Friday, April 05, 2013

မြောက်ကိုရီးယားနယ်စပ်တစ်လျှောက်တရုတ်တပ်အင်အားတိုးချ

 တင်းမာမှု အရှိန်မြင့်မားလာ သည့် ကိုရီးယားကျွန်းဆွယ် အရေး နှင့်ပတ်သက်၍ ရတက်မအေးဖြစ် နေသည့် တရုတ်နိုင်ငံအနေဖြင့်၎င်း၏တပ်အင်အားအချို့ကို မြောက် ကိုရီးယားနယ်စပ်အနီးဖြန့် ကျက်ချထား လိုက်သည်။ဖြန့် ကျက်ချထားသည့်တပ်အင်အားတွင် တိုက်လေယာ သများ အား အသင့် ပြင်ထားခြင်း အမြောက်နှင့်သံချပ် ကာတပ် များလည်းပါဝင်သည်။တရုတ်သည်မြောက်ကိုရီးယား၏အဓိကမဟာမိတ်ဖြစ်ပြီး၊နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးသဘောတူ စာချုပ် လက်မှတ်ရေးထိုး ထား သည်။ ထို့ကြောင့် ကိုရီးယားကျွန်းဆွယ် အတွင်းဖြစ်ပေးလာဖွယ်ရှိသည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက် ၍တရုတ်တပ်မတော်က အဆိုး ဆုံးအခြေအနေကိုမျှော်မှန်းတော့ လိုအပ် သည့်စစ်ပြင်ဆင်မှုများနှင့် ၂၄နာရီ တပ်အသင့်ဖြစ်ရေး သတိ ပေးအမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
အကယ်၍ ကိုရီးယားကျွန်း ဆွယ်တွင် စစ်ဖြစ်ပွားလာ ပါက မြောက်ကိုရီးယားစစ်ဘေးဒုက္ခ သည်များ တရုတ်နိုင်ငံအတွင်း အလုံးအရင်းဖြင့်ဝင်ရောက်မည့် အရေးကိုလည်း တရုတ်ကစိုးရိမ် မကင်းဖြစ်နေသည်။

ကျော်စိန်
TheHotNewsWeekly

No comments:

Post a Comment

My Blog List