Friday, April 05, 2013

အဆုတ်ကင်ဆာမှဦး နှောက်သို့မပျံ့နှံ့အောင် တားဆီးမည့်ကုထုံးသစ်

Photo: အဆုတ်ကင်ဆာမှဦး နှောက်သို့မပျံ့နှံ့အောင် တားဆီးမည့်ကုထုံးသစ်
Friday, April 5, 2013

အဆုတ်ကင်ဆာရောဂါသည် ကင်ဆာရောဂါများအနက် အသေအပျောက်
အများဆုံး ရောဂါတစ်ခုဖြစ်သည်။ သြစတြီးယားနိုင်ငံတွင်နှစ်စဉ် လူ ၄၀၀၀
ခန့် အဆုတ်ကင်ဆာ ဖြစ်ပွားသည်ဟု သိရသည်။ 

အဆုတ် ကင်ဆာရောဂါကြီးမားသည့်ဆိုးကျိုး တစ်ခုမှာဦးနှောက်သို့ ကင်ဆာကျိတ်များကပျံ့နှံ့ခြင်းဖြစ်သည်။

MedUni Vienna တက္ကသိုလ် မှ သုတေသီများက အဆုတ်ကင်ဆာကုသမှု
နည်းသစ်တစ်ခုကို ဖော်ထုတ်ထားသည်။ ALK gene ဟုခေါ်သည့် မျိုးဗီဇများမှာအဆုတ်ကင်ဆာ မှဦးနှောက်သို့ ကင်ဆာပျံ့နှံ့စေသည့် တရားခံများဖြစ်ကြောင်း သုတေသီများကတွေ့ရှိခဲ့ကြသည်။ 

ALK ဗီဇ ပစ္စည်းများ၌အပြောင်းအလဲရှိပါက ကင်ဆာဆဲလ်များအထိန်း
အကွပ်မရှိပွားများပျံ့နှံ့တတ်သည်။သြစတြီး ယားနိုင်ငံကိန်းဂဏန်းများ
အရ ALK ဗီဇကြောင့် အဆုတ်ကင်ဆာမှ ဦးနှောက်သို့ပျံ့နှံ့သူနှစ်စဉ်
(၆၀)ဦး ခန့်ရှိသည်။

“ALK မျိုးဗီဇကို ဦးတည်တဲ့ ကုသမှုတွေသုံးပြီးအဆုတ်ကင်ဆာ ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်”ဟု ဥရောပကင်ဆာသုတေသနအဖွဲ့အစည်း(European Cancer Research Organization) မှ ဒေါက်တာမက်သီးရပ်စ်ပရူစာက ဆိုသည်။

လွန်ခဲ့သည့်နှစ်ကလည်း MedUni Vienna တက္ကသိုလ်က သွေးကင်ဆာ
ရောဂါတစ်မျိုးဖြစ်သည့်ALCL ကို ALK ဗီဇဦးတည် ကုသမှုဖြင့် ကုသ
ရာတွင်အောင်မြင်မှုရရှိခဲ့သဖြင့် ဂျာနယ်ပေါင်းများစွာ တွင်ဖော်ပြခံခဲ့ရသည်။

Source: MNT
Health Updates Journalအဆုတ်ကင်ဆာရောဂါသည် ကင်ဆာရောဂါများအနက် အသေ အပျောက် အများဆုံး ရောဂါတစ်ခုဖြစ်သည်။ သြစတြီးယားနိုင်ငံ တွင်နှစ်စဉ် လူ ၄၀၀၀ ခန့် အဆုတ်ကင်ဆာ ဖြစ်ပွားသည်ဟု သိရသည်။
အဆုတ် ကင်ဆာရောဂါကြီးမားသည့်ဆိုးကျိုး တစ်ခုမှာဦးနှောက်သို့ ကင်ဆာကျိတ်များကပျံ့နှံ့ခြင်းဖြစ်သည်။
MedUni Vienna တက္ကသိုလ် မှ သုတေသီများက အဆုတ်ကင်ဆာ ကုသမှုနည်းသစ်တစ်ခုကို ဖော်ထုတ်ထားသည်။ ALK gene ဟုခေါ်သည့် မျိုးဗီဇများမှာအဆုတ်ကင်ဆာ မှဦးနှောက်သို့ ကင်ဆာပျံ့နှံ့စေသည့် တရားခံများဖြစ်ကြောင်း သုတေသီများကတွေ့ရှိခဲ့ကြသည်။ ALK ဗီဇ ပစ္စည်းများ၌အပြောင်းအလဲရှိပါက ကင်ဆာဆဲလ်များအထိန်း
အကွပ်မရှိပွားများပျံ့နှံ့တတ်သည်။သြစတြီး ယားနိုင်ငံကိန်းဂဏန်းများအရ ALK ဗီဇကြောင့် အဆုတ် ကင်ဆာမှ ဦးနှောက်သို့ပျံ့နှံ့သူနှစ်စဉ်(၆၀)ဦး ခန့်ရှိသည်။

“ALK မျိုးဗီဇကို ဦးတည်တဲ့ ကုသမှုတွေသုံးပြီးအဆုတ်ကင်ဆာ ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်”ဟု ဥရောပကင်ဆာသုတေသနအဖွဲ့အစည်း(European Cancer Research Organization) မှ ဒေါက်တာမက်သီးရပ်စ်ပရူစာက ဆိုသည်။

လွန်ခဲ့သည့်နှစ်ကလည်း MedUni Vienna တက္ကသိုလ်က သွေးကင်ဆာရောဂါတစ်မျိုးဖြစ်သည့်ALCL ကို ALK ဗီဇဦးတည် ကုသမှုဖြင့် ကုသရာတွင်အောင်မြင်မှုရရှိခဲ့သဖြင့် ဂျာနယ်ပေါင်းများစွာ တွင်ဖော်ပြ ခံခဲ့ရ သည်။

Source: MNT
Health Updates Journal

No comments:

Post a Comment

My Blog List