Saturday, April 06, 2013

အစ္စလာမ်မစ် Long March တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

Photo: အစ္စလာမ်မစ် Long March တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

ဧပြီလ ၆ ရက် ၂၀၁၃ 

ဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏  Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ကော့စ်ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။

သူတို့အား အဆိုပါ ခရီးရှည် ချီတက်ပွဲတွင် ပူးပေါင်း ပါဝင်ရန် လာရောက်စဉ် ကော့စ်ဘဇားခရိုင် အိုးကီးယားနှင့် တက် ကနက် အဝေးပြေးလမ်းပေါ်ရှိ နေရာအများအပြားမှ လွန်ခဲ့သောကြာသပတေး ညနေမှ သောကြာနေ့  နေ့လည်ပိုင်း အတွင်း ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာတွင် ဖေါ်ပြသည်။

အစ္စလာမ်မစ် အဖွဲ့ HIB မှ အချက် (၁၃) ချက်ပါ တောင်းဆိုချက်များကို အစိုးရမှ လိုက်လျော ဆောင်ရွက်ပေးရန် အတွက် ဘင်္ဂလာဒေခ်ျ့ တနိုင်ငံလုံးရှိ မြို့ကြီးများမှ ဒက္ကားမြို့တော်သို့ ချီတက်ရန် အစီအစဉ် တစ်ခုအား ကျေညာပြီးနောက် ထောင်ပေါင်းများစွာသော အဆိုပါ အဖွဲ့ကို ထောက်ခံသူများသည် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြသည်။

အလာတူး ကောစ်ဘဇားခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းးများမှ ထောင်ဂဏန်းချီသော ရိုဟင်ဂျာ များသည်လည်း အဆိုပါ အစီအစဉ်တွင် ပူးပေါင်း ပါ၀၀င်ရန် စခန်းထဲမှ ထွက်လာခဲ့ကြသည်ဟု ဆိုသည်။
The Independent သတင်းစာမှ အိုကီးယားမြို့ ရဲတာဝန်ရှိသူ Gias Uddin Mian ကိုးကားပြီး ဖေါ်ပြရာတွင် အဆိုပါ ဒုက္ခသည်များအား Long March တွင် ပူးပေါင်းပါဝင်ရန် ARNO မှငွေကြေး ထောက်ပံ့ပေးကြောင်း သတင်း ရရှိသည်ဟု ဖေါ်ပြသည်။

HIB ၏ အစီအစဉ်အား ဧပြီလ ၆ ရက်နေ့ နံနက်တွင် စတင်မည် ဖြစ်ရာ ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ အစီအစဉ် မအောင်မြင်ရန် အဟန့်အတားများ ပြုလုပ်နေကြောင်း  သိရသည်။

အဖွဲ့ပေါင်း ၂၅ ဖွဲ့ ပါဝင်သော လွတ်လပ်ရေး လိုလားသော အဖွဲ့များမှ HIB အစီအစဉ် မအောင်မြင်ရန် အတွက်  ၂၄ နာရီကြာ သပိတ်ကို ခေါ်ယူလိုက်သဖြင့်  တစ်နိုင်ငံလုံး ကားအသွားအလာများ ရပ်တန့်သွားခဲ့ပြီး ဒက္ကားမြို့တော်သို့ ချီတက်မည့် HIB အစီအစဉ်များလည်း နှောင့်နှေး ကြန့်ကြာမူများ ဖြစ်ပေါ်ခဲ့သည်။

HIB မှ တောင်းဆိုချက် (၁၃) ချက်တွင် အစ္စလာမ်ဘာသာရေးနှင့် ပတ်သက်သော တောင်းဆိုချက်များ ပါဝင်သည်ဟု သိရသည်။
ယမန်နေ့က အစိုးရ လိုလားသူများနှင့် HIB ကိုထောက်ခံသူများ အကြား ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး သုံးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။

ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀၀ ခန့်  တပ်ဖြန့်ချထားပြီး လုံခြုံရေးကို တင်းကျပ်ထားသည်။


Narinjaraဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏ Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ က ကော့စ် ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။သူတို့အား အဆိုပါ ခရီးရှည် ချီတက်ပွဲတွင် ပူးပေါင်း ပါဝင်ရန် လာရောက်စဉ် ကော့စ်ဘဇားခရိုင် အိုးကီးယားနှင့် တက် ကနက် အဝေးပြေးလမ်းပေါ်ရှိ နေရာအများအပြားမှ လွန်ခဲ့သောကြာသပတေး ညနေမှ သောကြာနေ့ နေ့လည်ပိုင်း အတွင်း ဖမ်းဆီးမိခဲ့သည်ဟု ဘင်္ဂလာရဲတပ်ဖွဲ့ကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာတွင် ဖေါ်ပြသည်။
အစ္စလာမ်မစ် အဖွဲ့ HIB မှ အချက် (၁၃) ချက်ပါ တောင်းဆိုချက်များကို အစိုးရမှ လိုက်လျော ဆောင်ရွက်ပေးရန် အတွက် ဘင်္ဂလာဒေခ်ျ့ တနိုင်ငံလုံးရှိ မြို့ကြီးများမှ ဒက္ကားမြို့တော်သို့ ချီတက်ရန် အစီအစဉ် တစ်ခုအား ကျေညာပြီးနောက် ထောင်ပေါင်းများစွာသော အဆိုပါ အဖွဲ့ကို ထောက်ခံသူများသည် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြသည်။
အလာတူး ကောစ်ဘဇားခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းးများမှ ထောင်ဂဏန်းချီသော ရိုဟင်ဂျာ များသည်လည်း အဆိုပါ အစီအစဉ်တွင် ပူးပေါင်း ပါ၀၀င်ရန် စခန်းထဲမှ ထွက်လာခဲ့ကြသည်ဟု ဆိုသည်။
The Independent သတင်းစာမှ အိုကီးယားမြို့ ရဲတာဝန်ရှိသူ Gias Uddin Mian ကိုးကားပြီး ဖေါ်ပြရာတွင် အဆိုပါ ဒုက္ခသည်များအား Long March တွင် ပူးပေါင်းပါဝင်ရန် ARNO မှငွေကြေး ထောက်ပံ့ပေးကြောင်း သတင်း ရရှိသည်ဟု ဖေါ်ပြသည်။
HIB ၏ အစီအစဉ်အား ဧပြီလ ၆ ရက်နေ့ နံနက်တွင် စတင်မည် ဖြစ်ရာ ဘင်္ဂလာဒေခ်ျ့ အစိုးရမှ အဆိုပါ အစီအစဉ် မအောင်မြင်ရန် အဟန့်အတားများ ပြုလုပ်နေကြောင်း သိရသည်။
အဖွဲ့ပေါင်း ၂၅ ဖွဲ့ ပါဝင်သော လွတ်လပ်ရေး လိုလားသော အဖွဲ့များမှ HIB အစီအစဉ် မအောင်မြင်ရန် အတွက် ၂၄ နာရီကြာ သပိတ်ကို ခေါ်ယူလိုက်သဖြင့် တစ်နိုင်ငံလုံး ကားအသွားအလာများ ရပ်တန့် သွား ခဲ့ပြီး ဒက္ကားမြို့တော်သို့ ချီတက်မည့် HIB အစီအစဉ်များလည်း နှောင့်နှေး ကြန့်ကြာမူ များ ဖြစ်ပေါ် ခဲ့သည်။
HIB မှ တောင်းဆိုချက် (၁၃) ချက်တွင် အစ္စလာမ်ဘာသာရေးနှင့် ပတ်သက်သော တောင်းဆိုချက်များ ပါဝင်သည်ဟု သိရသည်။ယမန်နေ့က အစိုးရ လိုလားသူများနှင့် HIB ကိုထောက်ခံသူများ အကြား ထိပ်တိုက် ရင်ဆိုင်မူ ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး သုံးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သည်။
ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀၀ ခန့် တပ်ဖြန့်ချထားပြီး လုံခြုံရေးကို တင်းကျပ်ထားသည်။


Narinjara

No comments:

Post a Comment

My Blog List