
အဆိုပါ အင်ဂျင်နီယာ တပ်သားများသည် ရထားလမ်းကြော ပိတ်ဆို့မှု များကြောင့် ဧပြီ ၃ ရက်က အသေး စိတ်စစ်ဆေးမှု များ ပြုလုပ်စဉ် အတွင်း ဘူတာရုံနှင့် ရထားစင်္ကြံ လမ်း၏ ၁ ဒသမ ၅ ကီလိုမီတာခန့် အကွာ ၌ ၎င်း ဗုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။အလေးချိန် ၁ဝဝ ကီလိုဂရမ် ရှိသော ၎င်းဗုံးအား ဒုတိယ ကမ္ဘာစစ် အတွင်းက မဟာမိတ် လေယာဉ် တစ်စင်းမှ ကြဲချထား ခဲ့ခြင်း ဖြစ်ပြီး ၎င်းဗုံးသည် ဆိုဗီယက် ခေတ် က ပြုလုပ်ခဲ့သော ဗုံးတစ်လုံးဟု ကျွမ်းကျင် သူ များက ယူဆ ထားကြကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ ဗုံးအား စနက်တံ ဖြုတ်ရာတွင် နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး ဒေသခံ ခရီးသွား များအား ကြိုတင် ကာကွယ်မှု တစ်ရပ် အဖြစ် ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် ချက်ချင်း ညွှန်ကြားခဲ့၍ စင်္ကြံလမ်း တစ်လျှောက် အစောင့် တပ်ဖွဲ့များ ချထားခဲ့ကြောင်း သိရသည်။
http://bit.ly/YWBwb5
No comments:
Post a Comment