Monday, April 01, 2013

အသားထဲမှလောက်ထွက်၊ စကောလောက်မှ စောက်မနက်သော ဇာဂနာသို့ အိပ်ဖွင့်ပေးစာ (သို့) ပျက်လုံး


အနုပညာသည်ဆိုတာမိမိတို့တက်မြောက်လာတဲ့ပညာရပ်တွေကို  ရုပ်ရှင်၊ သဘင်၊ ဂီတစသည်ဖြင့် ကျရာ အခန်းကဏ္ဍအသီးသီးမှ အသုံးချပြီး ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်းကို ပျော်ရွှင် ရယ်မော ရလောက်ေ အာ င် ပေးစွမ်းနေကြသူတွေကိုဆိုလိုပါတယ်။ အဲဒီအနုပညာနဲ့ မိသားစုစားဝတ် နေရေးကို တည်ဆောက် ယူနေ ကြတဲ့ ဘ၀သမားတွေဖြစ်ကြပါတယ်။ အဲ့ဒီလိုအနုပညာသည်တွေမှာ လူရွှင်တော်တွေဟာလည်း အရေးပါ အရာရောက်တဲ့အခန်းကဏ္ဍမှာ ပါဝင်ကြပါတယ်။
ခေတ်ကာလပြောင်းလဲမှုနှင့်အတူ လူရွှင်တော်တွေဟာ ခေတ်နဲ့လျော်ညီတဲ့ ပြက်လုံးတွေကို ဦးစားပေးပြီး ပရိသတ်တွေနှစ်သက်လက်ခံလောက်အောင် ရွေးပြီးပြက်ကြရပါတယ်။ ကိုယ်ပြက်လိုက်တဲ့ ပြက်လုံးတွေကို ပရိတ်သတ်ကြိုက်လာတာနဲ့အမျှ ငါပြက်သမျှ အမှန်ချည်းပဲမို့ ပရိတ်သတ်လက်ခံတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ အားနည်းချက်မှန်သမျှကို အထိရောက်အောင်ပြက်လုံးတွေနဲ့ ထောက်ပြရ မယ်ဆို ပြီး သွေး နားထင်ရောက်လာခဲ့တယ်။ ပြက်လုံးဆိုတာ နားထောင်တဲ့ပရိတ်သတ်အားလုံးအတွက် အကျိုးပြုမယ့် မှတ် သားစရာ ဗဟုသုတတွေကို ရယ်စရာနဲ့ရောပြီး ဖျော်ဖြေရတာဖြစ်ပါတယ်။ လူသဘောသဘာဝ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို လူရွှင်တော်တွေရဲ့ အာဝဇ္ဇန်းနဲ့ ပရိတ်သတ်ရယ်မောအောင် ထိုးထွင်းဥာဏ် ထုတ်ထား တဲ့ပြက်လုံးမျိုးတွေမ ထုတ်နိုင်ကြ တော့ဘူး။

လူရွှင်တော်ခေါင်းဆောင်ဆိုတာ ကိုယ့်တာဝန်ယူထားတဲ့ လူရွှင်တော်အဖွဲ့အတွက် စံနမူနာကောင်းဖြစ်ရပါ့ မယ်။ အနုပညာသည် ပီသရပါမယ်။ ကိုယ့်ပြက်လုံးတွေရဲ့ အကျိုးဆက် ကို မျှော်တွေးဆင်ခြင် တက်ရပါ မယ်။ အခုတော့အရည်အသွေးမြှင့်မားတဲ့ ပြက်လုံးတွေမဟုတ်ဘဲ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို အငြိုးအတေးနဲ့ တမင်ရည်ရွယ်ပုတ်ခတ်တဲ့ ပြက်လုံးတွေဖြစ်နေပါတယ်။ ဥပမာတစ်ခုပြောရရင် လက်ရှိနိုင်ငံတော်သမ္မတကို ဟာသလူရွှင်တော် “ မိုးကျော် ” အောက်မေ့လို့ဆိုပြီး ပြက်လိုက်တယ်။ အဲဒီပြက်လုံးသာ သိပ်ရယ် စရာ ကောင်းအောင်ရှာဖွေထားတဲ့ ပြက်လုံးထင်ပါရဲ့၊ နိုင်ငံ့ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်၊ အိမ်ထောင် ဦးစီးတစ်ယောက်ကို နိုင်ငံသားအားလုံးက အရောင်မတင်ပေးရင် ဘယ်သူကလာပြီး အသိအမှတ် ပြုတော့ မလဲ။ နှစ်ပေါင်းများစွာယိုယွင်းနေတဲ့အရာမှန်သမျှကို ချက်ချင်းပြန်ကောင်းအောင် လုပ်ဖို့ နတ်သိကြားလည်း မဖန်တီးနိုင်ပါဘူး။ ကိုယ့်နုင်ငံရဲ့ အကြီးဆုံးပုဂ္ဂိုလ်ကို ဟာဟလုပ်လိုက်တဲ့ လူရွှင်တော်ကရော ခြောက်ပစ်ကင်းတဲ့လူ ဟုတ်ရဲ့လားလို့မေးချင်ပါတယ်။ ဒီတော့ ပြက်လုံးဟာ ဟာသ မဖြစ်တော့ဘဲ ပျက်စီးရာပျက်စီးကြောင်း ရည်ရွှယ်နေတဲ့ပြက်လုံးဖြစ်သွားရတာပါပဲ။ ပြောချင်တဲ့အဓိပ္ပါယ်က လုရွှင်တော် ပီသစွာ အနုပညာအလုပ်အပေါ် လိပ်ပြာသန့်သန့်၊ စေတနာမှန်မှန်နဲ့လုပ်ပါ။ အခြား လူပုဂ္ဂိုလ် အဖွဲ့အစည်း ပျက်စီးရာကြောင်း အချွန်နဲ့မပြီးမှ နင်းတက်တဲ့ စိတ်ဓါတ်ကတော့ အနုပညာသည် မသပီသရာ ရောက်ပါတယ်။ အဲ့ဒီလိုအနုပညာသည်မျိုးကို ပရိတ်သတ်က လက်ခံမှာမဟုတ်သလို တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ လူရွှင်တော်ရဲ့ ပြက်လုံးစကားကြောင့် သမ္မတကြီးကတော့ ဘာမှမဖြစ်သွားပါဘူး။ ဒါပေမဲ့ ပြောတဲ့လူရွှင်တော်ကိုတော့ ယိုသူမရှက်မြင်သူရှက် တဲ့ကိန်းဆိုက်နေလို့ ပြောလိုက်ရတာပါ။
ကိုလူရွှင်တော်ရဲ့ ပြက်လုံးနဲ့ ဆက်စပ်ပြီး စာမေအနုပညာသည်တွေဖြစ်ကြတဲ့သွားလေသူ စာရေး ဆရာကြီး နဲ့ ဆရာမကြီးတွေကို ရှိစေချင်ကြားစေချင်ပါတယ်။ “ ငါတို့ဟောပြောသမျှ၊ ရေးသမျှတွေဟာ တိုင်းပြည် အတွက် အုတ်တစ်ချက်၊ သဲသစ်ပွင့်ပါ။ ပြည်သူ့အကိုယ်စား ပြောပြခြင်းဖြစ်ပါတယ်။ စွန့်လွှတ် အနစ်နာခံတဲ့ စိတ်နဲ့ ပြောရတာပါ” ဆိုတဲ့ စကားလုံးတွေကမှ အမှတ်တယ်သင့်လျော်တဲ့ ဟာသပြက်လုံးလေးတွေ ဖြစ် ထိုက်ပါသေးတယ်။
ဒီတော့ နိုင်ငံတော်အတွက်ကျရာတာဝန်ကိုထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းအသီးသီးဟာ ကိုယ့်စည်း ကိုယ့်ကမ်းနဲ့ ကိုယ့်အလုပ်အပေါ် စိတ်ရင်းအမှန်နဲ့ လုပ်ဖို့လိုပါတယ်။ ဒီနေ့ခေတ်ကာလဟာ ပွင့်လင်းမြင်သာ တဲ့ခေတ်ဖြစ်နေပြီမို့ ကိုယ်ပြောစကား၊ ကိုယ်အလုပ်ဟာ နိုင်ငံနဲ့ လူမျိုး ဒါမှမဟုတ် လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ခုခုကို ပုတ်ခတ်ထိခိုက်အကျိုးယုတ်စေတယ်ဆိုရင် ကိုယ့်အပြစ်ကို ၀န်ခံပြီး ပေးဆပ်ရဲဖို့ လိုပါတယ်။ ဒါကြောင့် ဟာသအနုပညာဝန်ထမ်းများအနေနဲ့  မိမိချစ်သော၊ မိမိအား ထမင်းကျွေးနေသော ပရိတ်သတ် များအတွက် ဟာသပြက်လုံးတွေကို ရွေးချယ်တင်ဆက်သင့်ပြီး ပြက်လုံးကနေ ပျက်လုံးသို့ ဦးတည် ရည်ရွယ်သော ပြက်လုံးများကို ရှောင်ကြဉ်သင့်ပါကြောင်း စေတနာစကားပါးလိုက်ပါသည်။

ဖိုးဝ

No comments:

Post a Comment

My Blog List