Thursday, April 04, 2013

၂၅ ဒေါ်လာတန်ကွန်ပျူတာ အမေရိကန်နိုင်ငံတွင်စတင်ဖြန့်

Photo: ၂၅ ဒေါ်လာတန်ကွန်ပျူတာ အမေရိကန်နိုင်ငံတွင်စတင်ဖြန့်
Thursday, 04 April 2013 

အမေရိကန်ပြည်ထောင်စုတွင် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ၂၅ ဒေါ်လာတန် Raspberry Pi ကွန်ပျူတာကို ဖြန့်ချိနေပြီဖြစ်ကြောင်း တန်ဖိုးနည်းကွန်ပျူတာ
ထုတ်လုပ်ရေး ဖောင်ဒေးရှင်း (ရက်စ်ဘယ်ရီပိုင်ဖောင်ဒေးရှင်း) က သတင်း
ထုတ်ပြန်ကြေညာသည်။

ယခုဖြန့်ချိသည့် ရက်စ်ဘယ်ရီပိုင် Model A အမျိုးအစား တန်ဖိုးနည်းကွန်ပျူ
တာသည် ယခင်ထုတ်ခဲ့သော ဈေးမြင့်သည့် Model B နှင့် ပရိုဆက်ဆာ အတူတူဖြစ်ပြီး၊ 700MHz ပရိုဆက်ဆာကို အသုံးပြုထားသည်။ Model A ၏ထူးခြားချက်မှာ USB port တစ်ခုပါလာခြင်းဖြစ်သည်။ ဈေးနှုန်းလျှော့
ချနိုင်ခဲ့ခြင်းမှာ Ethernet port မထည့်ထားခြင်းနှင့် RAM ကိုလျှော့
ထားခြင်း ကြောင့်ဖြစ်သည်။

Model A ကို ဥရောပတွင် ဖေဖော်ဝါရီလောက်ကတည်းက ဖြန့်ချိခဲ့ပြီး၊ အာရှတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ဖြန့်ချိခဲ့သည်။

ရက်စ်ဘယ်ရီပိုင် တန်ဖိုးနည်းကွန်ပျူတာကို စတင်ထုတ်လုပ်သူ အီဘန် အပ်တန်က ပထမဦးဆုံး အနေဖြင့် လုံးရေ ၂ဝဝဝဝ ထုတ်မည်ဖြစ်သော်
လည်း ဝယ်လိုအားကို မခန့်မှန်းနိုင်သေးကြောင်း ပြောကြားသည်။

Model B ကို ဘက်ထရီ သို့မဟုတ် နေရောင်ခြည်စွမ်းအင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားသောကြောင့် တန်ဖိုးအနည်းငယ် မြင့်မားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် Model A ကို ၂၅ ဒေါ်လာဖြင့် Allied Electronics တွင်ရရှိနိုင်ပြီဖြစ် ကြောင်း http://techcrunch.com/ တွင်
ဖော်ပြထားသည်။

မောက္ခအမေရိကန်ပြည်ထောင်စုတွင် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ၂၅ ဒေါ်လာတန် Raspberry Pi ကွန်ပျူတာကို ဖြန့်ချိနေပြီဖြစ်ကြောင်း တန်ဖိုးနည်းကွန်ပျူတာ ထုတ်လုပ်ရေး ဖောင်ဒေးရှင်း (ရက်စ်ဘယ်ရီ ပိုင်ဖောင်ဒေးရှင်း) က သတင်းထုတ်ပြန်ကြေညာသည်။
ယခုဖြန့်ချိသည့် ရက်စ်ဘယ်ရီပိုင် Model A အမျိုးအစား တန်ဖိုးနည်း ကွန်ပျူတာသည် ယခင်ထုတ်ခဲ့သော ဈေးမြင့်သည့် Model B နှင့် ပရိုဆက်ဆာ အတူတူဖြစ်ပြီး၊ 700MHz ပရိုဆက်ဆာကို အသုံးပြုထားသည်။ Model A ၏ထူးခြားချက်မှာ USB port တစ်ခုပါလာခြင်းဖြစ်သည်။ ဈေးနှုန်းလျှော့ချနိုင်ခဲ့ခြင်းမှာ Ethernet port မထည့်ထားခြင်းနှင့် RAM ကိုလျှော့ထားခြင်း ကြောင့်ဖြစ်သည်။
Model A ကို ဥရောပတွင် ဖေဖော်ဝါရီလောက်ကတည်းက ဖြန့်ချိခဲ့ပြီး၊ အာရှတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ဖြန့်ချိခဲ့သည်။
ရက်စ်ဘယ်ရီပိုင် တန်ဖိုးနည်းကွန်ပျူတာကို စတင်ထုတ်လုပ်သူ အီဘန် အပ်တန်က ပထမဦးဆုံး အနေဖြင့် လုံးရေ ၂ဝဝဝဝ ထုတ်မည်ဖြစ်သော်လည်း ဝယ်လိုအားကို မခန့်မှန်းနိုင်သေးကြောင်း ပြောကြားသည်။
Model B ကို ဘက်ထရီ သို့မဟုတ် နေရောင်ခြည်စွမ်းအင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားသောကြောင့် တန်ဖိုးအနည်းငယ် မြင့်မားသည်။

အမေရိကန်ပြည်ထောင်စုတွင် Model A ကို ၂၅ ဒေါ်လာဖြင့် Allied Electronics တွင်ရရှိနိုင်ပြီဖြစ် ကြောင်း http://techcrunch.com/ တွင်
ဖော်ပြထားသည်။

မောက္ခ

No comments:

Post a Comment

My Blog List