Saturday, April 06, 2013

အိန္ဒိယ နိုင်ငံတွင် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာရ

Photo: အိန္ဒိယ နိုင်ငံတွင် ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာရ


အိန္ဒိယနိုင်ငံ အနောက်ပိုင်း မာဟာရက်ထရာ ပြည်နယ်တွင် ဧပြီ ၄ ရက် ညနေပိုင်းက ဆောက်လုပ်ဆဲ ခုနစ်ထပ် အဆောက်အအုံ တစ်ခု ပြိုကျခဲ့ရာ ဆောက် လုပ်ရေး သမားများ အပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း မတော်တဆ မှုသည် မွမ်ဘိုင်းမြို့ အနီးရှိ သိမ်းမြို့၌ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ ခန့်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း၊ လူ ၂၄ ဦး၏ အလောင်းများ အား ပြန်လည် ဖော်ထုတ် နိုင်ခဲ့သော်လည်း အပျက်အစီး များအကြား ပိတ်မိနေသူများ ရှိနေသေးကြောင်းနှင့် ဒဏ်ရာရရှိခဲ့သူ များအား ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်နေရာသို့ ရဲအရာရှိများနှင့် မီးသတ် တပ်ဖွဲ့များ ရောက်ရှိ လာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြကာ အဆောက်အအုံ ပြိုကျမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သိရသည်။

 
http://www.myawady.net.mm/allnews/global/item/10951-2013-04-06-08-41-21အိန္ဒိယနိုင်ငံ အနောက်ပိုင်း မာဟာရက်ထရာ ပြည်နယ်တွင် ဧပြီ ၄ ရက် ညနေပိုင်းက ဆောက်လုပ်ဆဲ ခုနစ်ထပ် အဆောက်အအုံ တစ်ခု ပြိုကျခဲ့ရာ ဆောက် လုပ်ရေး သမားများ အပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံး၍ ၆ဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိ တစ်ဦး က ပြောကြားခဲ့သည်။ယင်း မတော်တဆ မှုသည် မွမ်ဘိုင်းမြို့ အနီးရှိ သိမ်းမြို့ ၌ ဒေသ စံတော်ချိန် ညနေ ၆ နာရီခွဲ ခန့်က ဖြစ် ပွား ခဲ့ခြင်း ဖြစ်ကြောင်း၊ လူ ၂၄ ဦး၏ အလောင်းများ အား ပြန် လည် ဖော်ထုတ် နိုင်ခဲ့သော်လည်း အပျက်အစီး များအကြား ပိတ်မိနေသူများ ရှိနေသေးကြောင်းနှင့် ဒဏ်ရာရရှိခဲ့သူ များအား ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်နေရာသို့ ရဲအရာရှိများနှင့် မီးသတ် တပ်ဖွဲ့များ ရောက်ရှိ လာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြကာ အဆောက်အအုံ ပြိုကျမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးလျက် ရှိကြောင်း သိရသည်။


http://www.myawady.net.mm/allnews/global/item/10951-2013-04-06-08-41-21

No comments:

Post a Comment

My Blog List