Friday, April 05, 2013

တ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်

Photo: လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်

လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်၊ ပြည်သူ များနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ဖော်ဆောင် ပေးမည်ဆိုသည့် စေတနာ ကောင်းဖြင့် ကြိုးစား ဆောင်ရွက်လျက်ရှိ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကင်းထောက်လူငယ် လေ့လာရေး အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပြည်သူ့ လွှတ်တော်အစည်း အဝေးခန်းမ၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက  ပြောကြားရာတွင် ယခုကဲ့သို့ လာရောက် လေ့လာသည့် အတွက် ပြည်သူ့ လွှတ်တော် အနေဖြင့် ကြိုဆိုကြောင်း၊ လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ပြည်သူများ၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ဖြစ်နိုင်သ မျှ ဖော်ဆောင် ပေးမည်ဆိုသည့် စေတ နာ ကောင်းဖြင့် ရည်ရွယ်ချက် ထားရှိပြီး ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုထက် ပိုမို တိုးတက်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း မောင်တို့ မယ်တို့ရှေ့တွင် ကတိပေး ပြော ကြား လိုကြောင်း၊ နိုင်ငံ တကာတွင် လွှတ်တော်များ သည် နိုင်ငံများ၏ အသက်ဝိညာဉ် ဖြစ်သကဲ့သို့ နိုင်ငံတော် တည်ဆောက်သည့် နေရာတွင်  လွှတ်တော်များ၏ အခန်းကဏ္ဍသည် အရေးကြီး သည်ဟု ပြောကြားကြကြောင်း၊ ယင်းကိစ္စ သည် မှန်ကန်သည့် ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မောင်တို့ မယ်တို့သည် မိမိ နိုင်ငံအပေါ် ချစ်မြတ်နိုး သစ္စာရှိပြီး နိုင်ငံ့ သားကောင်း များ ဖြစ်ရန် လိုကြောင်းနှင့် စိတ်ထား စေတနာနှင့် လေ့ကျင့်မှုများ ပြုရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းအောင်၊ စည်းကမ်း ကောင်း အောင်၊ အရည်အချင်း ရှိအောင် လေ့ကျင့်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့ အနေဖြင့် နိုင်ငံ့သားကောင်း ဖြစ်အောင်၊ နိုင်ငံ့သမီးကောင်း များဖြစ်အောင် စိတ် ဓာတ် ကောင်းရန်၊ စည်းကမ်း ကောင်းရန်၊ အရည်အချင်း ရှိရန် ကြိုးစား နေရ မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် နေရာတွင် အချိန်ကို လေးစားတန်ဖိုး ထားရန်နှင့် အလုပ်ကို  ကြိုးစားပမ်းစားလုပ်ရန်လည်း လိုကြောင်း၊ ထိုနည်းတူစွာ အချင်းချင်း ဆက်ဆံ ဆောင်ရွက် သည့် နေရာတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ရေးသည် အရေး ကြီးကြောင်း၊ ထို့ကြောင့် အချင်းချင်း တစ်ဦးကို တစ်ဦး လေးစားပြီး မိမိတို့ ဆောင်ရွက်ရမည့် ကိစ္စများကို ညှိနှိုင်း ပေါင်းစပ်ကာ ပူးပေါင်း ဆောင်ရွက်နိုင်မှု အလေ့အကျင့် ကောင်းများကို မွေးမြူရန် လိုကြောင်း၊ လွှမ်းခြုံပြောရမည် ဆိုပါက မောင်တို့ မယ်တို့သည် နိုင်ငံ့သားကောင်း၊ သမီးမွန် များ ဖြစ်ပြီး မိမိတို့ တစ်ဦးချင်း၏ အကျိုးစီးပွား၊ ဒေသ၏ အကျိုးစီးပွား၊ အများ အကျိုး စီးပွားနှင့် နိုင်ငံတော် အကျိုးစီးပွားကို ဖော်ဆောင် နိုင်ရမည် ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ ကင်းထောက် လူငယ်များ သည်လည်း ယခုဆွေးနွေးခဲ့သည့် အကြောင်းအရာ များအပေါ် အခြေခံပြီး ဆောင်ရွက်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်ဟု ခံယူကြောင်းနှင့် အသင်း ကြီး၏ ရည်ရွယ်ချက်ကို အခြေခံပြီး မောင်တို့ မယ်တို့ တစ်ဦးချင်း၊ အဖွဲ့လိုက် အနေဖြင့် ကြိုးစား ဆောင်ရွက်ရင်း အမိနိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သည့် နေရာတွင် တကယ့်သားကောင်း၊ သမီးမွန်များ အဖြစ် ဆက်လက် ဆောင်ရွက် သွားနိုင်ရန် ဆုမွန် ကောင်းတောင်း ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က ကင်းထောက် လူငယ် အတွေ့ အကြုံ နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြပြီး ကင်းထောက် လူငယ်များ အဖွဲ့ကိုယ်စား ဆဋ္ဌမတန်း ကျောင်းသူ မမြစန္ဒီ စောနှင့် အဖွဲ့ခေါင်းဆောင် ဦးတင်ညို တို့က ကျေးဇူးတင် စကား ပြန် လည် ပြောကြားကြကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။

http://bit.ly/17g8VREလွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်း ထားသော အဖွဲ့အစည်း တစ်ခုဖြစ်၊ ပြည်သူ များနှင့် နိုင်ငံတော် ၏ အကျိုးစီးပွား ကို ဖော်ဆောင် ပေးမည် ဆိုသည့် စေတ နာ ကောင်ြး ဖင့် ကြိုးစား ဆောင်ရွက်လျက်ရှိ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကင်းထောက် လူ ငယ် လေ့လာရေး အဖွဲ့အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပြည်သူ့ လွှတ်တော်အစည်း အဝေးခန်းမ၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြောကြားရာတွင် ယခုကဲ့သို့ လာရောက် လေ့လာသည့် အတွက် ပြည်သူ့ လွှတ်တော် အနေဖြင့် ကြိုဆိုကြောင်း၊ လွှတ်တော်သည် ပြည်သူများ၏ ကိုယ်စားလှယ် များနှင့် ဖွဲ့စည်း ထားသော အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ပြည်သူများ၏ အကျိုး စီးပွား၊ နိုင် ငံတော်၏ အကျိုးစီးပွားကို ဖြစ်နိုင်သ မျှ ဖော်ဆောင် ပေးမည်ဆိုသည့် စေတ နာ ကောင်းဖြင့် ရည်ရွယ်ချက် ထားရှိပြီး ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုထက် ပိုမို တိုးတက်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကိုလည်း မောင်တို့ မယ်တို့ရှေ့တွင် ကတိပေး ပြော ကြား လိုကြောင်း၊ နိုင်ငံ တကာတွင် လွှတ်တော်များ သည် နိုင်ငံများ၏ အသက်ဝိညာဉ် ဖြစ်သကဲ့သို့ နိုင်ငံတော် တည်ဆောက်သည့် နေရာတွင် လွှတ်တော် များ၏ အခန်းကဏ္ဍသည် အရေးကြီး သည်ဟု ပြောကြားကြကြောင်း၊ ယင်းကိစ္စ သည် မှန်ကန်သည့် ကိစ္စတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မောင်တို့ မယ်တို့သည် မိမိ နိုင်ငံအပေါ် ချစ်မြတ်နိုး သစ္စာရှိပြီး နိုင်ငံ့ သားကောင်း များ ဖြစ်ရန် လိုကြောင်းနှင့် စိတ်ထား စေတနာနှင့် လေ့ကျင့်မှုများ ပြုရန်လိုကြောင်း၊ စိတ်ဓာတ်ကောင်းအောင်၊ စည်းကမ်း ကောင်း အောင်၊ အရည်အချင်း ရှိအောင် လေ့ကျင့် ရ မည် ဖြ စ်ေ ကြာင်း၊ ထို့ကြောင့် မောင်တို့မယ်တို့ အနေဖြင့် နိုင်ငံ့သားကောင်း ဖြစ်အောင်၊ နိုင်ငံ့သမီးကောင်း များဖြစ်အောင် စိတ် ဓာတ် ကောင်းရန်၊ စည်းကမ်း ကောင်းရန်၊ အရည်အချင်း ရှိရန် ကြိုးစား နေရ မည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့် နေရာတွင် အချိန်ကို လေးစားတန်ဖိုး ထားရန်နှင့် အလုပ်ကို ကြိုးစားပမ်းစားလုပ်ရန်လည်း လိုကြောင်း၊ ထိုနည်းတူစွာ အချင်းချင်း ဆက်ဆံ ဆောင်ရွက် သည့် နေ ရာ တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ရေးသည် အရေး ကြီးကြောင်း၊ ထို့ကြောင့် အချင်းချင်း တစ်ဦးကို တစ်ဦး လေးစားပြီး မိမိတို့ ဆောင်ရွက်ရမည့် ကိစ္စများကို ညှိနှိုင်း ပေါင်း စပ်ကာ ပူးပေါင်း ဆောင်ရွက်နိုင်မှု အလေ့အကျင့် ကောင်းများကို မွေးမြူရန် လိုကြောင်း၊ လွှမ်းခြုံပြောရမည် ဆိုပါက မောင်တို့ မယ်တို့သည် နိုင်ငံ့သားကောင်း၊ သမီးမွန် များ ဖြစ်ပြီး မိမိတို့ တစ်ဦးချင်း၏ အကျိုး စီးပွား၊ ဒေသ၏ အကျိုးစီးပွား၊ အများ အကျိုး စီးပွားနှင့် နိုင်ငံတော် အကျိုး စီးပွား ကို ဖော်ဆောင် နိုင် ရမည် ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ ကင်းထောက် လူငယ်များ သည်လည်း ယခုဆွေးနွေးခဲ့သည့် အကြောင်းအရာ များအပေါ် အခြေခံပြီး ဆောင်ရွက်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်ဟု ခံယူကြောင်းနှင့် အသင်း ကြီး၏ ရည်ရွယ်ချက်ကို အခြေခံပြီး မောင်တို့ မယ်တို့ တစ်ဦးချင်း၊ အဖွဲ့လိုက် အနေဖြင့် ကြိုးစား ဆောင်ရွက်ရင်း အမိနိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် သည့် နေရာ တွင် တကယ့်သားကောင်း၊ သမီးမွန်များ အဖြစ် ဆက်လက် ဆောင်ရွက် သွားနိုင်ရန် ဆုမွန် ကောင်းေ တာင်း ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည် ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့က ကင်းထောက် လူငယ် အတွေ့ အကြုံ နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားကြပြီး ကင်းထောက် လူငယ်များ အဖွဲ့ကိုယ်စား ဆဋ္ဌမ တန်း ကျောင်းသူ မမြစန္ဒီ စောနှင့် အဖွဲ့ခေါင်းဆောင် ဦးတင်ညို တို့က ကျေးဇူးတင် စကား ပြန် လည် ပြော ကြားကြကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ် ခဲ့သည်။

http://bit.ly/17g8VRE

No comments:

Post a Comment

My Blog List