Monday, April 01, 2013

မိုဘိုင်းဆင်းကတ် ၁ လ ၃ သိန်းခွဲ ရောင်းပေးမည်

Photo: မိုဘိုင်းဆင်းကတ် ၁ လ ၃ သိန်းခွဲ ရောင်းပေးမည်

ဧပြီ ၁ ရက် ၂၀၁၃

အခု ဧပြီလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို တနိုင်ငံလုံးအတိုင်း အတာနဲ့ ၁ လကို ၃ သိန်းခွဲ ရောင်းချပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဒု-၀န်ကြီး ဦးသောင်းတင်က ပြောကြောင်း သမ္မတရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
...
မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချရာမှာ ဂျီအက်စ်အမ် စနစ်အပြင် နဂိုက တပ်ဆင်မှု ရပ်ဆိုင်းထားပြီလို့ ကြေညာထားတဲ့ CDMA 800 မဂ္ဂါဟပ်ဇ် ဖုန်းတွေ ကိုပါ ရောင်းချပေးမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပြည်သူတွေ ၀ယ်နိုင် တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ် ဆိုပေမယ့် ဈေးနှုန်း သတ်မှတ် .ကြေညာ တာတော့ မရှိသေးပါဘူး။

ဖုန်းရောင်းချမှုတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရပိုင်းကပဲ လုပ်ကိုင် သွားမှာဖြစ်ပြီး ပုဂ္ဂလိကတွေကို ရောင်းခိုင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

လာမယ့် ၂၀၁၄ နှစ်လယ်အထိ မြန်မာ့ဆက်သွယ်ရေးကပဲ ဆင်းကဒ်တွေကို အရည်အတွက် အကန့်အသတ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီ အချိန် .ရောက်ရင် အခြား ပုဂ္ဂလိကပိုင်းက ၀င်ရောက် လုပ်ကိုင်နိုင်ပြီဖြစ်တဲ့အတွက် ဆင်းကဒ်တွေကို လိုသလောက်ရောင်းချပေးနိုင်မယ် လို့ ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင်က ရှင်းပြပါတယ်။

DVBအခု ဧပြီလက စပြီး မိုဘိုင်းဖုန်း ဆင်းကတ်တွေကို တနိုင်ငံ လုံးအတိုင်း အတာနဲ့ ၁ လကို ၃ သိန်းခွဲ ရောင်းချပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဒု-၀န်ကြီး ဦးသောင်း တင် က ပြောကြောင်း သမ္မတရုံး ထုတ်ပြန်ချက်အရ သိရပါ တယ်။ မိုဘိုင်းဖုန်း ဆင်းကတ်တွေ ရောင်းချရာမှာ ဂျီအက်စ်အမ် စနစ်အပြင် နဂိုက တပ်ဆင်မှု ရပ်ဆိုင်း ထားပြီလို့ ကြေညာ ထား တဲ့ CDMA 800 မဂ္ဂါဟပ်ဇ် ဖုန်းတွေ ကိုပါ ရောင်းချပေးမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ပြည်သူတွေ ၀ယ်နိုင် တဲ့ ဈေးနှုန်း နဲ့ ရောင်းချပေးမယ် ဆိုပေမယ့် ဈေးနှုန်း သတ်မှတ် .ကြေညာ တာတော့ မရှိသေးပါဘူး။ ဖုန်းရောင်းချမှုတွေကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ အစိုးရပိုင်းကပဲ လုပ်ကိုင် သွားမှာဖြစ်ပြီး ပုဂ္ဂလိကတွေကို ရောင်းခိုင်းဖို့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
လာမယ့် ၂၀၁၄ နှစ်လယ်အထိ မြန်မာ့ဆက်သွယ်ရေးကပဲ ဆင်းကဒ်တွေကို အရည်အတွက် အကန့်အသတ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီ အချိန် .ရောက်ရင် အခြား ပုဂ္ဂလိကပိုင်းက ၀င်ရောက် လုပ်ကိုင်နိုင်ပြီဖြစ်တဲ့အတွက် ဆင်းကဒ်တွေကို လိုသလောက်ရောင်းချပေးနိုင်မယ် လို့ ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင်က ရှင်းပြပါတယ်။

DVB

No comments:

Post a Comment

My Blog List