Friday, March 29, 2013

ရန်ပုံငွေ ရှာဖွေရေး ညစာ စားပွဲ တစ်ခုတွင် တေးသီချင်း သီဆို၍ ရန်ပုံငွေ ရှာဖွေ ပေးခဲ့သည့် ဂျက်ကီချန်း

Photo: ရန်ပုံငွေ ရှာဖွေရေး ညစာ စားပွဲ တစ်ခုတွင် တေးသီချင်း သီဆို၍ ရန်ပုံငွေ ရှာဖွေ ပေးခဲ့သည့် ဂျက်ကီချန်း

မတ်လ ၂၈ ရက်၊ ၂၀၁၃  

M Chong Hwa ၏ ရန်ပုံငွေ ရှာဖွေရေး ဖျော်ဖြေပွဲနှင့် ညစာ စားပွဲတွင် ရစ်ချက် မေလ်လီ၏  လက်ပတ် နာရီ နှစ်လုံးနှင့် ပန်းချီကား တစ်ခု ကို လေ လံတင် ရောင်းချ ခဲ့ရာမလေးရှား ရင်းဂစ် သုံးသန်း (စင်ကာပူ ဒေါ်လာ ၁ဒသမ၂ သန်း) ရရှိ ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေး ပွဲတွင် ဟောင်ကောင် စူပါ စတား မင်းသား ဂျက်ကီချန်း ကိုယ်တိုင် ပါဝင် ခဲ့သဖြင့်  အလွန် အံ့အား သင့်ဖွယ် ကောင်းကြောင်း သိရသည်။ လေလံတင် ပစ္စည်း တစ်ခု စီ၏ တန်ဖိုးသည် ရင်းဂစ် တစ်သန်း စီဖြစ်ပြီး ထိုနေ့က ရောင်းချ ရသည့် ပစ္စည်းများ အားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ၁၃ ဒသမ ၅သန်းဖြစ်သည်။
အဆိုပါ အခမ်း အနားသို့ တရုတ် ကုန်သည် ကြီးများ အသင်း ဥက္ကဋ္ဌ တန်စရီ ဝီလျံချန်း၊ ဟွာလျန်း အဖွဲ့ အစည်း၏ ဥက္ကဋ္ဌ တန်ဆရီ တာကင်းယန်းနှင့် .ကျောင်း အဖွဲ့ အစည်းမှ ဥက္ကဋ္ဌ တန်ဆရီ ဖန်ယင်ဟွာတို့ တက်ရောက် ခဲ့သည်။ ၎င်း အကြီး အကဲ များသည် ဂျက်ကီချန်းအား တရုတ် သီချင်း နှစ်ပုဒ် သီဆို ပေးရန် ပွဲတောင်း၍ ရန်ပုံငွေ အဖြစ် ၁ ဒသမ၅ သန်း လှူဒါန်း ခဲ့သည်။မတ် ၂၄ ရက် ညပိုင်းက Dural Makur ခန်းမ၌ ကျင်းပသော အဆိုပါ ရန်ပုံငွေ အခမ်း အနားသို့ ဂျက်ကီချန်း ရောက်ရှိ လာသော အခါ    ပရိသတ် ၁ဝဝဝဝ ခန့်က သောင်းသောင်း ဖြဖြ ကြိုဆို ခဲ့ကြသည်။ ဂျက်ကီချန်းသည် ယင်း အခမ်း အနား၌ အဖြူရောင် တီရှပ်ကို ဝတ်ဆင် ခဲ့ပြီး တောက် ပသော အပြုံး၊ နှိမ့်ချမှု ရှိသော ကိုယ်နှုတ် အမူ အရာဖြင့် ပရိသတ် များကို နှုတ်ဆက် ခဲ့ရာ ပရိသတ် များက ၎င်းတို့၏ လက်များကို ဝှေ့ယမ်း၍ ဂျက်ကီချန်း ၏ ဖျော်ဖြေ မှုကို အားပေး ခဲ့ကြကြောင်း သိရ သည်။
(အင်တာနက်)M Chong Hwa ၏ ရန်ပုံငွေ ရှာဖွေရေး ဖျော်ဖြေပွဲနှင့် ညစာ စားပွဲတွင် ရစ်ချက် မေလ်လီ၏ လက်ပတ် နာရီ နှစ်လုံးနှင့် ပန်းချီကား တစ်ခု ကို လေ လံတင် ရောင်းချ ခဲ့ရာမလေးရှား ရင်းဂစ် သုံးသန်း (စင်ကာပူ ဒေါ်လာ ၁ဒသမ၂ သန်း) ရရှိ ခဲ့သည့် ရန်ပုံငွေ ရှာဖွေရေး ပွဲတွင် ဟောင်ကောင် စူပါ စတား မင်းသား ဂျက်ကီချန်း ကိုယ်တိုင် ပါဝင် ခဲ့သဖြင့် အလွန် အံ့အား သင့်ဖွယ် ကောင်းကြောင်း သိရသည်။ လေလံတင် ပစ္စည်း တစ်ခု စီ၏ တန်ဖိုးသည် ရင်းဂစ် တစ်သန်း စီဖြစ်ပြီး ထိုနေ့က ရောင်းချ ရသည့် ပစ္စည်းများ အားလုံး၏ စုစုပေါင်း တန်ဖိုးမှာ ၁၃ ဒသမ ၅သန်းဖြစ်သည်။အဆိုပါ အခမ်း အနားသို့ တရုတ် ကုန်သည် ကြီးများ အသင်း ဥက္ကဋ္ဌ တန်စရီ ဝီလျံချန်း၊ ဟွာလျန်း အဖွဲ့ အစည်း၏ ဥက္ကဋ္ဌ တန်ဆရီ တာကင်းယန်းနှင့် .ကျောင်း အဖွဲ့ အစည်းမှ ဥက္ကဋ္ဌ တန်ဆရီ ဖန်ယင်ဟွာတို့ တက်ရောက် ခဲ့သည်။ ၎င်း အကြီး အကဲ များသည် ဂျက်ကီချန်းအား တရုတ် သီချင်း နှစ်ပုဒ် သီဆို ပေးရန် ပွဲတောင်း၍ ရန်ပုံငွေ အဖြစ် ၁ ဒသမ၅ သန်း လှူဒါန်း ခဲ့သည်။မတ် ၂၄ ရက် ညပိုင်းက Dural Makur ခန်းမ၌ ကျင်းပသော အဆိုပါ ရန်ပုံငွေ အခမ်း အနားသို့ ဂျက်ကီချန်း ရောက်ရှိ လာသော အခါ ပရိသတ် ၁ဝဝဝဝ ခန့်က သောင်းသောင်း ဖြဖြ ကြိုဆို ခဲ့ကြသည်။ ဂျက်ကီချန်းသည် ယင်း အခမ်း အနား၌ အဖြူရောင် တီရှပ်ကို ဝတ်ဆင် ခဲ့ပြီး တောက် ပသော အပြုံး၊ နှိမ့်ချမှု ရှိသော ကိုယ်နှုတ် အမူ အရာဖြင့် ပရိသတ် များကို နှုတ်ဆက် ခဲ့ရာ ပရိသတ် များက ၎င်းတို့၏ လက်များကို ဝှေ့ယမ်း၍ ဂျက်ကီချန်း ၏ ဖျော်ဖြေ မှုကို အားပေး ခဲ့ကြကြောင်း သိရ သည်။
(အင်တာနက်)

No comments:

Post a Comment

My Blog List