ စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်းသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးမှ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့ ကယ်ဆယ်ရေး စခန်းများရှိ ဒေသ ခံပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းစဉ်
၎င်းနောက် နေ့လည် (၁၂) နာရီအချိန်တွင် ကိုးန၀င်းကျောင်း ပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေး စခန်းသို့ လည်းကောင်း၊ နေ့လည် (၂) နာရီ အချိန်တွင် တေဇာရုံမကျီးကုန်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းသို့ လည်းကောင်း၊ နေ့လည် (၂) နာရီ (၃၀) မိနစ်အချိန်တွင် သမုန်းကုန်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းသို့ လည်းကောင်း ရောက်ရှိပြီး ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကယ်ဆယ်ရေး စခန်းရှိ ဒေသခံပြည်သူ များကို တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်လှူ ဒါန်းသည်။
ဆက်လက်၍ နေ့လည် (၂) နာရီ (၄၅) မိနစ် အချိန်တွင် ပညာရေးကောလိပ် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ဒေသ ခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
၎င်းနောက် နေ့လည် (၃) နာရီ (၁၅) မိနစ်အချိန်တွင် မဏိဇောတိကာရုံ ပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းနှင့် (၃) နာရီ (၄၅) မိနစ်အချိန်တွင် ဥတ္တဇေယျုံကျောင်းတိုက် ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိပြီး ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ဒေသခံပြည်သူ များကို တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ် ရာများ ပေး အပ်လှူဒါန်းသည်။
ထို့နောက် ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင် မိတ္ထီလာခရိုင် အားကစားကွင်းခန်းမ ကယ်ဆယ်ရေး စခန်းနှင့် ညနေ (၄) နာရီ (၄၅) မိနစ်အချိန်တွင် အမှတ် (၃) အခြေခံပညာ အထက် တန်းကျောင်း ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိပြီး နယ်မြေခံ တပ်မတော်နယ် လှည့်ဆေး ကုသရေးအဖွဲ့နှင့် ကျန်းမာရေး ၀န်ကြီးဌာန ဆေးကုသရေး အဖွဲ့တို့မှ ဒေသခံပြည်သူ များအား ဆေးကုသပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်ပေးနေ မှုတို့ကို ကြည့်ရှုအားပေးသည်။ ၎င်းနောက် ဒေသခံပြည်သူ များအား တွေ့ဆုံအားပေး စကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိ သည်။
မင်းနန္ဒကျော်
တော်ဝင်မီဒီယာ
No comments:
Post a Comment