Thursday, April 04, 2013

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ တရုတ်နိုင်ငံသို့ လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထား

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့ ဧပြီလအတွင်း တရားဝင်ခရီး လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထားကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီမှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်း၊ အကြောင်းကြား စာတွင် ဧပြီလ ၂၀ ရက်ဟု ပါရှိသော်လည်း အဆိုပါ ရက်စွဲသည် အတည်မဖြစ်သေးဟု သိရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်အာဏာရ ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံရေး ပါတီအချို့အား တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားထားမှုများ ရှိကြောင်း၊ သို့သော် ယခုအချိန်ထိ တရားဝင် ဖိတ်ကြားမှုမျိုး မရှိသေးကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧပြီ ၃ ရက်နေ့က ပြောပါသည်။
မတ်လ ဒုတိယပတ်အတွင်းက အဆိုပါ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တရုတ်နိုင်ငံသို့ တရားဝင် လာရောက်ရန် တရုတ်နိုင်ငံ အစိုးရက ဖိတ်ကြားလိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေသည် အင်အားစုများစွာနှင့် ရောနှောပတ်သက်နေကြောင်း၊ ယင်းအင်အားစု များစွာတို့သည် မည်သည့်အင်အားစုများ ဖြစ်ပါစေ တရုတ်ဆန့်ကျင်ရေး သဘောထားကို မဆုပ်ကိုင်သမျှ ကာလပတ်လုံး တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးသည့် သဘောထားကို ထားရှိသင့်ကြောင်း၊ ဘက်မလိုက်သော ရပ်တည်ချက်ကို ကိုင်စွဲသင့်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပြောဆိုဆက်ဆံမှု ပိုမိုပြုလုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံရေး ပါတီအချို့ အလည်အပတ်ခရီး လာရောက်ရန် တရုတ်အာဏာရ ပါတီမှ ဖိတ်ကြားမှုသည် မြန်မာ-တရုတ် ဆက်ဆံရေးကို တိုးမြှင့်လို၍ ဖြစ်နိုင်ကြောင်း နိုင်ငံရေး ပါတီများ၏ တာဝန်ရှိသူအချို့က သုံးသပ်ပြောကြားသည်။

No comments:

Post a Comment

My Blog List