Friday, April 05, 2013

အာဆီယံ တစ်နှစ်တာ အကောင်းဆုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး နည်းပြဆု တို့အား မြန်မာမှ ရရှိ

Photo: အာဆီယံ တစ်နှစ်တာ အကောင်းဆုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး နည်းပြဆု တို့အား မြန်မာမှ ရရှိ
=========================================

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံတစ်နှစ်တာအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၃ ရက် (ယနေ့)က မလေးရှား နိုင်ငံ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး အသင်းနည်းပြ ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။
အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု ရရှိခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် တစ်နှစ်တာ ကာလအတွင်း နိုင်ငံတကာ ပြိုင်ပွဲများအား အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်း ၊ လူငယ် ဘောလုံး လောက ဖွံဖြိုး တိုးတက်ရေး အတွက် အားစိုက် ဆောင်ရွက်ခဲ့ခြင်း ၊ မြန်မာ နေရှင်နယ် လိဂ်အား ပရော်ဖက်ရှင်နယ် စနစ်ပီသစွာ အကောင်ထည် ဖော်ဆောင်ရွက် နေခြင်းနှင့် တန်းဆင်း တန်းတက်စနစ် ကျင့်သုံးမည့် မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲအား ကျင်းပပေး နိုင်ခဲ့ခြင်း ၊ အမျိုးသား ယူ-၂၂ လက်ရွေးစင် အသင်းနှင့် အမျိုးသမီး ယူ-၁၉ အသင်းများအား အာရှ ခြေစစ်ပွဲ အောင်မြင်စေရန် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း ၊ အမျိုးသမီး လက်ရွေးစင် အသင်း အာဆီယံ ချန်ပီယံရှစ်တွင် ဒုတိယ ရရှိစေခြင်း ၊ ဘောလုံးနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ သင်တန်းများအား ဖွင့်လှစ်ပေးခြင်း ၊ ပြည်ပသို့ စေလွှတ် သင်ယူစေခြင်း ၊ ကစားကွင်းနှင့် အခြေခံ အဆောက်အဦများ အသစ် ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင် ပေးနေခြင်း စသည်တို့အပြင် လူမှုရေးဆိုင်ရာ ပရဟိတ လုပ်ငန်းများကိုလည်း အားတက်သရော ပါဝင် ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
တစ်နှစ်တာ အာဆီယံ အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ် ကုမာဒါသည် ပြီးခဲ့သည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်းအား ဒုတိယဆု ရရှိနိုင်ရန် စွမ်းဆောင်ပေး နိုင်ခဲ့သလို အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်လည်း မြန်မာ့ လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းအား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေး နိုင်ခဲ့ခြင်းတို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အလားတူ ရန်ကုန် ယူနိုက်တက် ကွင်းလယ်လူ ကြည်လင်းမှာလည်း အာဆီယံ အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ညာအစွန် ကွင်းလယ်လူ အဖြစ် ရွေးချယ်ခံ ရကြောင်းလည်း တွေ့ရှိရသည်။ အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) မှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးဆုများ

ASEAN Goodwill Award: His Royal Highness Sultan Haji Ahmad Shah
AFF Life Service Award: His Excellency Tengku Tan Sri Dato’ Seri Ahmad
Rithaudeen
AFF Assistant Referee of the Year 2012 (women): Widiya Habibah Shamsuri (Mas)
AFF Assistant Referee of the Year 2012 (men): Tang Yew Mun (Sin)
AFF Referee of the Year 2012 (women): Pannipar Kamnueng (Tha)
AFF Referee of the Year 2012 (men): Abdul Malik Abdul Bashir (Sin)
AFF Youth Player of the Year 2012: Keoviengphet Litideth (Lao)
AFF Futsal Player of the Year 2012: Suphawut Thuenklang (Tha)
AFF Futsal Team of the Year 2012: Thailand
AFF Member Association of the Year 2012: Myanmar Football Federation
AFF National Team of the Year 2012 (women): Vietnam
AFF National Team of the Year 2012 (men): Singapore
AFF Coach of the Year 2012 (women): Kumada Yoshinori (Mya)
AFF Coach of the Year 2012 (men): Avramovic Radojko (Sin)
AFF Player of the Year 2012 (women): Dang Thi Kieu Trinh (Vie)
AFF Player of the Year 2012 (men): Mohammad Shahril Ishak (Sin)
အာဆီယံအကောင်းဆုံး ၁၁ ဦးစာရင်း
Goalkeeper: Kawin Thamsatchanan (Tha)
Rightback: Nguyen Minh Duc (Vie)
Centreback: Baihakki Khaizan (Sin)
Leftback: Panupong Wongsa (Tha)
Leftback: Theerathon Bunmathan (Tha)
Right midfield: Kyi Lin (Mya)
Centre midfield: Safiq Rahim (Mas)
Left midfield: Anucha Kitpongsri (Tha)
Strike: Mohammad Shahril Ishak (Sin)
Striker: Teerasil Dangda (Tha)အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) မှ ပထမဆုံး အကြိမ် ကျင်းပမည့် အာဆီယံတစ်နှစ်တာအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်း အ နားကို ဧပြီ ၃ ရက် (ယနေ့)က မလေးရှား နိုင်ငံ၌ ကျင်းပ ခဲ့ ရာ မြန်မာနိုင်ငံမှ အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အမျိုးသမီး အသင်းနည်းပြ ဆုတို့ကို ဆွတ်ခူးရရှိခဲ့သည်။အာဆီယံ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆု ရရှိခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် တစ်နှစ်တာ ကာလအတွင်း နိုင်ငံတကာ ပြိုင်ပွဲများအား အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်း ၊ လူငယ် ဘောလုံး လောက ဖွံဖြိုး တိုးတက်ရေး အတွက် အားစိုက် ဆောင်ရွက်ခဲ့ခြင်း ၊ မြန်မာ နေရှင်နယ် လိဂ်အား ပရော်ဖက်ရှင်နယ် စနစ်ပီသစွာ အကောင်ထည် ဖော်ဆောင်ရွက် နေခြင်းနှင့် တန်းဆင်း တန်းတက်စနစ် ကျင့်သုံးမည့် မြန်မာ နေရှင်နယ်လိဂ် (၂) ပြိုင်ပွဲအား ကျင်းပပေး နိုင်ခဲ့ခြင်း ၊ အမျိုးသား ယူ-၂၂ လက်ရွေးစင် အသင်းနှင့် အမျိုးသမီး ယူ-၁၉ အသင်းများအား အာရှ ခြေ စစ်ပွဲ အောင်မြင်စေရန် စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း ၊ အမျိုးသမီး လက်ရွေးစင် အသင်း အာဆီယံ ချန်ပီယံ ရှစ်တွင် ဒုတိယ ရရှိစေခြင်း ၊ ဘောလုံးနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ သင်တန်းများအား ဖွင့် လှစ်ပေးခြင်း ၊ ပြည်ပသို့ စေလွှတ် သင်ယူစေခြင်း ၊ ကစားကွင်းနှင့် အခြေခံ အဆောက်အဦများ အ သစ် ဆောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင် ပေးနေခြင်း စသည်တို့အပြင် လူမှုရေးဆိုင်ရာ ပရဟိတ လုပ်ငန်း များကိုလည်း အားတက်သရော ပါဝင် ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။
တစ်နှစ်တာ အာဆီယံ အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု ရရှိခဲ့သည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ် ကုမာဒါသည် ပြီးခဲ့သည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်းအား ဒုတိယဆု ရရှိနိုင်ရန် စွမ်းဆောင်ပေး နိုင်ခဲ့သလို အာရှ ယူ- ၁၉ ခြေ စစ်ပွဲ တွင် လည်း မြန်မာ့ လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းအား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ေ ပး နိုင်ခဲ့ခြင်းတို့ကြောင့် အဆိုပါဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ အလားတူ ရန်ကုန် ယူနိုက်တက် ကွင်းလယ်လူ ကြည်လင်းမှာလည်း အာဆီယံ အကောင်းဆုံး ၁၁ ဦးစာရင်းတွင် ညာအစွန် ကွင်းလယ်လူ အဖြစ် ရွေး ချယ်ခံ ရကြောင်းလည်း တွေ့ရှိရသည်။ အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF) မှ ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံးဆုများ

ASEAN Goodwill Award: His Royal Highness Sultan Haji Ahmad Shah
AFF Life Service Award: His Excellency Tengku Tan Sri Dato’ Seri Ahmad
Rithaudeen
AFF Assistant Referee of the Year 2012 (women): Widiya Habibah Shamsuri (Mas)
AFF Assistant Referee of the Year 2012 (men): Tang Yew Mun (Sin)
AFF Referee of the Year 2012 (women): Pannipar Kamnueng (Tha)
AFF Referee of the Year 2012 (men): Abdul Malik Abdul Bashir (Sin)
AFF Youth Player of the Year 2012: Keoviengphet Litideth (Lao)
AFF Futsal Player of the Year 2012: Suphawut Thuenklang (Tha)
AFF Futsal Team of the Year 2012: Thailand
AFF Member Association of the Year 2012: Myanmar Football Federation
AFF National Team of the Year 2012 (women): Vietnam
AFF National Team of the Year 2012 (men): Singapore
AFF Coach of the Year 2012 (women): Kumada Yoshinori (Mya)
AFF Coach of the Year 2012 (men): Avramovic Radojko (Sin)
AFF Player of the Year 2012 (women): Dang Thi Kieu Trinh (Vie)
AFF Player of the Year 2012 (men): Mohammad Shahril Ishak (Sin)
အာဆီယံအကောင်းဆုံး ၁၁ ဦးစာရင်း
Goalkeeper: Kawin Thamsatchanan (Tha)
Rightback: Nguyen Minh Duc (Vie)
Centreback: Baihakki Khaizan (Sin)
Leftback: Panupong Wongsa (Tha)
Leftback: Theerathon Bunmathan (Tha)
Right midfield: Kyi Lin (Mya)
Centre midfield: Safiq Rahim (Mas)
Left midfield: Anucha Kitpongsri (Tha)
Strike: Mohammad Shahril Ishak (Sin)
Striker: Teerasil Dangda (Tha)

No comments:

Post a Comment

My Blog List